ကန်ပိုင်တီ လမ်းကြောင်းတွင် အစိုးရတပ် စစ်ရေး လှုပ်ရှားမှု များ လာ

ကန်ပိုင်တီ လမ်းကြောင်းတွင် အစိုးရတပ် စစ်ရေး လှုပ်ရှားမှု များ လာ
by -
ကေအဲန်ဂျီ
ကချင်ပြည်နယ် အရှေ့ဘက် Kambaiti (ကန်ပိုင်တီ) လမ်းကြောင်း Sadung (ဆဒုံ) ဒေသတွင် ယခု အပတ်မှ မြန်မာ အစိုးရတပ် စစ်အင်အား ဖြည့်ခြင်းနှင့် စစ်ရေး လှုပ်ရှားမှုများ သိသိသာသာ ပြုလုပ်နေကြောင်း ဒေသခံများက ပြောဆိုသည်။

ယမန်နေ့ သြဂုတ် ၁၂ ရက်မှစပြီး တပ်မတော် စစ်ကြောင်း လှုပ်ရှားမှုများသည် တရုတ် နယ်နိမိတ် မိုင်တိုင် (၆) အနီး ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်ရင်း (၃)၊ ငွားလေး (Ngwa Le) စခန်း ရှိရာသို့ ချဉ်းကပ် လာနေကြောင်း ဒေသခံများ ကချင် သတင်း ဌာန KNG ကိုပြောသည်။

KIA တပ်ရင်း (၃) ငွားလေး (Ngwa Le) စခန်းသည် မြစ်ကြီးနား-ကန်ပိုင်တီ လမ်းကြောင်း Sadung (ဆဒုံမြို့) နှင့် Kambaiti (ကန်ပိုင်တီမြို့) ကြား တည်ရှိသည်။

အစိုးရ စစ်ကြောင်း လှုပ်ရှားမှုများ KIA နယ်မြေထဲ ၀င်ရောက်လာလျှင် နှစ်ဖက် တိုက်ပွဲ ဖြစ်လာနိုင်ကြောင်း ဒေသခံများ ပြောဆိုနေကြပါသည်။

ယခု လဆန်းပိုင်းမှ အစိုးရတပ်နှင့် KIA တိုက်ပွဲများသည် ကချင်ပြည်နယ် အနောက်ဘက် ဖားကန့်လမ်း မိုးကောင်းနှင့် နန့်ယားကြား နှင့် ဟူးကောင်းချိုင့်ဝှမ်း Shahtu Zup (ရှထူးဇွပ်) ရွှေမှော်များတွင် နေ့စဉ်လိုလို ဖြစ်ပွား နေပါသည်။

January 17, 2026
မြန်မာပြည်သူလူထုတစ်ရပ်လုံးရဲ့ဆန့်ကျင်မှုကြောင့် ဆယ်စုနှစ်တစ်ခုကျော်ရပ်နားထားတဲ့...
January 16, 2026
ဗန်းမော်တိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က စစ်ရှိုန်မြင့်တင်ပြီး တိုက်ပွဲဖော်ဆောင်နေတဲ့...
January 15, 2026
ကချင်ပြည်နယ် တနိုင်းမြို့နယ် ပယင်းမှော်ဒေသ တိုက်ပွဲဖြစ်နေတဲ့ လပူမှော်(Lapu Maw)နဲ့ ဝိုင်လော(Wai...
ပူတာအိုမြို့လေယာဉ်ကွင်းမှာ စစ်တပ် စစ်အင်အားအလုံးအရင်းမြင်တွေ့ရတဲ့မြင်ကွင်းဖြစ်ပါတယ်။ (ပုံဟောင်းအသုံးပြုထားပါတယ်)
January 14, 2026
ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်ဘက်ကို စစ်ကောင်စီတပ်က လေကြောင်း၊ ကုန်းသုံးပြီး...