KIO ဗဟို ဌာနချုပ် နယ်မြေမှာ အစိုးရတပ်နှင့် တိုက်ပွဲ ဖြစ်

KIO ဗဟို ဌာနချုပ် နယ်မြေမှာ အစိုးရတပ်နှင့် တိုက်ပွဲ ဖြစ်
by -
ကေအဲန်ဂျီ
ကချင် လွတ်လပ်ရေး အဖွဲ့ KIO ဗဟိုဌာနချုပ် နယ်မြေတွင် မြန်မာ အစိုးရတပ်နှင့် KIA ဗဟိုဌာနချုပ် လုံခြံုရေး တပ်ကြား သြဂုတ် ရရက် နေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်းသတင်းရရှိသည်။

မြစ်ကြီးနား-ဗန်းမော် လမ်းမပေါ် နမ်ဆန်ယန် (Nam San Yang) ကျေးရွာ အနောက်ဘက် ရှဒန်ပါ (Shadan Pa) ငှက်ပျောခြံဘက်မှ KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့ကို ဦးတည်သောလမ်းကြောင်း ဘန်ဒေါင်ရွာ (Bandawng kahtawng) သို့ လှုပ်ရှားဝင်ရောက်လာသည့် အစိုးရ စစ်ကြောင်းနှင့် ဂျာအိန်ယန် (Ja Ing Yang) မှာ တိုက်ပွဲ ဖြစ်ပွားခြင်းဖြစ်သည်။

နေ့လည်ပိုင်း ၃ နာရီမှ စတင်ဖြစ်ပွားသောတိုက်ပွဲသည် မိနစ် ၃၀ ခန့် ကြာမြင့်ကြောင်း KIA ရှေ့တန်း သတင်း ရပ်ကွက်များ ဆိုပါသည်။

အတည် မပြုနိုင်သေးသော သတင်းများအရ KIA ဘက်မှ မိုင်းများဖြင့် ခုခံတိုက်ခိုက်ရာတွင် တပ်မတော်ဘက်မှ ဗိုလ်အဆင့် တဦး ကျပြီး အခြား ၉ ဦး ဒဏ်ရာ ရရှိသည်ဟု ဆိုသည်။

ပြီးခဲ့သည့် မတ်လကုန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD အစိုးရသစ် တက်လာချိန်ကတည်းက တပ်မတော်သည် စစ်အင်အား အလုံးအရင်းဖြင့် ကချင်ပြည်နယ် အရှေ့ဘက် ၀ိုင်းမှော်မြို့နယ်၊ ဧရာဝတီမြစ်နှင့် မြစ်ကြီးနား-ဗန်းမော် လမ်းမကြား နယ်မြေမှ ‘KIA တပ်များ ရှင်းလင်းရေး စစ်ဆင်ရေး’ ကို ပြုလုပ်နေသည်ဟု ဒေသတွင်းသတင်းများအရသိရသည်။

ယင်းနောက် ၎င်းနယ်မြေတွင် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေပါသည်။

January 17, 2026
မြန်မာပြည်သူလူထုတစ်ရပ်လုံးရဲ့ဆန့်ကျင်မှုကြောင့် ဆယ်စုနှစ်တစ်ခုကျော်ရပ်နားထားတဲ့...
January 16, 2026
ဗန်းမော်တိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က စစ်ရှိုန်မြင့်တင်ပြီး တိုက်ပွဲဖော်ဆောင်နေတဲ့...
January 15, 2026
ကချင်ပြည်နယ် တနိုင်းမြို့နယ် ပယင်းမှော်ဒေသ တိုက်ပွဲဖြစ်နေတဲ့ လပူမှော်(Lapu Maw)နဲ့ ဝိုင်လော(Wai...
ပူတာအိုမြို့လေယာဉ်ကွင်းမှာ စစ်တပ် စစ်အင်အားအလုံးအရင်းမြင်တွေ့ရတဲ့မြင်ကွင်းဖြစ်ပါတယ်။ (ပုံဟောင်းအသုံးပြုထားပါတယ်)
January 14, 2026
ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်ဘက်ကို စစ်ကောင်စီတပ်က လေကြောင်း၊ ကုန်းသုံးပြီး...