ဖောင်းဆိုင်ဘက် အစိုးရတပ် နှင့် KIA တစ်နာရီခန့် တိုက်ပွဲဖြစ်

ဖောင်းဆိုင်ဘက် အစိုးရတပ် နှင့် KIA တစ်နာရီခန့် တိုက်ပွဲဖြစ်
by -
ကေအဲန်ဂျီ
ယနေ့မနက် ရှမ်းပြည်နယ် မြောက်ပိုင်း ဖောင်းဆိုင် ကျေးရွာအနီးတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၆ နှင့် အစိုးရတပ်တို့သည် အချိန် တစ်နာရီခန့် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အစိုးရတပ်မ ၉၉ ဟု မှန်းရသည့် တပ်ဖွဲ့နှင့် KIA တပ်ရင်း ၃၈ တို့သည် နောင်ဂျန်း (Nawng Jang) နှင့် မန်းရန် (Man Yang) လမ်းခွတွင် ယနေ့မနက် ၅ နာရီခန့်မှ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု အမည်မဖော်လိုသူ KIA တပ်မဟာ ၆ ထိပ်တန်းအရာရှိတစ်ဦး ကချင်သတင်းဌာန KNG ကို အတည်ပြုပြောခဲ့သည်။

ယခု တိုက်ပွဲသည် ဖေဖော်ဝါရီလမှ ရှမ်းမြောက်ဒေသ KIA တပ်မဟာ ၆ တရားဝင်ဖွဲ့စည်းပြီးနောက် ပထမဆုံး ပြင်းထန်စွာ ဖြစ်ပွားခဲ့သော တိုက်ပွဲလည်းဖြစ်သည်။
 
ကချင်ပြည်နယ်တွင်း KIO/KIA ဗဟိုဌာနချုပ်လိုင်ဇာအနီး ဘန်ဒေါင် (Ban Dawng) နှင့် နမ့်ဆန်ယန် (Nam San Yang)၊ KIA တပ်ရင်း ၁၈ တွင် သင်္ကြန်မတိုင်ခင်နှင့် အပြီး အစိုးရတပ်မှ အင်အားစစ်ဆင် တိုက်ခိုက်ခဲ့သောကြောင့် KIA ရှေ့တန်းစခန်းငယ် ၄ ခုကို ဆုတ်ခွာပေးခဲ့ပြီး ဖြစ်သည်။
 
မြန်မာပြည်တွင် NLD အစိုးရသစ်တက်လာပြီး သုံးပတ်အကြာ အစိုးရတပ်နှင့် တို်င်းရင်းသားလက်နက်ကိုင်အဖွဲ့များကြား တိုက်ပွဲများသည် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် နှင့် ရခိုင်ပြည်နယ်တို့တွင် ဖြစ်ပွားနေသည်။

July 4, 2026
ကချင်ပြည်၊ ပူတာအိုမြို့နယ်အတွင်းရှိ မကပ်မုံကျေးရွာ၌ လယ်ပိုင်ရှင်အချို့က ကန့်ကွက်နေသည့်ကြားမှ...
July 3, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်နှင့် စစ်ကိုင်းတိုင်း ကသာမြို့နယ်အစပ်တွင် ယခုရက်ပိုင်းအတွင်း...
July 2, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ–တပ်ကုန်းအဆက်နားက ဂျပန်တံတားအောက် ရေချောင်းမှာ ညစ်ညမ်းရေတွေ...
July 1, 2026
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ...