KIA စခန်းများ ကို လေကြောင်းမှ တိုက်ခိုက်

KIA စခန်းများ ကို လေကြောင်းမှ တိုက်ခိုက်
by -
ကေအဲန်ဂျီ
ကချင် တိုက်ပွဲ ကြီးလာနေချိန် အစိုးရတပ် မှ ကချင်လွတ်လပ်ရေးတပ်မတော် KIA ဗဟို ဌာနချုပ် နယ်မြေ ၏ လုံခြံုရေးအရ အရေးပါသည့် တပ်စခန်းများကို လေကြောင်း မှ ဂျက်လေယာဉ် နှင့် တိုက်ခိုက်ရေး ရဟတ်ယာဉ် များအသုံးပြုကာ  စက်တင်ဘာ ၂၃ ရက်နေ့ မှာ အပြင်းအထန် တိုက်ခိုက်ခဲ့သည်။

ယနေ့ ဝေဟင် ပစ်ခတ် တိုက်ခိုက်မှုမှာ မြစ်ကြီးနား-ဗန်းမော် ကားလမ်း အရှေ့ဘက် အစိုးရတပ်မတော် နှင့် လွန်ခဲ့သည့် ၂ ပတ်ခန့်မှ နေ့စဉ် တိုက်ပွဲ ဖြစ်ပွားနေသည့် KIA လှုပ်ရှားတပ်ရင်း DND ၂၅၂ Nhkram Bum တောင် နှင့် ၎င်းအနီး KIA တပ်ရင်း ၃ Lai Hpawng Bum တောင် စခန်းတို့တွင် ဖြစ်သည်။

စစ်တပ်မှ လေယာဉ် ၃ စီး အသုံးပြု ပြီး ယနေ့ တိုက်ခိုက်ခဲ့ကြောင်း KIO သတင်းနှင့် ပြန်ကြားရေး ဌာန တာဝန်ရှိသူ ဒုဗိုလ်မှုးကြီး နော်ဘူ က ပြောသည်။

“ညနေ ၃ နာရီခွဲ ၄ နာရီလောက်က Nhkram Bum မှာ fighter ၁ စီး လာတယ်။ ပြီးတော့ တပ်ရင်း ၃ Lai Hpawng Bum မှာလည်း မွန်းလွဲ ၂ နာရီလောက်မှာ jet fighter ၁ စီးနှင့် တိုက်ခိုက်ရေး ရဟတ်ယာဉ် ၁ စီးနှင့် လာပစ်တယ်။ အဲမှာဘဲ ညနေ ၄ နာရီမှာ တစ်ခေါက် ပြန်လာ ပစ်တယ်။”ဟု ၎င်းကဆိုသည်။

 ယနေ့ အစိုးရဘက်မှ လေကြောင်း အကူအညီ အသုံးပြု သည့်အပြင် မြေပြင်တပ်အင်အား အလုံးအရင်းနှင့် လက်နက်ကြီး ၁၂၀ မမ၊ ၁၀၅ မမ၊ ၈၁ မမ တို့ နှင့်ပါ ပစ်ခတ် နေကြောင်း KIA ရှေ့တန်း က ဆိုပါသည်။

လွန်ခဲ့သည့် သြဂုတ် ၂၃ ရက်နေ့ကလည်း Nhkram Bum စခန်းကို အစိုးရတပ်က Mi-35 အမျိုးအစား တိုက်ခိုက်ရေး ရဟတ်ယာဉ် ၂ စီး နှင့် လာရောက် ပစ်ခတ်ခဲ့သည်။

ဒေသခံ တာလောကြီး ရှမ်းနီ ပြည်သူ့စစ်အဖွဲ့ နှင့် လဝါယန် လဆန်အောင်ဝါ ပြည်သူ့စစ်အဖွဲ့ ကိုလည်း ယခုတိုက်ပွဲတွင် ပါဝင်ရန် အစိုးရဘက်မှ တိုက်တွန်းမှုများ ရှိနေသည်ဟု ဒေသခံများ အဆိုအရသိရသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့နယ် KIA တပ်မဟာ ၄ တပ်ရင်း ၁၇ စခန်းများတွင်လည်း အစိုးရဘက်က စစ်အင်အား တိုးချဲ့မှုများ ရှိနေသည်ဟု KIO ဒု ဗိုလ်မှုးကြီး နော်ဘူက ပြောသည်။

ယခုလို အစိုးရတပ်မတော်၏ ကချင် ထိုးစစ်ကြီး ပြင်ဆင် လုပ်ဆောင်မှုကို ခုခံကာကွယ်နိုင်ရန်အတွက် ကချင်ပြည်သူများအနေဖြင့် အထူးဆုတောင်းပေးရန် KIO က စက်တင်ဘာ ၁၉ ရက်တွင် အကြောင်းကြားခဲ့ပါသည်။

January 17, 2026
မြန်မာပြည်သူလူထုတစ်ရပ်လုံးရဲ့ဆန့်ကျင်မှုကြောင့် ဆယ်စုနှစ်တစ်ခုကျော်ရပ်နားထားတဲ့...
January 16, 2026
ဗန်းမော်တိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က စစ်ရှိုန်မြင့်တင်ပြီး တိုက်ပွဲဖော်ဆောင်နေတဲ့...
January 15, 2026
ကချင်ပြည်နယ် တနိုင်းမြို့နယ် ပယင်းမှော်ဒေသ တိုက်ပွဲဖြစ်နေတဲ့ လပူမှော်(Lapu Maw)နဲ့ ဝိုင်လော(Wai...
ပူတာအိုမြို့လေယာဉ်ကွင်းမှာ စစ်တပ် စစ်အင်အားအလုံးအရင်းမြင်တွေ့ရတဲ့မြင်ကွင်းဖြစ်ပါတယ်။ (ပုံဟောင်းအသုံးပြုထားပါတယ်)
January 14, 2026
ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်ဘက်ကို စစ်ကောင်စီတပ်က လေကြောင်း၊ ကုန်းသုံးပြီး...