လိီဒိုလမ်းမတွင် အစိုးရတပ်နှင့် KIA တိုက်ပွဲ ပြင်းထန်

လိီဒိုလမ်းမတွင် အစိုးရတပ်နှင့် KIA တိုက်ပွဲ ပြင်းထန်
by -
ကေအဲန်ဂျီ
ကမ္ဘာကျော် ကချင်ပြည်နယ် လီဒိုလမ်းမပေါ် ရှိ ရှထူးဇွပ် (Shahtu Zup) ကျေးရွာအနီး မြန်မာအစိုးရတပ်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် KIA ကြား သြဂုတ် ၁၃၊ ယနေ့ နံနက်ပိုင်း ၆ နာရီခန့်မှ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။

ရွှေမှော်များရှိသည့် Shahtu Zup ကျေးရွာ အနောက်ဘက် ခ ဒ ဇွပ် (Hka Da Zup)၊ KIA တပ်ရင်း (၁၄) စခန်းများကို အစိုးရတပ်များ မိနစ် ၃၀ ကျော်ခန့် အဆက်မပြတ် လက်နက်ကြီးများ ပစ်ခတ် ပြီးနောက် နှစ်ဖက် တိုက်ပွဲ ဖြစ်လာသည်ဟု ဒေသခံများ ဆိုပါသည်။

သြဂုတ် ၁၁ ရက်နေ့ KIA နောက်ဆုတ်ပေးသည့် Awng Len မှော်သို့ ၀င်လာသော အစိုးရတပ်များကို ယမန်နေ့ မွန်းလွဲပိုင်းမှာ တန်ပြန် တိုက်ခိုက်ခဲ့မှုကြောင့် ထိုနေရာမှ အစိုးရတပ်များ ပြန်ဆုတ်ကာ တကွဲတပြားစီ ဖြစ်သွားကြသည်ဟု KIA က လာသော သတင်းများအရသိရသည်။

ယမန်နေ့ က Lawa (လဝါး)-Dumbang (ဒွမ်ဘန်) ဘက်မှ အစိုးရတပ် အင်အား ၁၀၀ ကျော်သည် Shahtu Zup ကျေးရွာသို့ အင်အားဖြည့်လာပြီး ယနေ့ တိုက်ပွဲ ဖြစ်လာသည်။

သြဂုတ် ၃ ရက်မှ စပြီး ဟူးကောင်းချိုင့်ဝှမ်း ဒေသ၊ ဖားကန့်မြို့နယ် KIA တပ်ရင်း (၁၄) Shahtu Zup ရွှေမှော်များတွင် အစိုးရတပ်များ ထိုးစစ်ဆင် တိုုက်ခိုက်လာခြင်းကြောင့် နေ့စဉ်လိုလို တိုက်ပွဲ ဖြစ်ပွားလာသည်။

January 17, 2026
မြန်မာပြည်သူလူထုတစ်ရပ်လုံးရဲ့ဆန့်ကျင်မှုကြောင့် ဆယ်စုနှစ်တစ်ခုကျော်ရပ်နားထားတဲ့...
January 16, 2026
ဗန်းမော်တိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က စစ်ရှိုန်မြင့်တင်ပြီး တိုက်ပွဲဖော်ဆောင်နေတဲ့...
January 15, 2026
ကချင်ပြည်နယ် တနိုင်းမြို့နယ် ပယင်းမှော်ဒေသ တိုက်ပွဲဖြစ်နေတဲ့ လပူမှော်(Lapu Maw)နဲ့ ဝိုင်လော(Wai...
ပူတာအိုမြို့လေယာဉ်ကွင်းမှာ စစ်တပ် စစ်အင်အားအလုံးအရင်းမြင်တွေ့ရတဲ့မြင်ကွင်းဖြစ်ပါတယ်။ (ပုံဟောင်းအသုံးပြုထားပါတယ်)
January 14, 2026
ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်ဘက်ကို စစ်ကောင်စီတပ်က လေကြောင်း၊ ကုန်းသုံးပြီး...