အစိုးရတပ်နှင့် KIA ဖားကန့်လမ်းတွင် ဆက်လက် တိုက်ပွဲ ဖြစ်

အစိုးရတပ်နှင့် KIA ဖားကန့်လမ်းတွင် ဆက်လက် တိုက်ပွဲ ဖြစ်
by -
ကေအဲန်ဂျီ
ကချင်ပြည်နယ် မိုးကောင်း-ဖားကန့် လမ်းတွင် အစိုးရတပ်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် KIA ကြား ယနေ့ သြဂုတ် ၉ရက်နေ့ ဆက်လက် တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေပါသည်။

မွန်းလွဲပိုင်းမှ စပြီး ကားမိုင်း-နန့်ယား ကြား လွယ်ဆိုင် (Loi Seng) ကျေးရွာအနီး တပ်မတော် ပူးပေါင်း စစ်ကြောင်းနှင့် KIA တပ်ရင်း (၆) တပ်ဖွဲ့တို့ ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်နေကြောင်း ဒေသခံများက ကချင် သတင်းဌာန KNG ကို ပြောပါသည်။

ယမန်နေ့ ည သန်းယံမှာလည်း လွယ်ဆိုင် အနီး ကထန်ယန် (Kahtan Yang) ကျေးရွာဘက်မှာ ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟုဆိုသည်။

ကားမိုင်းမြို့ဘက်မှာ ထွယ်ဆန်ယန် (Htoi San Yang) ရပ်ကွက်မှ နမ်ထွန်ဘွမ် (Nam Htu Bum) တောင်ထိ အစိုးရတပ်များ နေရာယူထာပြီး ဒေသခံ ရှမ်းနီပြည်သူ့စစ် များလည်း ပါကြောင်း ဒေသခံများ ပြောပါသည်။

ယနေ့ နံနက်ပိုင်း နန့်စီးအင် (Nam Si Yen) ရွာသား အောင်မျိုးထွန်းနှင့် ၎င်း၏ ယောက်ဖ တို့နှစ်ဦး ကားမိုင်းသို့ သွားစဉ် အစိုးရ စစ်သားများ ဖမ်းဆီးခေါ်ဆောင်သွား ကြောင်း ဒေသခံများက ကချင်သတင်းဌာန KNG ကို ပြောသည်။

ယခု သတင်း ရေးသားနေသည်အထိ ၎င်းတို့ နှစ်ဦးကို ပြန်လွှတ်မပေးသေးကြောင်း ဒေသခံများ ဆိုပါသည်။

January 17, 2026
မြန်မာပြည်သူလူထုတစ်ရပ်လုံးရဲ့ဆန့်ကျင်မှုကြောင့် ဆယ်စုနှစ်တစ်ခုကျော်ရပ်နားထားတဲ့...
January 16, 2026
ဗန်းမော်တိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က စစ်ရှိုန်မြင့်တင်ပြီး တိုက်ပွဲဖော်ဆောင်နေတဲ့...
January 15, 2026
ကချင်ပြည်နယ် တနိုင်းမြို့နယ် ပယင်းမှော်ဒေသ တိုက်ပွဲဖြစ်နေတဲ့ လပူမှော်(Lapu Maw)နဲ့ ဝိုင်လော(Wai...
ပူတာအိုမြို့လေယာဉ်ကွင်းမှာ စစ်တပ် စစ်အင်အားအလုံးအရင်းမြင်တွေ့ရတဲ့မြင်ကွင်းဖြစ်ပါတယ်။ (ပုံဟောင်းအသုံးပြုထားပါတယ်)
January 14, 2026
ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်ဘက်ကို စစ်ကောင်စီတပ်က လေကြောင်း၊ ကုန်းသုံးပြီး...