မိုးညှင်းတွင် အစိုးရတပ် နှင့် KIA တိုက်ပွဲ ပြန်လည် ဖြစ်ပွား

မိုးညှင်းတွင် အစိုးရတပ် နှင့် KIA တိုက်ပွဲ ပြန်လည် ဖြစ်ပွား
by -
ကေအဲန်ဂျီ
ကချင်ပြည်နယ် တောင်ပိုင်း ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ(၈) မိုးညှင်း ဘက် ဧပြီလ ၂၂ နေ့တွင် အစိုးရတပ်နှင့် KIA တို့ တစ်နာရီခန့်ကြာ တိုက်ပွဲ ပြန်လည် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

KIA တပ်ရင်း (၃၅) နယ်မြေဖြစ်သည့် မိုးညှင်းမြို့၏ အနောက်ဘက်ရှိ အောင်သိန်းလင်း ကျောက်စိမ်းမှော် အနီးတွင် အင်အား (၆၀) ခန့်ရှိသည့် အစိုးရတပ် ခလရ (၅၄)အဖွဲ့နှင့် KIA ရှေ့တန်း တပ်ဖွဲ့များ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း KIA သတင်းများအရ သိရသည်။

ယင်း ခလရ (၅၄) တပ်ဖွဲ့များသည် KIA တပ်ရင်း (၃၅) နယ်မြေတစ်ဝိုက် လုပ်ရှားနေသော အစိုးရတပ် ခမရ (၃၀၈) နှင့် တပ် အပြောင်းအလဲ လုပ်ရန် မော်ဟန် ဘက်မှ ရောက်လာခြင်းဖြစ်ပြီး KIA ရှေ့တန်း စခန်းတစ်ခုကို လက်နက်ကြီးဖြင့် စတင် ပစ်ခတ် လာသောကြောင့် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လွန်ခဲ့သည့် နိုဝင်ဘာလ ရွေးကောက်ပွဲအပြီး တစ်ပတ်အကြာ အစိုးရတပ်သည် မိုးညှင်း အရှေ့ဘက်ရှိ ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ (၈)ကို ဂျက်တိုက်လေယာဉ်၊ တင့်ကားနှင့် အမြောက် လက်နက်ကြီးများဖြင့် အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး ကာလတန်ကြာ ယင်းဒေသတွင် တိုက်ပွဲများ တိတ်ဆိတ်နေခဲ့သည်။

ယခု တဖန် မြန်မာပြည် အရပ်သား အစိုးရသစ် တက်လာပြီး မကြာမီမှာ KIO/KIA လိုင်ဇာ ဗဟိုဌာချုပ် အနီးနှင့် ရှမ်းပြည်နယ် မြောက်ပိုင်းဒေသတွင်သာ တိုက်ပွဲများဖြစ်နေရာမှ ယခု KIA တပ်မဟာ (၈) မိုးညှင်းဘက် ပျံ့နှံ့ လာပြီး၊ တပ်မဟာ (၂) တနိုင်းဘက်တွင်လည်း စစ်ရေး တင်းမာလာနေပြီ ဖြစ်သည်။

July 4, 2026
ကချင်ပြည်၊ ပူတာအိုမြို့နယ်အတွင်းရှိ မကပ်မုံကျေးရွာ၌ လယ်ပိုင်ရှင်အချို့က ကန့်ကွက်နေသည့်ကြားမှ...
July 3, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်နှင့် စစ်ကိုင်းတိုင်း ကသာမြို့နယ်အစပ်တွင် ယခုရက်ပိုင်းအတွင်း...
July 2, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ–တပ်ကုန်းအဆက်နားက ဂျပန်တံတားအောက် ရေချောင်းမှာ ညစ်ညမ်းရေတွေ...
July 1, 2026
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ...