တရုတ်ရဲ နှင့် KIA ပူပေါင်းပြီး မူးယစ်ဆေး တရားခံ ဖမ်းဆီး

တရုတ်ရဲ နှင့် KIA ပူပေါင်းပြီး မူးယစ်ဆေး တရားခံ ဖမ်းဆီး
by -
ကေအဲန်ဂျီ
တရုတ် ရဲတပ်ဖွဲ့၏ အကူအညီ တောင်းဆိုမှုကြောင့် မူးယစ်ဆေးဝါး ရောင်းဝယ်သူ တရုတ်နိုင်ငံသား ၃ ဦးကို ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ ၆ နှင့် ဒေသခံ ကချင် လူထု မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့ PJS တို့ ပူးပေါင်းပြီး စက်တင်ဘာလ ၁၀ ရက်နေ့ ည တွင် ဖမ်းဆီး ပေးခဲ့သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ပန်ဆိုင်း (ကြူကုတ်) မြို့၊ နမ်ဘာတက်ရွာ ကို ရောက်ရှိလာသည့် မူးယစ်နှင့် ပတ်သက်သူ တရုတ်အမျိုးသမီး ၂ ဦး နှင့် အမျိုးသား ၁ ဦးကို ရာမ စိတ်ကြွရူးသွပ်ဆေးပြား ၂ သိန်းကျော်နှင့် ဘိန်းဖြူ ၁ ကီလို နှင့်အတူ ဖမ်းဆီး ခဲ့ကြောင်း ဒေသခံ တဦး ကချင် သတင်း ဌာန KNG ကို ပြောပါသည်။

၄င်း စိတ်ကြွ ရူးသွပ် ဆေးပြား ၁ ခု လျှင် ကာလ တန်ဖိုး တရုတ်ငွေ ၂၅ ယွမ် (ကျပ် ၄၆၀၀) တန်ဖိုးရှိပြီး ဘိန်းဖြူ ၁ ကီလို စုစုပေါင်း တန်ဖိုးသည် တရုတ်ငွေ ၄၃၀၀၀ ယွမ် ခန့် ( ကျပ် သိန်း ၈၀ ခန့်) ရှိသည်ဟု ဖမ်းဆီး သူများ မှ သိရပါသည်။

ဖမ်းဆီးရမိ ခဲ့သည့် မူးယစ်ဆေးနှင့် တရားခံ ၃ ဦးကို စက်တင်ဘာလ ၁၁ ရက် တနင်္ဂနွေနေ့ တွင် တရုတ် ရဲ များ လက်သို့ အပ်နှံ လိုက်ပြီ ဖြစ်ကြောင်း KIA ဘက်မှ ဆိုပါသည်။

ယခုကဲ့သို့ တရုတ် ပြည်သူ့ သမ္မတနိုင်ငံ ရဲ များနှင့် ရှမ်းမြောက်ဒေသ KIA တပ်ဖွဲ့များ၊ လူထု မူးယစ်ဆေးဝါး တို်က်ဖျက်ရေးအဖွဲ့ PJS တို့ ပူးပေါင်းပြီး မူးယစ် တရားခံ ဖမ်းဆီးမှုသည် ယခင်က မရှိခဲ့ကြောင်း ဒေသခံများ ပြောပါသည်။

April 4, 2026
ဖားကန့်မြို့နယ် မော်ဝမ်းကျေးရွာ စစ်ဗျူဟာကုန်းအနောက်ဘက်ခြမ်းရှိ အင်မားယန်၊ ဆွတ်ဘွမ့်(အမှိုက်ပုံ...
April 3, 2026
တစ်လကျော်ခန့်အကြာ တိုက်ပွဲငြိမ်သက်နေတဲ့ ဖားကန့်ဒေသမှာ ဧပြီလ ၂ ရက်နေ့ကစတင်ပြီး...
April 2, 2026
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသထဲက အိန္ဒိယ–မြန်မာနယ်စပ်...
ကသာမြို့နယ်အတွင်းမြင်တွေ့ရတဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF တပ်ဖွဲ့များ Photo - Crd
April 1, 2026
စစ်ကိုင်းတိုင်းဒေသကြီးက တိုက်ပွဲဖြစ်နေတဲ့ ကသာမြို့မှာ စစ်တပ်က မြို့အလုံးစုံကို...