တရုတ်ရဲ နှင့် KIA ပူပေါင်းပြီး မူးယစ်ဆေး တရားခံ ဖမ်းဆီး

တရုတ်ရဲ နှင့် KIA ပူပေါင်းပြီး မူးယစ်ဆေး တရားခံ ဖမ်းဆီး
by -
ကေအဲန်ဂျီ
တရုတ် ရဲတပ်ဖွဲ့၏ အကူအညီ တောင်းဆိုမှုကြောင့် မူးယစ်ဆေးဝါး ရောင်းဝယ်သူ တရုတ်နိုင်ငံသား ၃ ဦးကို ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ ၆ နှင့် ဒေသခံ ကချင် လူထု မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့ PJS တို့ ပူးပေါင်းပြီး စက်တင်ဘာလ ၁၀ ရက်နေ့ ည တွင် ဖမ်းဆီး ပေးခဲ့သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ပန်ဆိုင်း (ကြူကုတ်) မြို့၊ နမ်ဘာတက်ရွာ ကို ရောက်ရှိလာသည့် မူးယစ်နှင့် ပတ်သက်သူ တရုတ်အမျိုးသမီး ၂ ဦး နှင့် အမျိုးသား ၁ ဦးကို ရာမ စိတ်ကြွရူးသွပ်ဆေးပြား ၂ သိန်းကျော်နှင့် ဘိန်းဖြူ ၁ ကီလို နှင့်အတူ ဖမ်းဆီး ခဲ့ကြောင်း ဒေသခံ တဦး ကချင် သတင်း ဌာန KNG ကို ပြောပါသည်။

၄င်း စိတ်ကြွ ရူးသွပ် ဆေးပြား ၁ ခု လျှင် ကာလ တန်ဖိုး တရုတ်ငွေ ၂၅ ယွမ် (ကျပ် ၄၆၀၀) တန်ဖိုးရှိပြီး ဘိန်းဖြူ ၁ ကီလို စုစုပေါင်း တန်ဖိုးသည် တရုတ်ငွေ ၄၃၀၀၀ ယွမ် ခန့် ( ကျပ် သိန်း ၈၀ ခန့်) ရှိသည်ဟု ဖမ်းဆီး သူများ မှ သိရပါသည်။

ဖမ်းဆီးရမိ ခဲ့သည့် မူးယစ်ဆေးနှင့် တရားခံ ၃ ဦးကို စက်တင်ဘာလ ၁၁ ရက် တနင်္ဂနွေနေ့ တွင် တရုတ် ရဲ များ လက်သို့ အပ်နှံ လိုက်ပြီ ဖြစ်ကြောင်း KIA ဘက်မှ ဆိုပါသည်။

ယခုကဲ့သို့ တရုတ် ပြည်သူ့ သမ္မတနိုင်ငံ ရဲ များနှင့် ရှမ်းမြောက်ဒေသ KIA တပ်ဖွဲ့များ၊ လူထု မူးယစ်ဆေးဝါး တို်က်ဖျက်ရေးအဖွဲ့ PJS တို့ ပူးပေါင်းပြီး မူးယစ် တရားခံ ဖမ်းဆီးမှုသည် ယခင်က မရှိခဲ့ကြောင်း ဒေသခံများ ပြောပါသည်။

January 17, 2026
မြန်မာပြည်သူလူထုတစ်ရပ်လုံးရဲ့ဆန့်ကျင်မှုကြောင့် ဆယ်စုနှစ်တစ်ခုကျော်ရပ်နားထားတဲ့...
January 16, 2026
ဗန်းမော်တိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က စစ်ရှိုန်မြင့်တင်ပြီး တိုက်ပွဲဖော်ဆောင်နေတဲ့...
January 15, 2026
ကချင်ပြည်နယ် တနိုင်းမြို့နယ် ပယင်းမှော်ဒေသ တိုက်ပွဲဖြစ်နေတဲ့ လပူမှော်(Lapu Maw)နဲ့ ဝိုင်လော(Wai...
ပူတာအိုမြို့လေယာဉ်ကွင်းမှာ စစ်တပ် စစ်အင်အားအလုံးအရင်းမြင်တွေ့ရတဲ့မြင်ကွင်းဖြစ်ပါတယ်။ (ပုံဟောင်းအသုံးပြုထားပါတယ်)
January 14, 2026
ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်ဘက်ကို စစ်ကောင်စီတပ်က လေကြောင်း၊ ကုန်းသုံးပြီး...