နန့်ယား ရှမ်းနီ ပြည်သူ့စစ် ခေါင်းဆောင် ပစ်ခတ် ခံရ

နန့်ယား ရှမ်းနီ ပြည်သူ့စစ် ခေါင်းဆောင် ပစ်ခတ် ခံရ
by -
ကေအဲန်ဂျီ
ဖားကန့်မြို့နယ် နန့်ယား ရှမ်းနီ ပြည်သူ့စစ် ခေါင်းဆောင် ဦး မျိုးမင်းထွန်း ကို ယနေ့ ၉ နာရီခွဲခန့်မှာ ဆိုင်ကယ်တစ်စီး နှင့် လူနှစ်ယောက် မှ သေနတ် ဖြင့် ပစ်ခတ်သွား ခဲ့သည်။

Nam ya Samhkyeng Pyithusit ningbaw 2Nam Ya (နန့်ယား) ကျေးရွာ တောင်ဘက် နတ်လင်မှော် သွားရာလမ်းမှာ ပစ်ခတ်ခံရခြင်း ဖြစ်ပြီး လက်မောင်း တွင် ၂ ချက် ဝမ်းဗိုက် ၁ ချက် ထိမှန်ခဲ့သည့်အတွက် ဒဏ်ရာ ရခဲ့ကြောင်း ရှမ်းနီအသံ ဂျာနယ် က ဖော်ပြသည်။

ပစ်ခတ်ခဲ့သူ မည်သူမှန်း မသိရသော်လည်း ဒေသခံ ရှမ်းနီများအနေဖြင့် KIA အဖွဲ့ ဖြစ်နိင်ကြောင်း ခန့်မှန်း ပြောဆို နေကြပါသည်။

မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းမိထားသည့် ဦးစိုးထွန်း နှင့်ဇနီး ဒေါ်အေးခင် ကို လွန်ခဲ့သည့် မေလ ၂ ရက်နေ့ ဖားကန့် Sabaw Maw (ဆဘော်မှော်) မှ ကားမိုင်း ပြည်သူ့ရဲစခန်းသို့ အပ်နှံရန် ကချင်ငြိမ်းချမ်းရေး ဆွေးနွေးရေးအကျိုးဆောင်အဖွဲ့ PCG နှင့် ကချင် လူမှု မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အဖွဲ့ PJS တို့ တာဝန်ယူ ခေါ်ဆောင်လာစဉ် Nam Ya (နန့်ယား) ပြည်သူ့စစ်ခေါင်းဆောင် ဦး မျိုးမင်းထွန်း မှ လမ်းတွင် အတင်းအဓမ္မ လုယူခေါ်ဆောင်သွားခဲ့ဖူးသူ ဖြစ်သည်။

ဒေသတွင်း တရားမဝင် မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှုတွင် မြန်မာ စစ်တပ်မှ အကာကွယ် ပြုထားသည့် Nam Ya (နန့်ယား) ရှမ်းနီ ပြည်သူစစ်အဖွဲ့ အဓိက ပါ၀င်ကြောင်း ဒေသခံများ ဆိုပါသည်။

July 3, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်နှင့် စစ်ကိုင်းတိုင်း ကသာမြို့နယ်အစပ်တွင် ယခုရက်ပိုင်းအတွင်း...
July 2, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ–တပ်ကုန်းအဆက်နားက ဂျပန်တံတားအောက် ရေချောင်းမှာ ညစ်ညမ်းရေတွေ...
July 1, 2026
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ...
June 30, 2026
ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအုပ်စု နမ့်မှော်ကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုမှာ...