ကန်ပိုင်တီ လမ်းကြောင်းတွင် အစိုးရတပ် စစ်ရေး လှုပ်ရှားမှု များ လာ

ကန်ပိုင်တီ လမ်းကြောင်းတွင် အစိုးရတပ် စစ်ရေး လှုပ်ရှားမှု များ လာ
by -
ကေအဲန်ဂျီ
ကချင်ပြည်နယ် အရှေ့ဘက် Kambaiti (ကန်ပိုင်တီ) လမ်းကြောင်း Sadung (ဆဒုံ) ဒေသတွင် ယခု အပတ်မှ မြန်မာ အစိုးရတပ် စစ်အင်အား ဖြည့်ခြင်းနှင့် စစ်ရေး လှုပ်ရှားမှုများ သိသိသာသာ ပြုလုပ်နေကြောင်း ဒေသခံများက ပြောဆိုသည်။

ယမန်နေ့ သြဂုတ် ၁၂ ရက်မှစပြီး တပ်မတော် စစ်ကြောင်း လှုပ်ရှားမှုများသည် တရုတ် နယ်နိမိတ် မိုင်တိုင် (၆) အနီး ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်ရင်း (၃)၊ ငွားလေး (Ngwa Le) စခန်း ရှိရာသို့ ချဉ်းကပ် လာနေကြောင်း ဒေသခံများ ကချင် သတင်း ဌာန KNG ကိုပြောသည်။

KIA တပ်ရင်း (၃) ငွားလေး (Ngwa Le) စခန်းသည် မြစ်ကြီးနား-ကန်ပိုင်တီ လမ်းကြောင်း Sadung (ဆဒုံမြို့) နှင့် Kambaiti (ကန်ပိုင်တီမြို့) ကြား တည်ရှိသည်။

အစိုးရ စစ်ကြောင်း လှုပ်ရှားမှုများ KIA နယ်မြေထဲ ၀င်ရောက်လာလျှင် နှစ်ဖက် တိုက်ပွဲ ဖြစ်လာနိုင်ကြောင်း ဒေသခံများ ပြောဆိုနေကြပါသည်။

ယခု လဆန်းပိုင်းမှ အစိုးရတပ်နှင့် KIA တိုက်ပွဲများသည် ကချင်ပြည်နယ် အနောက်ဘက် ဖားကန့်လမ်း မိုးကောင်းနှင့် နန့်ယားကြား နှင့် ဟူးကောင်းချိုင့်ဝှမ်း Shahtu Zup (ရှထူးဇွပ်) ရွှေမှော်များတွင် နေ့စဉ်လိုလို ဖြစ်ပွား နေပါသည်။

July 3, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်နှင့် စစ်ကိုင်းတိုင်း ကသာမြို့နယ်အစပ်တွင် ယခုရက်ပိုင်းအတွင်း...
July 2, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ–တပ်ကုန်းအဆက်နားက ဂျပန်တံတားအောက် ရေချောင်းမှာ ညစ်ညမ်းရေတွေ...
July 1, 2026
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ...
June 30, 2026
ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအုပ်စု နမ့်မှော်ကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုမှာ...