ချင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်မှုမရှိခြင်းမှာ အုပ်ချုပ်ရေးစနစ်ကြောင့်ဖြစ်တယ်လို့ ZCD အတွင်းရေးမှူး ဦး ဂင်ခမ်းလျံ ပြော

ချင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်မှုမရှိခြင်းမှာ အုပ်ချုပ်ရေးစနစ်ကြောင့်ဖြစ်တယ်လို့ ZCD အတွင်းရေးမှူး ဦး ဂင်ခမ်းလျံ ပြော
by -
ခိုနူမ်းထုန်
မြန်မာနိုင်ငံရှိ တိုင်းနှင့်ပြည်နယ်များအထဲမှ အဆင်းရဲဆုံးပြည်နယ်ဖြစ်သည့် ချင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်မှုမရှိခြင်းသည် ငြိမ်းချမ်းရေး မရှိလို့ မဟုတ်ဘဲ အုပ်ချုပ်ရေးစနစ်ကြောင့်ဖြစ်ကြောင်း ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦး ဂင်ခမ်းလျံ (Gin Kam Lian) က ပြောပါသည်။

knt0502အဆိုပါ ကိစ္စကို နေပြည်တော် MICC II တွင် ကျင်းပသော ၂၁ ရာစုပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ တတိယနေ့တွင် ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တီးတိန်မြို့မှ ရွေးချယ်ခံရသော ဦး ဂင်ခမ်းလျံက  ပြောဆိုခဲ့ ခြင်းဖြစ်သည်။

 “ငြိမ်းချမ်းရေးမရှိလို့ မဖွံ့ဖြိုးဘူးလို့ပြောတာ မဟုတ်နိုင်ဘူး၊ ချင်းပြည်နယ်မှာ ခုဆိုရင် ဘာမှ တိုက်ပွဲတွေမရှိဘူး ငြိမ်းချမ်းနေတယ်။ ကနေထိ မဖွံ့ဖြိုးတာဟာ အုပ်ချုပ်ရေးစနစ်ကြောင့်ဖြစ်တယ်။ အုပ်ချုပ်တဲ့သူတွေက ကျနော်တို့ ချင်းပြည်နယ်ကို ချန်ထားခဲ့လို့ မဖွံ့ဖြိုးတာပါ” ဟု ၎င်းက ခိုနုမ်းသုန်သတင်းဌာနသို့ ပြောသည်။

 လက်ရှိ ချင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ရန်အတွက်ဆိုလျှင် အဓိက နိုင်ငံရေးစနစ်ပြောင်းပြီး ဖက်ဒရယ်ပုံစံနှင့်သွားပြီးမှ ပြည်နယ် အစိုးရကကို လုပ်ပိုင်ခွင့်ပါဝါပေးထားမှသာ ဖြစ်နိုင်မည်ဖြစ်ကြောင်း  လက်ရှိအခြေအနေမှာ ဗဟိုကပေးသမျှကိုသာ မှီခိုနေရတယ့် အနေအထားမျိုးဖြစ်နေ၍ ဖွံ့ဖြိုးတိုးတက်မှုမရှိနိုင်ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

 ယင်းကိစ္စနဲ့ပတ်သက်ပြီး ချင်းအမျိုးသားတပ်ဦး လက်ထောက်အထွေထွေအတွင်းရေးမှူး (၂) ဦးခွာအုပ်လျံ (U Khua Uk Lian) ကလည်း လက်ရှိ ချင်းပြည်နယ်၏ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များကို ရာခိုင်နှုန်းအားဖြင့် ထူးထူးထွေထွေပြောစရာမရှိကြောင်းအောက်ပါအတိုင်း ပြောဆိုသည်။

 “ချင်းပြည်နယ်ရဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းက စကိုမစသေးဘူးလို့ ပြောလို့ရပါတယ်။ ၂၀၁၄ ခုနှစ်ကနေ လမ်းဖောက်ပေးတယ်၊ လျှပ်စစ် မီးတွေ နည်းနည်းလုပ်လာတယ်၊ ရာခိုင်နှုန်းအားဖြင့်ပြောမယ်ဆိုရင် ပြောပလောက်တဲ့ အတိုင်းအတာမရှိဘူး၊ ချင်းပြည်နယ် အတွက်တော့ အခုမှ စတယ်လို့ပြောလို့ရတယ် ဒါကြောင့် အတော်ကြာ အချိန်ယူပြီး လုပ်ရမယ့် အနေအထားမှာရှိပါ တယ်” ဟု ခိုနုမ်းသုန်သတင်းဌာနသို့ ပြောသည်။

 ချင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်လာရန်အတွက်ဆိုလျှင် အဓိကအားဖြင့် အပေါ်ထပ်အဆောက်အဦး၊ လမ်း၊ လျှစ်စစ်မီး၊ ရေ၊ ကျန်းမာရေး၊ ပညာရေး ရှိရန် အဓိကလိုအပ်ကြောင်း၊ ၎င်းအရာများကို အရင်ဆုံးလုပ်မှသာ အလုပ်မျိုးစုံ ဖန်တီးလာနိုင်ပြီး  ချင်းလူမျိုးများ အလုပ်အကိုင်အခွင့်အလမ်းများပေါ်ထွန်းလာနိင်မည်ဟု ယုံကြည်ကြောင်းလည်း ၎င်းက ဆက်လက်ပြောကြာသည်။

February 24, 2026
ချင်းပြည်၊ တွန်းဇံမြို့နယ်တွင် ဒေသခံလူငယ်များနှင့် မြို့နယ်အတွင်းသို့ ရောက်လာသော ပြင်ပမှ အသက် ၁၆...
February 23, 2026
မကွေးတိုင်း၊ ဂန့်ဂေါခရိုင် တပ်ရင်း (၁၃) လှုပ်ရှားနယ်မြေအတွင်းဖြစ်သည့် ဆော - ကျောက်ထု -...
ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...