Nam Ya (နန့်ယား) ကျေးရွာ တောင်ဘက် နတ်လင်မှော် သွားရာလမ်းမှာ ပစ်ခတ်ခံရခြင်း ဖြစ်ပြီး လက်မောင်း တွင် ၂ ချက် ဝမ်းဗိုက် ၁ ချက် ထိမှန်ခဲ့သည့်အတွက် ဒဏ်ရာ ရခဲ့ကြောင်း ရှမ်းနီအသံ ဂျာနယ် က ဖော်ပြသည်။
ပစ်ခတ်ခဲ့သူ မည်သူမှန်း မသိရသော်လည်း ဒေသခံ ရှမ်းနီများအနေဖြင့် KIA အဖွဲ့ ဖြစ်နိင်ကြောင်း ခန့်မှန်း ပြောဆို နေကြပါသည်။
မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းမိထားသည့် ဦးစိုးထွန်း နှင့်ဇနီး ဒေါ်အေးခင် ကို လွန်ခဲ့သည့် မေလ ၂ ရက်နေ့ ဖားကန့် Sabaw Maw (ဆဘော်မှော်) မှ ကားမိုင်း ပြည်သူ့ရဲစခန်းသို့ အပ်နှံရန် ကချင်ငြိမ်းချမ်းရေး ဆွေးနွေးရေးအကျိုးဆောင်အဖွဲ့ PCG နှင့် ကချင် လူမှု မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အဖွဲ့ PJS တို့ တာဝန်ယူ ခေါ်ဆောင်လာစဉ် Nam Ya (နန့်ယား) ပြည်သူ့စစ်ခေါင်းဆောင် ဦး မျိုးမင်းထွန်း မှ လမ်းတွင် အတင်းအဓမ္မ လုယူခေါ်ဆောင်သွားခဲ့ဖူးသူ ဖြစ်သည်။
ဒေသတွင်း တရားမဝင် မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှုတွင် မြန်မာ စစ်တပ်မှ အကာကွယ် ပြုထားသည့် Nam Ya (နန့်ယား) ရှမ်းနီ ပြည်သူစစ်အဖွဲ့ အဓိက ပါ၀င်ကြောင်း ဒေသခံများ ဆိုပါသည်။







