လီဆူ ပြည်သူ့စစ် ခေါင်းဆောင်များကို KIO ခေါ်ယူ တွေ့ဆုံ နေ

လီဆူ ပြည်သူ့စစ် ခေါင်းဆောင်များကို KIO ခေါ်ယူ တွေ့ဆုံ နေ
by -
ကေအဲန်ဂျီ
လီဆူ ပြည်သူ့စစ်အဖွဲ့ ထပ်မံ ဖွဲ့စည်းလိုက်ခြင်းနှင့် ပတ်သက်ပြီး အကျိုးအကြောင်း သိရှိရန် သက်ဆိုင်ရာ လီဆူ အမျိုးသား ခေါင်းဆောင်များကို ကချင် လွတ်လပ်ရေး အဖွဲ့ KIO က ခေါ်ယူ တွေ့ဆုံ နေကြောင်း သိရသည်။

ထို့ကြောင့် လွန်ခဲ့သည့် အပတ်မှ စပြီး လီဆူ ခေါင်းဆောင်များ KIO ဗဟို ဌာနချုပ် လိုင်ဇာမြို့သို့ ရောက်လာနေပြီဖြစ်ကြောင်း KIO အရာရှိများမှ သိရပါသည်။

ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ (၂) နယ်မြေ ဟူးကောင်းချိုင့်ဝှမ်း ဒေသ တနိုင်းမြို့နယ်တွင် လီဆူ ပြည်သူ့စစ်အဖွဲ့ ဖွဲ့စည်းကြောင်း သတင်းများ ပေါ်ထွက်လာချိန် လီဆူ ခေါင်းဆောင်များကို KIO မှ ခေါ်ယူ တွေ့ဆုံခြင်း ဖြစ်သည်။

မြန်မာအစိုးရ၏ အားပေးမှုဖြင့် ဖွဲ့စည်းသည့် ယခု နောက်ဆုံး လီဆူ ပြည်သူ့စစ်တပ်ဖွဲ့ အပါအဝင် ကချင်ပြည်နယ်တွင် စုစုပေါင်း ပြည်သူ့စစ်တပ်ဖွဲ့ (၅) ဖွဲ့ ရှိလာပြီ ဖြစ်သည်။ ကျန် အဖွဲ့များသည် အာဒါန် (Ah Dang) ဦးဆောင်သည့် ရဝမ်ပြည်သူ့စစ်၊ ဦးလဆန်အောင်ဝါပြည်သူ့စစ်၊ ဦးဇခုန်တိန့်ယိန်း ပြည်သူ့စစ် နှင့် ရှမ်းနီပြည်သူ့စစ် တို့ဖြစ်ကြသည်။

လွန်ခဲ့သည့် ဧပြီလကုန်ပို်င်းတွင်လည်း ရှမ်းနီပြည်သူ့စစ်အဖွဲ့နှင့် ပတ်သက်ပြီး ရှမ်းနီ ခေါင်းဆောင်များကို KIO က မိုင်ဂျာယန်မြို့တွင် ခေါ်ယူ တွေ့ဆုံခဲ့ပါသည်။

May 16, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ဆင်လီဘွမ် (SinliBum) တစ်ကြောကို...
May 15, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့လယ်ခေါင်မှာ စစ်တပ် နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရဲကင်းထိုင်ချထားပြီး...
အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ ပြင်နေချိန် ထီးချိုင့်-ကသာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်
May 14, 2026
အမိုး — စစ်ကိုင်း–ကချင် ကားလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား...
May 13, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် KIA ထိန်းချူပ်ထားတဲ့ မဘိမ်း–မြစ်ဆုံဒေသဖက်ကို စစ်ကြောင်းထိုးဖို့...