လိီဒိုလမ်းမတွင် အစိုးရတပ်နှင့် KIA တိုက်ပွဲ ပြင်းထန်

လိီဒိုလမ်းမတွင် အစိုးရတပ်နှင့် KIA တိုက်ပွဲ ပြင်းထန်
by -
ကေအဲန်ဂျီ
ကမ္ဘာကျော် ကချင်ပြည်နယ် လီဒိုလမ်းမပေါ် ရှိ ရှထူးဇွပ် (Shahtu Zup) ကျေးရွာအနီး မြန်မာအစိုးရတပ်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် KIA ကြား သြဂုတ် ၁၃၊ ယနေ့ နံနက်ပိုင်း ၆ နာရီခန့်မှ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။

ရွှေမှော်များရှိသည့် Shahtu Zup ကျေးရွာ အနောက်ဘက် ခ ဒ ဇွပ် (Hka Da Zup)၊ KIA တပ်ရင်း (၁၄) စခန်းများကို အစိုးရတပ်များ မိနစ် ၃၀ ကျော်ခန့် အဆက်မပြတ် လက်နက်ကြီးများ ပစ်ခတ် ပြီးနောက် နှစ်ဖက် တိုက်ပွဲ ဖြစ်လာသည်ဟု ဒေသခံများ ဆိုပါသည်။

သြဂုတ် ၁၁ ရက်နေ့ KIA နောက်ဆုတ်ပေးသည့် Awng Len မှော်သို့ ၀င်လာသော အစိုးရတပ်များကို ယမန်နေ့ မွန်းလွဲပိုင်းမှာ တန်ပြန် တိုက်ခိုက်ခဲ့မှုကြောင့် ထိုနေရာမှ အစိုးရတပ်များ ပြန်ဆုတ်ကာ တကွဲတပြားစီ ဖြစ်သွားကြသည်ဟု KIA က လာသော သတင်းများအရသိရသည်။

ယမန်နေ့ က Lawa (လဝါး)-Dumbang (ဒွမ်ဘန်) ဘက်မှ အစိုးရတပ် အင်အား ၁၀၀ ကျော်သည် Shahtu Zup ကျေးရွာသို့ အင်အားဖြည့်လာပြီး ယနေ့ တိုက်ပွဲ ဖြစ်လာသည်။

သြဂုတ် ၃ ရက်မှ စပြီး ဟူးကောင်းချိုင့်ဝှမ်း ဒေသ၊ ဖားကန့်မြို့နယ် KIA တပ်ရင်း (၁၄) Shahtu Zup ရွှေမှော်များတွင် အစိုးရတပ်များ ထိုးစစ်ဆင် တိုုက်ခိုက်လာခြင်းကြောင့် နေ့စဉ်လိုလို တိုက်ပွဲ ဖြစ်ပွားလာသည်။

May 16, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ဆင်လီဘွမ် (SinliBum) တစ်ကြောကို...
May 15, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့လယ်ခေါင်မှာ စစ်တပ် နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရဲကင်းထိုင်ချထားပြီး...
အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ ပြင်နေချိန် ထီးချိုင့်-ကသာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်
May 14, 2026
အမိုး — စစ်ကိုင်း–ကချင် ကားလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား...
May 13, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် KIA ထိန်းချူပ်ထားတဲ့ မဘိမ်း–မြစ်ဆုံဒေသဖက်ကို စစ်ကြောင်းထိုးဖို့...