စစ်ကောင်စီတပ် ခမ်းပတ်မြို့ပေါ်က ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူနေ

စစ်ကောင်စီတပ် ခမ်းပတ်မြို့ပေါ်က ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူနေ

အိန္ဒိယ - မြန်မာနယ်စပ် ကလေး - တမူးလမ်းမပေါ်က ခမ်းပတ်မြို့နေရာအများစု ထိန်းချုပ်ထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ အရပ်သားပြည်သူ ပစ္စည်းဥစ္စာတွေကို ၁၂ ဘီးကားကြီးတွေနဲ့ အတူ ခိုးယူသယ်ဆောင်နေကြတယ် ဒေသခံတွေကပြောပါတယ်။

"ခမ်းပတ်မြို့အတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေက ၁၂ ဘီးကားကြီးတွေနဲ့အတူ ပြည်သူပိုင် ပစ္စည်းဥစ္စာတွေကို သယ်ယူနေကြတယ်လို့ သိရတယ်။ သူတို့ရဲ့ မျက်နှာမှာ ပျော်ရွှင်ကျေနပ်နေတဲ့ မျက်နှာတွေနဲ့ ပြောတယ်။ အိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်။ ဖျက်ဆီးလို့မပြီးသေးသလို အိမ်တိုင်း၊ ဆိုင်တိုင်းကို ဖောက်ထွင်းဝင်ရောက်ပြီး ရသမျှ ပစ္စည်းတွေကို ယူဆောင်သွားကြတယ်။ ကျောင်းသူကျောင်းသားလေးတွေရဲ့ စာအုပ်၊ ခဲတံတွေကအစ မချန်ဘဲ ယူသွားကြတယ်။"လို့ ဒေသခံတွေက ပြောပါတယ်။

ခမ်းပတ်မြို့နယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ဇွန်လ ၂၄ ရက်နေ့က ပြန်ငြိမ်ခဲ့ပေမယ့် ဒီကနေ့မှာ ပြန်စလာတယ်လို့လည်း သိရပြီး စစ်ကောင်စီတပ်သားတွေ အထိနာနေပေမယ့် စစ်ကျွံနေပြီဖြစ်လို့ တမူးဘက်ကို မရမက စစ်ကြောင်းထိုးလာတယ်လို့လည်း စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဘက်က ဇွန်လ ၂၅ ရက် မနက် ၁၀ နာရီခွဲဝန်းကျင်လောက်ကလည်း ကနန်ကျေးရွာအနီးကို  ဂျက်ဖိုက်တာနဲ့ ဗုံး ၂ လုံးကြဲတိုက်ခိုက်တာတွေလုပ်ခဲ့တယ်လို့လည်း သိရပြီး အရပ်သားထိခိုက်ဒဏ်ရာရ အခြေအနေတော့ မသိရသေးဘူးလို့လည်း ဒေသခံတွေကပြောပါတယ်။

အိန္ဒိယ - မြန်မာနယ်စပ် ကုန်သွယ်ရေးအတွက် အရေးပါတဲ့ ကလေးမြို့မြောက်ပိုင်းက ကလေး - တမူးလမ်းမပေါ်က ခမ်းပတ်မြို့ကို အမျိုးသားညီညွှတ်ရေးအစိုးရ ( NUG) ရဲ့ ဒေသတွင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ လဆန်းလောက်မှာ သိမ်းပိုက်ခဲ့ပြီးနောက် ၃ နှစ်အကြာ ခမ်းပတ်မြို့ရဲ့ နေရာအများစုကို လက်လွှတ်ခဲ့ရတာလည်းဖြစ်ပါတယ်။

ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...
ဓါတ်ပုံ - Crd
August 13, 2026
စစ်တပ်က ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်သည့် ချင်းပြည်၊ ဖလမ်းမြို့ပေါ်သို့...
August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးရာ၌ နာမည်ကြီးသည့်...