နိုင်ငံရေးပြသာနာ အဖြေရှာရန် တစ်ခုတည်းသော လမ်းကြောင်းမှာ ၂၁ ရာစုပင်လုံဟု သမ္မတ ဦးထင်ကျော်ပြော

နိုင်ငံရေးပြသာနာ အဖြေရှာရန် တစ်ခုတည်းသော လမ်းကြောင်းမှာ ၂၁ ရာစုပင်လုံဟု သမ္မတ ဦးထင်ကျော်ပြော
by -
ခိုနူမ်းထုန်
နို်င်ငံရေးပြသာနာကို နို်င်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးညှိနှိုင်းအဖြေရှာရန် တစ်ခုတည်းသောလမ်းကြောင်း သည် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံဖြစ်သည်ဟု နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ဖလမ်းမြို့တွင် ကျင်းပသော ၆၉ နှစ်မြောက်ချင်း အမျိူးသားနေ့အခမ်းအနားမိန့်ခွန်းတွင်ပြောဆိုလိုက်သည်။

“နို်င်ငံရေးပြသနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ဆွေးနွေးညှိနှိုင်းအဖြေရှာဖို့ တစ်ခုတည်းသော လမ်းကြောင်း ဟာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံဘဲဖြစ်ပါတယ်။ တိုင်းရင်းသားပြည် သူတွေနှစ်ပေါင်း များစွာ မျှော်လင့် တောင်းတနေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ၂၁ ရာစု ပင်လုံညီလာခံ ကနေတဆင့်လျှောက်လမ်းရနို်င်မှာဖြစ်ပါတယ်’’ ဟု သမ္မတကပြောသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးလာခံ-၂၁ ရာစုပင်လုံညီလာခံအောင်မြင်နိုင်ရေးနှင့် တိုင်းရင်းသားများလိုလားတောင်းတနေသော တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းချက်ကို အာမခံချက်ပေးနိုင်မည့် ဖက်ဒရယ်စနစ်ထွက်ပေါ်လာရေး၊ ပြည်ထောင်စုမျှော်မှန်း ချက် ပြည့်ဝအောင်မြင်ရေးကြိုးပမ်းဆောင်ရွက်ရာတွင် ချင်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားပြည်သူများအားလုံးကလည်း စည်းလုံးညီညွတ်စွာ ၀ိုင်းဝန်းပါ၀င်ဆောင်ရွက်ကြရန် သမ္မတက တိုက်တွန်းပြောဆိုခဲ့သည်။

ထို့အပြင် မကြာခင်ကာလအတွင်း ချင်းပြည်နယ်တွင် အမျိူးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပနိုင်မည့်အပေါ် ၀မ်းမြောက်ကြောင်း သမ္မတက ပြောသည်။ ချင်းပြည်နယ်အမျိူးသားအဆင့် နိုင်ငံရေးဆွေးနွေးကို ဖေဖော်ဝါရီလ ၂၇ ရက်မှ မတ်လ ၁ ရက်နေ့အထိ ထန်တလန်မြို့ နယ်တွင် သုံးရက်ကြာကျင်းပကြမည်ဖြစ်သည်။

ဖလမ်းမြို့ ရာပြည့်ကွင်းတွင် ကျင်းပသော ၆၉ နှစ်မြောက် ချင်းအမျိူးသားနေ့အခမ်းအနားတွင် နိုင်ငံတော်သမ္မတဦးထင်ကျော်နှင့် ဇနီး ဒေါ်စုစုလွင်၊ ပြည်ထောင်စုဝန်ကြီးများ၊ ချင်းပြည်နယ်ဝန်ကြီးချူပ်နှင့် ၀န်ကြီးများ၊ ချင်းပြည်နယ်လွှတ်တော်ဥက္ကဌ၊ ချင်းအမျိူးသားတပ်ဦး CNF ဥက္ကဌနှင့်အဖွဲ့များ၊ ချင်းနိုင်ငံရေးပါတီများတက်ရောက်ခဲ့ကြသည်။

Most read this week

December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 15, 2025
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ပြည်သူဆေးရုံးကြီးကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုသည်...
December 10, 2025
စစ်အာဏာရှင်တော်လှန်ရေး ငါးနှစ်နီးပါး ရှိလာချိန်တွင် ချင်းလူမှုအသိုင်းအဝိုင်းကြား လူ့အခွင့်အရေး၊...