ချင်းပြည်နှင့် မီဇိုရမ်ပြည်နယ်မှ ကရာတေးသမားများ နိုင်ငံတကာထိုးဖောက်နိုင်ရေးဆွေးနွေး

ချင်းပြည်နှင့် မီဇိုရမ်ပြည်နယ်မှ ကရာတေးသမားများ နိုင်ငံတကာထိုးဖောက်နိုင်ရေးဆွေးနွေး
by -
ခိုနူမ်းထုန်
ချင်းပြည်နှင့် မီဇိုရမ်ပြည်နယ်မှ ကရာတေးသမားများ နိုင်ငံတကာထိုးဖောက်နိုင်ရေးနှင့် နှစ်ပြည်နယ်အကြား ချစ်ကြည်ရေးပိုမိုကောင်းမွန်လာစေရေးအတွက် ကရာတေးဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲတစ် ခုကို မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းမြို့တွင် ယခုလ ၅ ရက်နေ့က ကျင်းပခဲ့ကြသည်။

အဆိုပါ ဆွေးနွေးပွဲကို မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းမြို့ Vanlallawma Indoor Stadium တွင် All Mizoram Karate Association (AMKA) နှင့် Chin State Karate Association တို့ပူးပေါင်းပြီး ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ကရာတေးအားကစားအားဖြင့် မီဇိုရမ် နှင့် ချင်းပြည်နယ် အကြား ချစ်ကြည်ရင်းနှီးမှုတည်ဆောက်နိုင်ရန်၊ ချင်း(ဇိုး)မျိုးနွယ်စုထဲမှ လာမယ့် ၂၀၂၀ အိုလံပစ်တွင် ပါဝင်နိုင်ရေးနှင့် ဂျပန်နိုင်ငံသို့ သွားရောက်ပြီး ကရာတေး သင်တန်းများ တက်ရောက်နိုင်ရန် စသည့် အချက်များ ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

ထို့အပြင် နှစ်ပြည်နယ် ကရာတေးပြိုင်ပွဲကျင်းပနိုင််ရန် ဆွေးနွေးခဲ့ကြပြီး အဆိုပါ ကိစ္စကို အကောင်အထည် ဖော်ရန် လာမည့် နှစ်ဆန်းပိုင်းတွင် ကလေးမြို့ တာဟန်းတွင် ပြုလုပ်မည်ဟုသိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ချင်းပြည်နယ် ကရာတေးအဖွဲ့အစည်းများမှ Rev.Don Hre Dun, Asahi Chin State Patron နှင့် အတူ ဦးဆောင်သူ ၄ ဦး ပါဝင်ပြီး မီဇိုရမ်ပြည်နယ် ကရာတေးအဖွဲ့အစည်း (AMKA) မှ R.Zomawia (president), C.Dosavunga (senior vice president), Lalnunhluna (financial secretary) နှင့် Lalramthara (executive committee member) တို့ ပါဝင် ကြသည်။

February 24, 2026
ချင်းပြည်၊ တွန်းဇံမြို့နယ်တွင် ဒေသခံလူငယ်များနှင့် မြို့နယ်အတွင်းသို့ ရောက်လာသော ပြင်ပမှ အသက် ၁၆...
February 23, 2026
မကွေးတိုင်း၊ ဂန့်ဂေါခရိုင် တပ်ရင်း (၁၃) လှုပ်ရှားနယ်မြေအတွင်းဖြစ်သည့် ဆော - ကျောက်ထု -...
ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...