ပြည်ထောင်စု အစိုးရဝန်ကြီးဌာန ၃၆ ခုမှ ၂၁ ခု ထိ လျှော့ချ

ပြည်ထောင်စု အစိုးရဝန်ကြီးဌာန ၃၆ ခုမှ ၂၁ ခု ထိ လျှော့ချ
by -
ကေအဲန်ဂျီ
ယခု အစိုးရလက်ထက် ဝန်းကြီးဌာန ၃၆ ခုဖြင့် အုပ်ချုပ်နေသော်လည်း တက်လာမည့် ဒီမိုကရေစီ အစိုးရသစ် လက်ထက်တွင် ဝန်ကြီးဌာန ၂၁ ခုသာ ထားရှိမည်ဖြစ်သည်ဟု  နိုင်ငံတော်သမ္မတသစ် အဖြစ် တင်မြောက်ခံထားရသော ဦးထင်ကျော် က ယမန်နေ့ မတ် ၁၆ ပြည်ထောင်စု လွှတ်တော်သို့ ပေးပို့ရာ ပြည်ထောင်စု လွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်း က ယနေ့ ကြေညာလိုက်သည်။

ဝန်ကြီးဌာန ၃၆ ခုအနက် သမဝါယမ ၀န်ကြီးဌာန၊ အားကစား ၀န်ကြီးဌာန၊ သတ္ထုတွင်း ၀န်ကြီးဌာန၊ ရထားပို့ဆောင်ရေး ၀န်ကြီးဌာန၊ သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာန စသည့် ဝန်ကြီးဌာန ၅ ခုကို အပြီး ဖြုတ်လိုက်ပြီး တချို့ကို မူလအတိုင်းထားရှိကာ တချို့ဝန်ကြီးဌာနများကိုိမူ ပူးတွဲပြီး တစ်ခုအဖြစ်သာ ထားရှိသည်။

မပြောင်းလဲသေးသော ၀န်ကြီးဌာနများမှာ ပြည်ထဲရေး ၀န်ကြီးဌာန၊ ကာကွယ်ရေး ၀န်ကြီးဌာန၊ နယ်စပ်ရေးရာ ၀န်ကြီးဌာန၊ နိုင်ငံခြားရေး ၀န်ကြီးဌာန၊ ပြန်ကြားရေး ၀န်ကြီးဌာန၊ စက်မှုဝန်ကြီး ဌာန၊ ပညာရေး ၀န်ကြီးဌာန၊ ကျန်းမာရေး ၀န်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန၊ ဆောက်လုပ်ရေး ၀န်ကြီးဌာန၊ စီးပွားကူးသန်း ၀န်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန တို့ဖြစ်သည်။

သမ္မတရုံး ၀န်ကြီးဌာန ၆ ခုကို ပေါင်းပြီး သမ္မတရုံး ၀န်ကြီးဌာန ၁ ခုထဲ သာ ထားရှိသည်။ ပူးတွဲလိုက်သော ဝန်ကြီးဌာနများမှာ ယဉ်ကျေးမှု ဝန်ကြီးဌာနနှင့် သာသနာရေး ဝန်ကြီးဌာန ၂ ခုပေါင်းပြီး ယဉ်ကျေးမှုနှင့် သာသနာရေး ဝန်ကြီးဌာန ဖြစ်လာသည်။ လယ်ယာ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း ၂ ခု ကိုပေါင်းပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဖြစ်လာသည်။ ပို့ဆောင်ရေး ဝန်ကြီးဌာနနှင့် ဆက်သွယ်ရေး ၂ ခုပေါင်းစပ်ပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဖြစ်လာသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနကို သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန အဖြစ် ပြောင်းလဲခဲ့သည်။ လျှပ်စစ်ဝန်ကြီးဌာန နှင့် စွမ်းအင်ဝန်ကြီးဌာန ၂ ခုကိုပေါင်းပြီး လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန ဖြစ်လာပါသည်။ လူဝင်မှုကြီးကြပ်ရေးနှင့် အလုပ်သမား ဝန်ကြီးဌာန ၂ ခုပေါင်းပြီး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန ဖြစ်လာသည်။ ဘဏ္ဍာရေး ၀န်ကြီးဌာနနှင့် စီမံကိန်း ၀န်ကြီးဌာန ၂ ခုကို ပေါင်းပြီး စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာ ဖြစ်လာသည်။

တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနသည် အသစ်ထပ်တိုးဖွဲ့စည်းလိုက်သော ဝန်ကြီးဌာန တစ်ခုဖြစ်ပေသည်။

အသစ်ဖွဲ့စည်းလိုက်သော ပြည်ထောင်စု ဝန်ကြီးဌာန ၂၁ ခုကို ပြည်ထောင်စုဝန်ကြီး ၁၈ ဦးဖြင့်သာ တာဝန်ပေးမှာဖြစ်ပြီး ၀န်ကြီးများ၏ အမည်စာရင်းကို ရက်အနည်းငယ်အတွင်း သိရတော့မည် ဖြစ်သည်။

၁၆-၃ -၂၀၁၆ ရက်စွဲဖြင့် နိုင်ငံတော် သမ္မတအဖြစ် ရွေးချယ်တင်မြှောက် ခံထားရသူထံမှ ပြည်ထောင်စု လွှတ်တော်သို့ ပေးပို့လာသော ပြည်ထောင်စုဝန်ကြီးဌာန အရေအတွက်၊ အမည်နှင့် ပြည်ထောင်စု ဝန်ကြီးဦးရေ။

ပြည်ထောင်စု အစိုးရဝန်ကြီးဌာန အရေအတွက် နှင့် အမည်စားရင်း
၁။ နိုင်ငံခြားရေးဝန်ကြီးဌာန
၂။ စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန
၃။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန
၄။ ယဉ်ကျေးမှုနှင့် သာသနာရေး ဝန်ကြီးဌာန
၅။ သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ဝန်ကြီးဌာန
၆။ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန
၇။ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန
၈။ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန
၉။ စက်မှု ဝန်ကြီးဌာန
၁၀။ ကျန်းမာရေး ဝန်ကြီးဌာန
၁၁။ ပညာရေး ဝန်ကြီးဌာန
၁၂။ ဆောက်လုပ်ရေး ဝန်ကြီးဌာန
၁၃။ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန
၁၄။ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန
၁၅။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန
၁၆။ ပြန်ကြားရေး ဝန်ကြီးဌာန
၁၇။ တိုင်းရင်းသားရေးရာ ဝန်ကြီးဌာန
၁၈။ သမ္မတရုံး ဝန်ကြီးဌာန
၁၉။ ကာကွယ်ရေး ဝန်ကြီးဌာန
၂၀။ ပြည်ထဲရေးဝန် ကြီးဌာန
၂၁။ နယ်စပ်ရေးရာဝန် ကြီးဌာန တို့ဖြစ်သည်။

ယခင် ၀န်ကြီးဌာန ၃၆ ခု
၁။ ပြည်ထဲရေး ဝန်ကြီးဌာန
၂။ ကာကွယ်ရေး ဝန်ကြီးဌာန
၃။ နယ်စပ်ရေးရာ ဝန်ကြီးဌာန
၄။ နိုင်ငံခြားရေး ဝန်ကြီးဌာန
၅။ ပြန်ကြားရေး ဝန်ကြီးဌာန
၆။ သမ္မတရုံးဝန် ကြီးဌာန (၁)
၇။ သမ္မတရုံးဝန် ကြီးဌာန (၂)
၈။သမ္မတရုံး ဝန်ကြီးဌာန (၃)
၉။ သမ္မတရုံး ဝန်ကြီးဌာန (၄)
၁၀။ သမ္မတရုံး ဝန်ကြီးဌာန(၅)
၁၁။ သမ္မတရုံး ဝန်ကြီးဌာန (၆)
၁၂။ သာသနာရေး ဝန်ကြီးဌာန
၁၃။ သမဝါယမ ဝန်ကြီးဌာန
၁၄။ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန
၁၅။ မွေးမြူရေး ရေလုပ်ငန်းနှင့် ကျေးလက်ဖွဖြိုးရေး ဝန်ကြီးဌာန
၁၆။ ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်း ဝန်ကြီးဌာန
၁၇။ ပို့ဆောင်ရေးဝန်ကြီးဌာန
၁၈။ ပတ်ဝန်းကျင်းထိန်းသိမ်းရေးနှင့်သစ်တောရေးရာ ဝန်ကြီးဌာန
၁၉။ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန
၂၀။ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန
၂၁။ စွမ်းအင်ဝန် ကြီးဌာန
၂၂။ စက်မှု ဝန်ကြီးဌာန
၂၃။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန
၂၄။ အားကစား ဝန်ကြီးဌာန
၂၅။ ပညာရေး ဝန်ကြီးဌာန
၂၆။ ကျန်းမာရေး ဝန်ကြီးဌာန
၂၇။ သတ္တုတွင်း ဝန်ကြီးဌာန
၂၈။ ယဉ်ကျေးမှု ဝန်ကြီးဌာန
၂၉။ ဘဏ္ဍာရေးနှင့်အခွန် ဝန်ကြီးဌာန
၃၀။ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွ့ံဖြိုးတိုးတက်ရေး ဝန်ကြီးဌာန
၃၁။ ဆောက်လုပ်ရေး ဝန်ကြီးဌာန
၃၂။ အလုပ်သမား ဝန်ကြီးဌာန
၃၃။ ရထားပို့ဆောင်ရေး ဝန်ကြီးဌာန
၃၄။ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန
၃၅။ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန
၃၆။ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန

January 19, 2026
ကချင်ပြည်နယ်မှာ စစ်ကောင်စီရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် တစ်နှစ်အတွင်း ကလေးသူငယ် ၇ ဦးနဲ့...
January 17, 2026
မြန်မာပြည်သူလူထုတစ်ရပ်လုံးရဲ့ဆန့်ကျင်မှုကြောင့် ဆယ်စုနှစ်တစ်ခုကျော်ရပ်နားထားတဲ့...
January 16, 2026
ဗန်းမော်တိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က စစ်ရှိုန်မြင့်တင်ပြီး တိုက်ပွဲဖော်ဆောင်နေတဲ့...
January 15, 2026
ကချင်ပြည်နယ် တနိုင်းမြို့နယ် ပယင်းမှော်ဒေသ တိုက်ပွဲဖြစ်နေတဲ့ လပူမှော်(Lapu Maw)နဲ့ ဝိုင်လော(Wai...