ကလေး တက္ကသိုလ် အဆောင်နေကျောင်းသားကျောင်းသူများ ရေရှားပါး မှုကြောင့် အခက်ကြုံ

ကလေး တက္ကသိုလ် အဆောင်နေကျောင်းသားကျောင်းသူများ ရေရှားပါး မှုကြောင့် အခက်ကြုံ
by -
ခိုနူမ်းထုန်
ကလေးတက္ကသိုလ်တွင် တက်ရောက်ပညာသင်ကြားနေကြသော အဆောင်နေကျောင်းသူကျောင်းသားများသည် ယခုရက် ပိုင်းအတွင်းရေရှားပါးမှုပြသာနာနှင့် ရင်ဆိုင်နေကြရသည်ဟုသိရသည်။

ကလေးတက္ကသိုလ်ဝန်းထဲတွင်တည်ရှိသော ဗန္ဒူလ၊ ဇလပ်ဖြူ နှင့် ဇလပ်နီ အဆောင်သို့ ယခုရက်ပိုင်းအတွင်း ရေပုံမှန်ဖြန် ့ဝေပေးမှုမရှိကြောင်း အထူးသဖြင့် ဇလပ်ဖြူဆောင်သည် ရေပြတ်လတ်သည့်အခြေအနေကို ကြံုတွေ့နေရပြီး အဆောင်နေကျောင်း သူများ အခက်ကြံုနေကြရသည်ဟု ဗန္ဒူလဆောင်တွင် နေသော ကျောင်းသားတစ်ဦးကပြောသည်။

“ကျတော်တို့ဆောင်ကတော့ အကြိမ်ကြိမ် အဆောင်မှူးနဲ့တင်ထားလို့ အခုတော့ သက်သာလာပြီ၊ အခု ဇလပ်ဖြူဆောင်မှာ က ကျောင်းသူတွေဘဲနေကြတာ၊ သူတို့ကတော့ အလေးသွားဖို့တောင် မရှိဘူး၊ အရင်ကတော့ ရေပုံမှန်ရပေမဲ့ အခုက သုံးရက် တစ်ကြိမ်လောက်ပဲ ရကြတယ်” ဟု သူကပြောသည်။

ယင်းကိစ္စအား ဖြေရှင်းပေးရန် အဆောင်မှူးထံ တင်ပြတောင်းဆိုသော်လည်း အဆင်မပြေကြောင်း၊ ထို့ကြောင့် အဆောင်နေကျောင်း သူများသည် တက္ကသိုလ်ကျောင်းဆောင်သို့ ရေပိုက်သွယ်ယူရေး အင်ဂျင်နီယာထံ သွားရောက် တင်ပြကြသော်လည်း ယနေ့ချိန်ထိ ရေပြသာနာနှင့်ရင်ဆိုင်နေကြရဆဲ ဖြစ်သည်ဟု သိရသည်။

“ရေပိုက်သွယ်ယူတဲ့အင်ဂျင်နီယာကို သူတို့သွားတွေ့ကြတော့ မင်းတို့အိ်မ်သာတက်ချင်ရင်တော့ ဗန္ဒူလ ဆောင် (အမျိုးသားဆောင်) ကို သွားတတ်ကြ၊ ဒါမှမဟုတ် တောထဲဝင်ပြီး အလေးစွန့်ကြဆိုပြီးပြော လွှတ်လိုက်တယ်’’ ဟု အဆောင်နေကျောင်းသား တစ်ဦးက ဆို သည်။

ကလေးတက္ကသိုလ်သည် စစ်ကိုင်းတိုင်းဒေသကြီး ကလေးအနောက်ဘက် ချင်းပြည်နယ် နယ်နမိတ်တွင် တည်ရှိပြီး၊ ချင်းလူမျိုးများ အဓိက ပညာသင်ကြားနေသည့် ကျောင်းတော်ကြီးဖြစ်သည်။

February 24, 2026
ချင်းပြည်၊ တွန်းဇံမြို့နယ်တွင် ဒေသခံလူငယ်များနှင့် မြို့နယ်အတွင်းသို့ ရောက်လာသော ပြင်ပမှ အသက် ၁၆...
February 23, 2026
မကွေးတိုင်း၊ ဂန့်ဂေါခရိုင် တပ်ရင်း (၁၃) လှုပ်ရှားနယ်မြေအတွင်းဖြစ်သည့် ဆော - ကျောက်ထု -...
ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...