အစိုးရတပ်နှင့် KIA ဖားကန့်လမ်းတွင် ဆက်လက် တိုက်ပွဲ ဖြစ်

အစိုးရတပ်နှင့် KIA ဖားကန့်လမ်းတွင် ဆက်လက် တိုက်ပွဲ ဖြစ်
by -
ကေအဲန်ဂျီ
ကချင်ပြည်နယ် မိုးကောင်း-ဖားကန့် လမ်းတွင် အစိုးရတပ်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် KIA ကြား ယနေ့ သြဂုတ် ၉ရက်နေ့ ဆက်လက် တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေပါသည်။

မွန်းလွဲပိုင်းမှ စပြီး ကားမိုင်း-နန့်ယား ကြား လွယ်ဆိုင် (Loi Seng) ကျေးရွာအနီး တပ်မတော် ပူးပေါင်း စစ်ကြောင်းနှင့် KIA တပ်ရင်း (၆) တပ်ဖွဲ့တို့ ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်နေကြောင်း ဒေသခံများက ကချင် သတင်းဌာန KNG ကို ပြောပါသည်။

ယမန်နေ့ ည သန်းယံမှာလည်း လွယ်ဆိုင် အနီး ကထန်ယန် (Kahtan Yang) ကျေးရွာဘက်မှာ ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟုဆိုသည်။

ကားမိုင်းမြို့ဘက်မှာ ထွယ်ဆန်ယန် (Htoi San Yang) ရပ်ကွက်မှ နမ်ထွန်ဘွမ် (Nam Htu Bum) တောင်ထိ အစိုးရတပ်များ နေရာယူထာပြီး ဒေသခံ ရှမ်းနီပြည်သူ့စစ် များလည်း ပါကြောင်း ဒေသခံများ ပြောပါသည်။

ယနေ့ နံနက်ပိုင်း နန့်စီးအင် (Nam Si Yen) ရွာသား အောင်မျိုးထွန်းနှင့် ၎င်း၏ ယောက်ဖ တို့နှစ်ဦး ကားမိုင်းသို့ သွားစဉ် အစိုးရ စစ်သားများ ဖမ်းဆီးခေါ်ဆောင်သွား ကြောင်း ဒေသခံများက ကချင်သတင်းဌာန KNG ကို ပြောသည်။

ယခု သတင်း ရေးသားနေသည်အထိ ၎င်းတို့ နှစ်ဦးကို ပြန်လွှတ်မပေးသေးကြောင်း ဒေသခံများ ဆိုပါသည်။

July 3, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်နှင့် စစ်ကိုင်းတိုင်း ကသာမြို့နယ်အစပ်တွင် ယခုရက်ပိုင်းအတွင်း...
July 2, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ–တပ်ကုန်းအဆက်နားက ဂျပန်တံတားအောက် ရေချောင်းမှာ ညစ်ညမ်းရေတွေ...
July 1, 2026
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ...
June 30, 2026
ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအုပ်စု နမ့်မှော်ကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုမှာ...