KIO ဗဟို ဌာနချုပ် နယ်မြေမှာ အစိုးရတပ်နှင့် တိုက်ပွဲ ဖြစ်

KIO ဗဟို ဌာနချုပ် နယ်မြေမှာ အစိုးရတပ်နှင့် တိုက်ပွဲ ဖြစ်
by -
ကေအဲန်ဂျီ
ကချင် လွတ်လပ်ရေး အဖွဲ့ KIO ဗဟိုဌာနချုပ် နယ်မြေတွင် မြန်မာ အစိုးရတပ်နှင့် KIA ဗဟိုဌာနချုပ် လုံခြံုရေး တပ်ကြား သြဂုတ် ရရက် နေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်းသတင်းရရှိသည်။

မြစ်ကြီးနား-ဗန်းမော် လမ်းမပေါ် နမ်ဆန်ယန် (Nam San Yang) ကျေးရွာ အနောက်ဘက် ရှဒန်ပါ (Shadan Pa) ငှက်ပျောခြံဘက်မှ KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့ကို ဦးတည်သောလမ်းကြောင်း ဘန်ဒေါင်ရွာ (Bandawng kahtawng) သို့ လှုပ်ရှားဝင်ရောက်လာသည့် အစိုးရ စစ်ကြောင်းနှင့် ဂျာအိန်ယန် (Ja Ing Yang) မှာ တိုက်ပွဲ ဖြစ်ပွားခြင်းဖြစ်သည်။

နေ့လည်ပိုင်း ၃ နာရီမှ စတင်ဖြစ်ပွားသောတိုက်ပွဲသည် မိနစ် ၃၀ ခန့် ကြာမြင့်ကြောင်း KIA ရှေ့တန်း သတင်း ရပ်ကွက်များ ဆိုပါသည်။

အတည် မပြုနိုင်သေးသော သတင်းများအရ KIA ဘက်မှ မိုင်းများဖြင့် ခုခံတိုက်ခိုက်ရာတွင် တပ်မတော်ဘက်မှ ဗိုလ်အဆင့် တဦး ကျပြီး အခြား ၉ ဦး ဒဏ်ရာ ရရှိသည်ဟု ဆိုသည်။

ပြီးခဲ့သည့် မတ်လကုန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD အစိုးရသစ် တက်လာချိန်ကတည်းက တပ်မတော်သည် စစ်အင်အား အလုံးအရင်းဖြင့် ကချင်ပြည်နယ် အရှေ့ဘက် ၀ိုင်းမှော်မြို့နယ်၊ ဧရာဝတီမြစ်နှင့် မြစ်ကြီးနား-ဗန်းမော် လမ်းမကြား နယ်မြေမှ ‘KIA တပ်များ ရှင်းလင်းရေး စစ်ဆင်ရေး’ ကို ပြုလုပ်နေသည်ဟု ဒေသတွင်းသတင်းများအရသိရသည်။

ယင်းနောက် ၎င်းနယ်မြေတွင် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေပါသည်။

July 3, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်နှင့် စစ်ကိုင်းတိုင်း ကသာမြို့နယ်အစပ်တွင် ယခုရက်ပိုင်းအတွင်း...
July 2, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ–တပ်ကုန်းအဆက်နားက ဂျပန်တံတားအောက် ရေချောင်းမှာ ညစ်ညမ်းရေတွေ...
July 1, 2026
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ...
June 30, 2026
ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအုပ်စု နမ့်မှော်ကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုမှာ...