ရှမ်းပြည်နယ်မြောက်ပိုင်း ပန်ဆိုင်း (ကြူကုတ်) မြို့၊ နမ်ဘာတက်ရွာ ကို ရောက်ရှိလာသည့် မူးယစ်နှင့် ပတ်သက်သူ တရုတ်အမျိုးသမီး ၂ ဦး နှင့် အမျိုးသား ၁ ဦးကို ရာမ စိတ်ကြွရူးသွပ်ဆေးပြား ၂ သိန်းကျော်နှင့် ဘိန်းဖြူ ၁ ကီလို နှင့်အတူ ဖမ်းဆီး ခဲ့ကြောင်း ဒေသခံ တဦး ကချင် သတင်း ဌာန KNG ကို ပြောပါသည်။
၄င်း စိတ်ကြွ ရူးသွပ် ဆေးပြား ၁ ခု လျှင် ကာလ တန်ဖိုး တရုတ်ငွေ ၂၅ ယွမ် (ကျပ် ၄၆၀၀) တန်ဖိုးရှိပြီး ဘိန်းဖြူ ၁ ကီလို စုစုပေါင်း တန်ဖိုးသည် တရုတ်ငွေ ၄၃၀၀၀ ယွမ် ခန့် ( ကျပ် သိန်း ၈၀ ခန့်) ရှိသည်ဟု ဖမ်းဆီး သူများ မှ သိရပါသည်။
ဖမ်းဆီးရမိ ခဲ့သည့် မူးယစ်ဆေးနှင့် တရားခံ ၃ ဦးကို စက်တင်ဘာလ ၁၁ ရက် တနင်္ဂနွေနေ့ တွင် တရုတ် ရဲ များ လက်သို့ အပ်နှံ လိုက်ပြီ ဖြစ်ကြောင်း KIA ဘက်မှ ဆိုပါသည်။
ယခုကဲ့သို့ တရုတ် ပြည်သူ့ သမ္မတနိုင်ငံ ရဲ များနှင့် ရှမ်းမြောက်ဒေသ KIA တပ်ဖွဲ့များ၊ လူထု မူးယစ်ဆေးဝါး တို်က်ဖျက်ရေးအဖွဲ့ PJS တို့ ပူးပေါင်းပြီး မူးယစ် တရားခံ ဖမ်းဆီးမှုသည် ယခင်က မရှိခဲ့ကြောင်း ဒေသခံများ ပြောပါသည်။







