ဖောင်းဆိုင်ဘက် အစိုးရတပ် နှင့် KIA တစ်နာရီခန့် တိုက်ပွဲဖြစ်

ဖောင်းဆိုင်ဘက် အစိုးရတပ် နှင့် KIA တစ်နာရီခန့် တိုက်ပွဲဖြစ်
by -
ကေအဲန်ဂျီ
ယနေ့မနက် ရှမ်းပြည်နယ် မြောက်ပိုင်း ဖောင်းဆိုင် ကျေးရွာအနီးတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၆ နှင့် အစိုးရတပ်တို့သည် အချိန် တစ်နာရီခန့် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အစိုးရတပ်မ ၉၉ ဟု မှန်းရသည့် တပ်ဖွဲ့နှင့် KIA တပ်ရင်း ၃၈ တို့သည် နောင်ဂျန်း (Nawng Jang) နှင့် မန်းရန် (Man Yang) လမ်းခွတွင် ယနေ့မနက် ၅ နာရီခန့်မှ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု အမည်မဖော်လိုသူ KIA တပ်မဟာ ၆ ထိပ်တန်းအရာရှိတစ်ဦး ကချင်သတင်းဌာန KNG ကို အတည်ပြုပြောခဲ့သည်။

ယခု တိုက်ပွဲသည် ဖေဖော်ဝါရီလမှ ရှမ်းမြောက်ဒေသ KIA တပ်မဟာ ၆ တရားဝင်ဖွဲ့စည်းပြီးနောက် ပထမဆုံး ပြင်းထန်စွာ ဖြစ်ပွားခဲ့သော တိုက်ပွဲလည်းဖြစ်သည်။
 
ကချင်ပြည်နယ်တွင်း KIO/KIA ဗဟိုဌာနချုပ်လိုင်ဇာအနီး ဘန်ဒေါင် (Ban Dawng) နှင့် နမ့်ဆန်ယန် (Nam San Yang)၊ KIA တပ်ရင်း ၁၈ တွင် သင်္ကြန်မတိုင်ခင်နှင့် အပြီး အစိုးရတပ်မှ အင်အားစစ်ဆင် တိုက်ခိုက်ခဲ့သောကြောင့် KIA ရှေ့တန်းစခန်းငယ် ၄ ခုကို ဆုတ်ခွာပေးခဲ့ပြီး ဖြစ်သည်။
 
မြန်မာပြည်တွင် NLD အစိုးရသစ်တက်လာပြီး သုံးပတ်အကြာ အစိုးရတပ်နှင့် တို်င်းရင်းသားလက်နက်ကိုင်အဖွဲ့များကြား တိုက်ပွဲများသည် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် နှင့် ရခိုင်ပြည်နယ်တို့တွင် ဖြစ်ပွားနေသည်။

January 17, 2026
မြန်မာပြည်သူလူထုတစ်ရပ်လုံးရဲ့ဆန့်ကျင်မှုကြောင့် ဆယ်စုနှစ်တစ်ခုကျော်ရပ်နားထားတဲ့...
January 16, 2026
ဗန်းမော်တိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က စစ်ရှိုန်မြင့်တင်ပြီး တိုက်ပွဲဖော်ဆောင်နေတဲ့...
January 15, 2026
ကချင်ပြည်နယ် တနိုင်းမြို့နယ် ပယင်းမှော်ဒေသ တိုက်ပွဲဖြစ်နေတဲ့ လပူမှော်(Lapu Maw)နဲ့ ဝိုင်လော(Wai...
ပူတာအိုမြို့လေယာဉ်ကွင်းမှာ စစ်တပ် စစ်အင်အားအလုံးအရင်းမြင်တွေ့ရတဲ့မြင်ကွင်းဖြစ်ပါတယ်။ (ပုံဟောင်းအသုံးပြုထားပါတယ်)
January 14, 2026
ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်ဘက်ကို စစ်ကောင်စီတပ်က လေကြောင်း၊ ကုန်းသုံးပြီး...