မိုးညှင်းတွင် အစိုးရတပ် နှင့် KIA တိုက်ပွဲ ပြန်လည် ဖြစ်ပွား

မိုးညှင်းတွင် အစိုးရတပ် နှင့် KIA တိုက်ပွဲ ပြန်လည် ဖြစ်ပွား
by -
ကေအဲန်ဂျီ
ကချင်ပြည်နယ် တောင်ပိုင်း ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ(၈) မိုးညှင်း ဘက် ဧပြီလ ၂၂ နေ့တွင် အစိုးရတပ်နှင့် KIA တို့ တစ်နာရီခန့်ကြာ တိုက်ပွဲ ပြန်လည် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

KIA တပ်ရင်း (၃၅) နယ်မြေဖြစ်သည့် မိုးညှင်းမြို့၏ အနောက်ဘက်ရှိ အောင်သိန်းလင်း ကျောက်စိမ်းမှော် အနီးတွင် အင်အား (၆၀) ခန့်ရှိသည့် အစိုးရတပ် ခလရ (၅၄)အဖွဲ့နှင့် KIA ရှေ့တန်း တပ်ဖွဲ့များ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း KIA သတင်းများအရ သိရသည်။

ယင်း ခလရ (၅၄) တပ်ဖွဲ့များသည် KIA တပ်ရင်း (၃၅) နယ်မြေတစ်ဝိုက် လုပ်ရှားနေသော အစိုးရတပ် ခမရ (၃၀၈) နှင့် တပ် အပြောင်းအလဲ လုပ်ရန် မော်ဟန် ဘက်မှ ရောက်လာခြင်းဖြစ်ပြီး KIA ရှေ့တန်း စခန်းတစ်ခုကို လက်နက်ကြီးဖြင့် စတင် ပစ်ခတ် လာသောကြောင့် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လွန်ခဲ့သည့် နိုဝင်ဘာလ ရွေးကောက်ပွဲအပြီး တစ်ပတ်အကြာ အစိုးရတပ်သည် မိုးညှင်း အရှေ့ဘက်ရှိ ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ (၈)ကို ဂျက်တိုက်လေယာဉ်၊ တင့်ကားနှင့် အမြောက် လက်နက်ကြီးများဖြင့် အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး ကာလတန်ကြာ ယင်းဒေသတွင် တိုက်ပွဲများ တိတ်ဆိတ်နေခဲ့သည်။

ယခု တဖန် မြန်မာပြည် အရပ်သား အစိုးရသစ် တက်လာပြီး မကြာမီမှာ KIO/KIA လိုင်ဇာ ဗဟိုဌာချုပ် အနီးနှင့် ရှမ်းပြည်နယ် မြောက်ပိုင်းဒေသတွင်သာ တိုက်ပွဲများဖြစ်နေရာမှ ယခု KIA တပ်မဟာ (၈) မိုးညှင်းဘက် ပျံ့နှံ့ လာပြီး၊ တပ်မဟာ (၂) တနိုင်းဘက်တွင်လည်း စစ်ရေး တင်းမာလာနေပြီ ဖြစ်သည်။

January 17, 2026
မြန်မာပြည်သူလူထုတစ်ရပ်လုံးရဲ့ဆန့်ကျင်မှုကြောင့် ဆယ်စုနှစ်တစ်ခုကျော်ရပ်နားထားတဲ့...
January 16, 2026
ဗန်းမော်တိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က စစ်ရှိုန်မြင့်တင်ပြီး တိုက်ပွဲဖော်ဆောင်နေတဲ့...
January 15, 2026
ကချင်ပြည်နယ် တနိုင်းမြို့နယ် ပယင်းမှော်ဒေသ တိုက်ပွဲဖြစ်နေတဲ့ လပူမှော်(Lapu Maw)နဲ့ ဝိုင်လော(Wai...
ပူတာအိုမြို့လေယာဉ်ကွင်းမှာ စစ်တပ် စစ်အင်အားအလုံးအရင်းမြင်တွေ့ရတဲ့မြင်ကွင်းဖြစ်ပါတယ်။ (ပုံဟောင်းအသုံးပြုထားပါတယ်)
January 14, 2026
ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်ဘက်ကို စစ်ကောင်စီတပ်က လေကြောင်း၊ ကုန်းသုံးပြီး...