ပထမ အကြိမ် ‘ဌာနေ တိုင်းရင်းသားများ ၏ တွေ့ဆုံ ဆွေးနွေးပွဲ’ KIO ပြုလုပ်

ပထမ အကြိမ် ‘ဌာနေ တိုင်းရင်းသားများ ၏ တွေ့ဆုံ ဆွေးနွေးပွဲ’ KIO ပြုလုပ်
by -
ကေအဲန်ဂျီ
ပထမအကြိမ် ‘ဌာနေတိုင်းရင်းများ၏ တွေ့ဆုံဆွေးနွေးပွဲ’ ကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO မှ ဦးဆောင်ကာ ၎င်းထိန်းချုပ်သော မိုင်ဂျာယန်မြို့တွင် ငါးရက်ခန့် ပြုလုပ်ခဲ့သည်။

ကချင်ပြည်နယ်ရှိ ဌာနေတိုင်းရင်းသားများနှင့် ပတ်သက်သည့် ယခုဆွေးနွေးပွဲကို ဧပြီ ၂၈ ရက်မှ စတင်ကာ ယနေ့ မနက် မေလ ၂ ရက်နေ့အထိ ပြုလုပ်ခဲ့သည်။

ယခုအကြိမ်သည် ကချင်ပြည်နယ် ဌာနေတိုင်းရင်းသားများတွေ့ဆုံသည့် အစီစဉ်သည် ပထမဆုံးအကြိမ်နှင့် နိဒါန်းသဘောသာဖြစ်ပြီး နောက်နောင်တွင် ဆက်လက်ပြုုလုပ်သွားဖို့ရှိကြောင်း သိရသည်။

ဆွေးနွေးပွဲသို့ ကချင်ပြည်နယ် ဌာနေတိုင်းရင်းသားများဖြစ်ကြသည့် ရှမ်းနီ လူမျိုးများ အများစု ပါဝင်ခဲ့ကြောင်း သိရသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဒု-ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လအောင် နှင့် ကချင်လွတ်လပ်ရေးကောင်စီ KIC ဒု-ဥက္ကဋ္ဌ(၂) ဗိုလ်ချုပ်ဂွန်မော် အပြင် ဗဟိုဌာနချုပ်မှ အခြား အရာရှိများလည်း ပါဝင်ခဲ့ကြောင်း သိရသည်။

မြန်မာအစိုးရသည် ကချင်ပြည်နယ်တွင်း ရှမ်းနီအမျိုးသားများ တပ်မတော် (Shanni Nationalities Army, SNA) နှင့် ရှမ်းနီပြည်သူ့စစ်တပ်ဖွဲ့ တို့ ဖွဲ့စည်းရေးကို စစ်ရေး၊ နို်င်ငံရေး အရ အားပေးအားမြောက်လုပ်နေချိန်တွင် KIO မှ ဌာနေတိုင်းရင်းသားများ တွေ့ဆုံဆွေးနွေးပွဲ ကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

January 17, 2026
မြန်မာပြည်သူလူထုတစ်ရပ်လုံးရဲ့ဆန့်ကျင်မှုကြောင့် ဆယ်စုနှစ်တစ်ခုကျော်ရပ်နားထားတဲ့...
January 16, 2026
ဗန်းမော်တိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က စစ်ရှိုန်မြင့်တင်ပြီး တိုက်ပွဲဖော်ဆောင်နေတဲ့...
January 15, 2026
ကချင်ပြည်နယ် တနိုင်းမြို့နယ် ပယင်းမှော်ဒေသ တိုက်ပွဲဖြစ်နေတဲ့ လပူမှော်(Lapu Maw)နဲ့ ဝိုင်လော(Wai...
ပူတာအိုမြို့လေယာဉ်ကွင်းမှာ စစ်တပ် စစ်အင်အားအလုံးအရင်းမြင်တွေ့ရတဲ့မြင်ကွင်းဖြစ်ပါတယ်။ (ပုံဟောင်းအသုံးပြုထားပါတယ်)
January 14, 2026
ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်ဘက်ကို စစ်ကောင်စီတပ်က လေကြောင်း၊ ကုန်းသုံးပြီး...