ပထမ အကြိမ် ‘ဌာနေ တိုင်းရင်းသားများ ၏ တွေ့ဆုံ ဆွေးနွေးပွဲ’ KIO ပြုလုပ်

ပထမ အကြိမ် ‘ဌာနေ တိုင်းရင်းသားများ ၏ တွေ့ဆုံ ဆွေးနွေးပွဲ’ KIO ပြုလုပ်
by -
ကေအဲန်ဂျီ
ပထမအကြိမ် ‘ဌာနေတိုင်းရင်းများ၏ တွေ့ဆုံဆွေးနွေးပွဲ’ ကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO မှ ဦးဆောင်ကာ ၎င်းထိန်းချုပ်သော မိုင်ဂျာယန်မြို့တွင် ငါးရက်ခန့် ပြုလုပ်ခဲ့သည်။

ကချင်ပြည်နယ်ရှိ ဌာနေတိုင်းရင်းသားများနှင့် ပတ်သက်သည့် ယခုဆွေးနွေးပွဲကို ဧပြီ ၂၈ ရက်မှ စတင်ကာ ယနေ့ မနက် မေလ ၂ ရက်နေ့အထိ ပြုလုပ်ခဲ့သည်။

ယခုအကြိမ်သည် ကချင်ပြည်နယ် ဌာနေတိုင်းရင်းသားများတွေ့ဆုံသည့် အစီစဉ်သည် ပထမဆုံးအကြိမ်နှင့် နိဒါန်းသဘောသာဖြစ်ပြီး နောက်နောင်တွင် ဆက်လက်ပြုုလုပ်သွားဖို့ရှိကြောင်း သိရသည်။

ဆွေးနွေးပွဲသို့ ကချင်ပြည်နယ် ဌာနေတိုင်းရင်းသားများဖြစ်ကြသည့် ရှမ်းနီ လူမျိုးများ အများစု ပါဝင်ခဲ့ကြောင်း သိရသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဒု-ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လအောင် နှင့် ကချင်လွတ်လပ်ရေးကောင်စီ KIC ဒု-ဥက္ကဋ္ဌ(၂) ဗိုလ်ချုပ်ဂွန်မော် အပြင် ဗဟိုဌာနချုပ်မှ အခြား အရာရှိများလည်း ပါဝင်ခဲ့ကြောင်း သိရသည်။

မြန်မာအစိုးရသည် ကချင်ပြည်နယ်တွင်း ရှမ်းနီအမျိုးသားများ တပ်မတော် (Shanni Nationalities Army, SNA) နှင့် ရှမ်းနီပြည်သူ့စစ်တပ်ဖွဲ့ တို့ ဖွဲ့စည်းရေးကို စစ်ရေး၊ နို်င်ငံရေး အရ အားပေးအားမြောက်လုပ်နေချိန်တွင် KIO မှ ဌာနေတိုင်းရင်းသားများ တွေ့ဆုံဆွေးနွေးပွဲ ကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

July 4, 2026
ကချင်ပြည်၊ ပူတာအိုမြို့နယ်အတွင်းရှိ မကပ်မုံကျေးရွာ၌ လယ်ပိုင်ရှင်အချို့က ကန့်ကွက်နေသည့်ကြားမှ...
July 3, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်နှင့် စစ်ကိုင်းတိုင်း ကသာမြို့နယ်အစပ်တွင် ယခုရက်ပိုင်းအတွင်း...
July 2, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ–တပ်ကုန်းအဆက်နားက ဂျပန်တံတားအောက် ရေချောင်းမှာ ညစ်ညမ်းရေတွေ...
July 1, 2026
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ...