DKBA တံဆိပ်အသုံးပြုပြီး စစ်အုပ်စုတပ်ဖွဲ့များ ဘုရားသုံးဆူသို့ တက်လာ

DKBA တံဆိပ်အသုံးပြုပြီး စစ်အုပ်စုတပ်ဖွဲ့များ ဘုရားသုံးဆူသို့ တက်လာ
Photo: KNU
Photo: KNU

ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်-DKBA ဘက်တံဆိပ်နှင့်ယူနီဖောင်းအသုံးပြု၍ စစ်အုပ်စုတပ်ဖွဲ့များ ကေအဲန်ယူ၊ တပ်မဟာ(၆)နယ်မြေ၊ ဒူးပလာယာခရိုင်၊ ဘုရားသုံးဆူနယ်စပ်မြို့ဘက်သို့ တက်လာကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များက ပြောသည်။

ဇွန်လ(၂၄)ရက်နေ့တွင် ချောင်းနှစ်ခွမှတစ်ဆင့် ကြာအင်းဆိပ်ကြီးသို့ စစ်အုပ်စု အင်အား အယောက် (၃၀၀) ခန့်စစ်ကြောင်းထိုးတက်လာခြင်းဖြစ်ပြီး ထိုအထဲမှ အင်အား (၃၀)ခန့်မှာ DKBA တံဆိပ်နှင့် ယူနီဖောင်းပြောင်းလဲဝတ်ဆင်ကာ မော်တော်ယာဉ်(၁၀)စီးခန့်ဖြင့် ဘုရားသုံးဆူမြို့သို့ ဆက်လက်တက်လာကြောင်း သိရသည်။

အခြေအနေကိုသိရှိသူတစ်ဦးက “အင်အား (၃၀)လောက် ဘက်တံဆိပ်ပြောင်းပြီး ကားသေးနဲ့ သုံးဆူကိုတက်သွားတယ်။ DKBA ဆိုတော့ ဘယ်သူမှမစစ်ဘူး။ ပြီးတော့ ကြာအင်းဆိပ်ကြီးနဲ့ ဘုရားသုံးဆူကြားမှာ KNU ဂိတ်သိပ်မရှိဘူး။ DKBA ဂိတ်တွေပဲရှိတော့ အချင်းချင်းဘယ်သူမှမစစ်ဘူး ပေးသွားလိုက်တာပဲ” ဟု ကေအိုင်စီသို့ ပြောသည်။

DKBA တံဆိပ်သုံး၍ ဘုရားသုံးဆူမြို့သို့ဝင်ရောက်လာသူများတွင် စစ်အုပ်စုတပ်ဖွဲ့ဝင်အပါအဝင် အွန်လိုင်းငွေလိမ်လုပ်ငန်းနှင့်ဆက်စပ်သည့် တရုတ်လူမျိုးအများအပြားလည်း ပါဝင်ပြီး ၎င်းတို့က DKBA ဘက်တံဆိပ်နှင့် ယူနီဖောင်းအပြင် မော်တော်ယာဉ်များအသုံးပြုခြင်းရှိသည်ဟုလည်း ဆိုသည်။

ထိုကိစ္စအပေါ် ဘုရားသုံးဆူမြို့ လုံခြုံရေးအပိုင်းတာဝန်ယူထားသည့် DKBA အမှတ်(၂)စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောအေဝမ်းထံ ကေအိုင်စီဘက်မှ အကြိမ်ကြိမ်ဆယ်သွယ်ခဲ့သော်လည်း လက်ရှိသတင်းရေးသားချိန်အထိ တစ်စုံတစ်ရာပြန်လည်ဖြေကြားခြင်းမရှိသေးပေ။

ပြီးခဲ့သည့်ရက်ပိုင်းက ဘုရားသုံးဆူမြို့ကို ပြန်လည်လွှဲအပ်ပေးရန် DKBAထံ စစ်အုပ်စုဘက်က တောင်းဆိုမှုရှိကြောင်း သတင်းထွက်လာပြီးနောက် ယခုလို စစ်အုပ်စုက DKBA ဘက်တံဆိပ်နှင့်ယူနီဖောင်းအသုံးပြု မြို့ဘက်တက်လာသည်ဟု ပြောဆိုနေကြခြင်းဖြစ်သည်။

ထို့အပြင် ဘုရားသုံးဆူဒေသခံများအကြားတွင်လည်း စစ်အုပ်စုဘက်မှ မြို့ကိုပြန်လည်ရရှိရေးအတွက် နည်းလမ်းမျိုးစုံအသုံးပြုနိုင်သဖြင့် မြို့တွင်းတိုက်ပွဲများဖြစ်လာမည့်အရေး စိုးရိမ်ပူပန်မှုနေကြခြင်းရှိသည်။

ဘုရားသုံးဆူနယ်စပ်မြို့သည် ထိုင်းကုန်စည် အဓိက စီးဆင်းရာ မြို့တစ်မြို့ဖြစ်သကဲ့သို့ ယခုအချိန်တွင် အွန်လိုင်းငွေလိမ်လုပ်ငန်းများဖြင့် နာမည်ကြီးလာသည့် မြို့တစ်မြို့လည်းဖြစ်သည်။

Most read this week

ပုံဟောင်း / MOI
September 17, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်နှင့် မအူပင်မြို့နယ်တို့တွင် ပြီးခဲ့သည့် သြဂုတ်လမှ စတင်ကာ...
September 17, 2026
စစ်အုပ်ချုပ်ရေးယန္တရား ပြန်လည်ထူထောင်ထားသည့် ကရင်ပြည်၊ ကော့ကရိတ်မြို့ပေါ် ရပ်ကွက်များတွင် လူသူ...
ကရင်အမျိုးသားငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ - KNPC ၏ အစည်းအဝေး မြင်ကွင်း။)
September 16, 2026
ကရင်အမျိုးသားတပ်မတော် (KNA)၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) နှင့် KNU/KNLA-PC (...
မြဝတီမြို့နယ်အတွင်း မြင်တွေ့ရသည့် အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းအချို့။ / Credit: Naphat Kongchan
September 16, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ဘက် ဖလူး-ဝေါလေ လမ်းပိုင်းအထက်ဘက်ရှိ အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်...