မြန်မာအစိုးရတပ် ယာဉ်တန်းကို KIA တပ်ရင်း(၃၆) တိုက်ခိုက်

မြန်မာအစိုးရတပ် ယာဉ်တန်းကို KIA တပ်ရင်း(၃၆) တိုက်ခိုက်
by -
ကချင်သတင်းဌာန
ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်နယ်စပ် ၁၀၅မိုင် ကုန်သွယ်ရေးဇုံအနီးရှိ မြန်မာအစိုးတပ် ယာဉ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း(၃၆)မှ ယနေ့(စက်တင်ဘာ ၂၂ ရက်နေ့) နေ့လယ်ပိုင်းတွင် စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မွန်းလွဲ ၂ နာရီခန့်မှာ မုန်ဘော်ဘက်မှ ဆင်းလာသော အစိုးရစစ်တပ် စစ်ကား(၃)စီးကို နမ်တောင်းနှင့် ၁၀၅မိုင် ကုန်သွယ်ရေးဇုံအကြား KIA တပ်ရင်း(၃၆) တပ်ဖွဲ့များမှ မိုင်း၊ လက်နက်ငယ်များနှင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

အစိုးရတပ်ဘက် ထိခိုက်သေဆုံးမှု မည်မျှရှိသည်ကို မသိရသေးပါ။

မနက် (၈)နာရီခွဲခန့်မှာလည်း နမ်တောင်းကျေးရွာအနီး မိုင်းတစ်လုံး ပေါက်ကွဲခဲ့သည်ဟု ဒေသခံများ ပြောသည်။

၁၀၅မိုင် ကုန်သွယ်ရေးဇုံအနီးရှိ အခြားနေရာဘက်တွင်လည်း ယနေ့ မြန်မာစံတော်ချိန် ည(၇)နာရီ အထိ သေနတ်သံများ ကြားနေရသည်ဟု ဒေသခံများ ကချင်သတင်းဌာန KNG ကို ပြောပါသည်။

စက်တင်ဘာ(၁၁) ရက်နေ့မှစပြီး KIA မုန်းကိုဒေသရှိ နမ်တောင်း၊ မုန်ဘော်၊ မုန်းကိုနှင့် ဖေါင်းဆိုင် စသည့် ဒေသများတွင် အစိုးရတပ် ထိုးစစ်ဆင်လာခြင်းကြောင့် နှစ်ဖက် တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်ကြောင်း ဒေသခံများ ဆိုသည်။

ယမန်နေ့ မနက်ပိုင်းမှစပြီး ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ်မှာလည်း အစိုးရတပ်နှင့် KIA တပ်ရင်း(၁၂) အကြား တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားလျှက်ရှိသည်။

July 6, 2026
မန္တလေးဘက်မှ ဧရာဝတီမြစ်ကြောင်းအတိုင်း ကချင်ပြည်သို့ ဆန်တက်လာသည်ဟု သတင်းထွက်ပေါ်ခဲ့သည့် စစ်တပ်၏...
July 4, 2026
ကချင်ပြည်၊ ပူတာအိုမြို့နယ်အတွင်းရှိ မကပ်မုံကျေးရွာ၌ လယ်ပိုင်ရှင်အချို့က ကန့်ကွက်နေသည့်ကြားမှ...
July 3, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်နှင့် စစ်ကိုင်းတိုင်း ကသာမြို့နယ်အစပ်တွင် ယခုရက်ပိုင်းအတွင်း...
July 2, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ–တပ်ကုန်းအဆက်နားက ဂျပန်တံတားအောက် ရေချောင်းမှာ ညစ်ညမ်းရေတွေ...