ထိုးစစ်ရပ်တန့်ရေး ကချင်ပြည်သူများ ထပ်မံ ဆန္ဒထုတ်ဖော်

ထိုးစစ်ရပ်တန့်ရေး ကချင်ပြည်သူများ ထပ်မံ ဆန္ဒထုတ်ဖော်
by -
ကေအဲန်ဂျီ
ကချင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်၏ ထိုးစစ်တိုက်ခိုက်နေမှုများကို ရပ်တန့်ပေးရန် ကချင် ပြည်သူများ  မြစ်ကြီးနားမြို့`၌ စက်တင်ဘာလ ၆ ရက်ကထပ်မံ၍ လမ်းလျှောက် ဆန္ဒပြခဲ့ကြသည်။

မြို့တွင်း လမ်းလျှောက် ဆန္ဒပြပွဲကို အောက်တိုဘာ ၃ တနင်္လာနေ့ က ပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း  ဥပဒေအရ ခွင့်ပြုမိန့် ၅ ရက်ကြို အကြောင်းမကြားခဲ့သောကြောင့် အာဏာပိုင်များမှ တားမြစ်ခဲ့သဖြင့် မနောကွင်း တွင်ပင် ပြုလုပ်ခဲ့ကြသည်။

KNG1001

ထို့ကြောင့် ယနေ့ ခွင့်ပြုမိန့်ဖြင့် ကချင် ပြည်သူ ၂ သောင်းကျော် မနက် ၉ နာရီမှ ၁၁ အထိ မြစ်ကြီးနားမြို့ကိုတပတ်ပတ်ပြီး တပ်မတော်ထိုးစစ်ဆင်နေမှုများ ရပ်တန့်ပေးရေး တောင်းဆိုခဲ့ကြသည်။

ကြွေးကြော်မှုများမှာ “ကချင်ဒေသတွင်း တပ်မတော် ထိုးစစ် ချက်ချင်းရပ်၊ ပဋ္ဋိပက္ခအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများ ချက်ချင်းရပ်၊ စစ်ပြေးရှောင်များအား ကူညီထောက်ပံ့ခြင်းကို တားဆီး နှောက်ယှက်မှုအား ပြင်းထန်စွာ ရှုံ့ချသည်၊ စစ်ဘေးရှောင်စခန်းများအတွင်းတပ်မတော်၏ ဝင်ရောက်စစ်ဆေးမှုများ ရှုံ့ချသည် ၊ အကြီးစားစီမံကိန်းများ ရပ်ဆိုုင်းရေး၊” စသဖြင့် ကြွေးကြော်ခဲ့ကြသည်။

KMG1002

ကချင်လွတ်လပ်ရေးတပ်မတော် KIA ဌာနချုပ်နယ်မြေ ကို စက်တင်ဘာ လ လယ်ခန့်ကစပြီး တပ်မတာ်မှ အပြင်းအထန် ထိုးစစ်ဆင်လာတဲ့တွက် တိုက်ပွဲ ရပ်တန့်ပေးရန် မြစ်ကြီးနား ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့ WMR ဦးဆောင်ပြီး ဒီဆန္ဒပြပွဲကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

လက်ရှိ တရုတ်နယ်စပ် ကချင်စစ်ပြေးဒုက္ခသည်များ၏ စားနပ်ရိက္ခာထောက်ပံ့ရေး ကို တပ်မတော်မှ တားမြစ်နေသည့်အပြင် စက်တင်ဘာ ၁၈ ရက်နေ့ ဆားမှော် ကချင်စစ်ပြေးဒုက္ခသည်စခန်းကိုလည်း တပ်မတော်မှ ဝင်ရောက် စစ်ဆေးမှု များရှိခဲ့သည်။

July 3, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်နှင့် စစ်ကိုင်းတိုင်း ကသာမြို့နယ်အစပ်တွင် ယခုရက်ပိုင်းအတွင်း...
July 2, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ–တပ်ကုန်းအဆက်နားက ဂျပန်တံတားအောက် ရေချောင်းမှာ ညစ်ညမ်းရေတွေ...
July 1, 2026
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ...
June 30, 2026
ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအုပ်စု နမ့်မှော်ကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုမှာ...