လူထုထိခိုက်နစ်နာမှုမရှိစေရန် ပလက်ဝဒေသတွင် အတတ်နိုင်ဆုံး စစ်ရေးရှောင်ရှားမည်ဟု AA ပြော

လူထုထိခိုက်နစ်နာမှုမရှိစေရန် ပလက်ဝဒေသတွင် အတတ်နိုင်ဆုံး စစ်ရေးရှောင်ရှားမည်ဟု AA ပြော
by -
ခိုနူမ်းထုန်
အစိုးရတပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားမှုများကြောင့် ဒေသခံချင်းပြည်သူများ ထိခိုက်နစ်နာမှုများ နောက်ထပ်မရှိစေရန် ပလက်ဝ မြို့နယ်ဒေသတွင် တိုက်ပွဲများမဖြစ်ပွားရန် စစ်ရေးရှောင်ရှားသွားမည်ဟု ရခိုင့်တပ်မတော် (Arakan Army) က ချင်းအမျိူး သားတပ်ဦး CNF တို့တွေ့ဆုံစဉ်တွင် ပြောဆိုလိုက်သည်။

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် ရခိုင်တပ်မတော်နှင့် အစိုးရတပ်မတော်အကြား မကြာခဏ တိုက်ပွဲဖြစ်ပွား မှုကြောင့် ဒေသခံချင်းပြည်သူများ စစ်ဘေးဒုက္ခရောက်နေရသည့်ကိစ္စနှင့်ပတ်သက်၍ ကချင်ပြည်နယ် (KIA) ထိမ်းချူပ် နယ်မြေ မိုင်ဂျာယာန်တွင် ဇူလိုင် ၂၆ မှ ၃၀ ရက်နေ့အထိ ကျင်းပသော မိုင်ဂျာယာန် တိုင်းရင်းသားလက်နက်ကိုင် တော် လှန်ရေး မျက်နှာစုံညီအစည်းအဝေးတွင် ရခိုင်တပ်မတော်နှင့် ချင်းအမျိူးသားတပ်ဦးမှ ထိပ်ပိုင်းခေါင်းဆောင်များ သီးသန့် တွေ့ဆုံဆွေးရာမှာ AA ဖက်က ယခုကဲ့သို့ ပြောဆိုခြင်းဖြစ်သည်ဟု CNF အထွေထွေအတွင်းရေးမှူး (၃) ပူးထက်နီက ပြောသည်။

“ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့တာပါ၊ သူတို့ဖက်ကလည်း သူတို့ရဲ့ အခက်အခဲ၊ ပြသာနာတွေကို ပြန်ပြောကြပါတယ်၊စစ်ရေးကြောင့် မလွှဲမရှောင်သာလို့ လူထု ထိခိုက် နစ်နာမှုတွေ အပေါ်စိတ်မ ကောင်းကြောင်း၊ လူထုနစ်နာ မှုတွေကို အတတ်နိုင်ဆုံးပြန်လည်ဖြည့်ဆည်းပေး တောင်းပန် လိုကြောင်းတွေပြောပါတယ်၊ အဓိက က လူထုထိခိုက်နစ်နာ စေတာမျိုးတွေ မဖြစ်ဖို့နဲ့ အတတ်နိုင်ဆုံး စစ်ရေးရှောင်ရှားသွားမယ်လို့ သူတို့ဖက်ကပြောပါတယ်’’ ဟု ပူးထက်နီက ပြောသည်။

ပလက်ဝဒေသကို ခြေကုပ်စခန်းယူထားသော ရခိုင့်တပ်မတော်သည် အစိုးရတပ်မတော်နှင့် ၂၀၁၅ ကစ၍ မကြာခဏ တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး ယင်းတိုက်ပွဲများကြောင့် ပြင်စိုရွာသား ၃၇၀ ဦးခန့် ယနေ့ချိန်ထိ မိမိနေရပ်သို့ မပြန်ရဲကြဘဲ လောက်တင်ရွာအနီးတွင် ယာယီစခန်းချ နေထိုင်နေကြဆဲဖြစ်သည်။

February 24, 2026
ချင်းပြည်၊ တွန်းဇံမြို့နယ်တွင် ဒေသခံလူငယ်များနှင့် မြို့နယ်အတွင်းသို့ ရောက်လာသော ပြင်ပမှ အသက် ၁၆...
February 23, 2026
မကွေးတိုင်း၊ ဂန့်ဂေါခရိုင် တပ်ရင်း (၁၃) လှုပ်ရှားနယ်မြေအတွင်းဖြစ်သည့် ဆော - ကျောက်ထု -...
ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...