မီဇိုရမ်ဝန်ကြီးချုပ်နှင့် အိန္ဒိယ နိုင်ငံခြားရေးရာဝန်ကြီးတို့ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံဆက်ဆံရေးအကြောင်း ဆွေးနွေး

မီဇိုရမ်ဝန်ကြီးချုပ်နှင့် အိန္ဒိယ နိုင်ငံခြားရေးရာဝန်ကြီးတို့ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံဆက်ဆံရေးအကြောင်း ဆွေးနွေး
by -
ခိုနူမ်းထုန်
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ကို ရောက်ရှိနေသော မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် Pu Lalthanhawla သည် အိန္ဒိယနိုင်ငံ ခြားရေးရာ ဝန်ကြီး Sushma Swaraj နှင့် ဇူလိုင်လ ၂၀ ရက်နေ့က တွေ့ဆုံးခဲ့ပြီး အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး ကိစ္စများ ဆွေးနွေးခဲ့ကြ သည်ဟု သိရသည်။

Hawla Sumasယင်းကဲ့သို့ နိုင်ငံခြားရေးရာဝန်ကြီးနှင့် ဆွေးနွေးသည့်အချိန်တွင် မီဇိုရမ်ဝန်ကြီးချူပ်က အိန္ဒိယ-မြန်မာနိုင်ငံ ကုန်သွယ်ရေး လုပ်ငန်းများအဆင်ပြေချောမွေ့နိုင်စေရန်အတွက် မြန်မာနိုင်ငံ၏ နယ်စပ်ကားလမ်းများကို အမြန်ဆုံးကူညီဆောင် ရွက်ပေး စေ လိုကြောင်း တောင်းဆိုခဲ့သည်။

အိန္ဒိယ-မြန်မာနှစ်နိုင်ငံ ကောင်းမွန်စွာဆက်သွယ်နိုင်ရေးအတွက် နယ်စပ် Zokhawthar တွင် Land Custom Station ထားရှိပြီဖြစ်ကြောင်း၊ ကမ္ဘာ့ဘဏ်အကူအညီဖြင့် မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းနှင့် Zokhawthar အကြား လမ်းများတိုးချဲ့ ကာ အဆင်သင့်အနေအထားသို့ ရှိနေပါသော်လည်း မြန်မာနိုင်ငံဘက်ရှိ ကားလမ်းများမကောင်းသည့်အတွက် ကုန်သွယ်ရေး လုပ်ငန်းပိုင်းတွင် အဆင်မပြေမှုများဖြစ်စေပြီး မြန်မာနိုင်ငံရှိ လမ်းများအား အမြန်ဆုံးပြီးစီးနိုင်အောင် ကူညီလုပ်ဆောင်ပေး ရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။

“မြန်မာနိုင်ငံရဲ့ ရင်းနှီးမြှပ်နှံမှုအများစုမှာ တရုတ်နိုင်ငံက လွှမ်းမိုးနေတယ်၊ တရုတ်ကြောင့် အိန္ဒိယ-မြန်မာနှစ်နိုင်ငံ ဆက်ဆံ ရေး ထိခိုက်လာနိုင်တယ်၊ မြန်မာပြည်သူတွေကလည်း အိန္ဒိယနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်လိုတဲ့ ဆန္ဒရှိတာကြောင့် အခြေအနေ ဆိုးဆိုးဝါး ဝါးမဖြစ်ခင် နှစ်နိုင်ငံဆက်ဆံရေး အမြန်အကောင်အထည်ဖော်ဖို့လိုအပ်တယ်လို့” ဝန်ကြီးချုပ် Lalthanhawla က ပြောဆိုခဲ့သည်ဟု မီဇိုရမ်သတင်းစာတွင်ဖော်ပြထားသည်။

ထို့အပြင် မြန်မာနိုင်ငံတွင် မိမိတို့ မျိူးနွယ်စုအမြောက်အများရှိနေပြီး ပါလီမန်လွှတ်တော်ထဲမှာလည်း လွှတ်တော်အမတ် ၂၅ ဦးခန့်ရှိနေကြောင်း နိုင်ငံခြားရေးဝန်ကြီးကို ရှင်းပြခဲ့သည်ဟု သိရသည်။

“မြန်မာနိုင်ငံမှာ ဇိုးမျိုးနွယ်စုအများကြီးရှိပါတယ်၊ ပါလီမန်အဆင့်ဝင်ရောက်နိုင်တဲ့ အမတ်တောင် ၂၅ ဦး ရှိပါတယ်၊ မြန်မာ နိုင်ငံက ဇိုး(ချင်း)မျိုးနွယ်စုတွေနဲ့ မိမိတို့ မီဇိုးတွေအကြား ဆက်ဆံရေးကလည်း အလွန်ကောင်းမွန်နေပါတယ်၊ အဲဒီအချက် ကိုက နှစ်နိုင်ငံ ဆက်ဆံရေးလမ်းကြောင်းအတွက် အဓိကအချက်ကျတဲ့အရာတစ်ခုဖြစ်ပါတယ် ” ဟု မီဇိုရမ်ဝန်ကြီးချုပ်က ပြောဆိုရှင်းပြခဲ့သည်ဟု သိရသည်။

တစ်ချိန်တည်းမှာပဲ တမူးမြို့နယ် ခမ်းပတ်မြို့တွင် တည်ရှိသော သမိုင်းဝင် ညောင်ပင်အို(Bungpui) သည် ဇို(ချင်း) လူမျိူးများအတွက် အရေးကြီးသော သမိုင်းမှတ်တိုင်တစ်ခုဖြစ်နေပြီး ကာကွယ်ထိန်းသိမ်းပေးရန်လည်း တောင်းဆိုခဲ့သည်ဟု သိရသည်။

“ဒီ Bungpui ဟာ မီဇိုးသမိုင်းမှာ အဓိကအချက်ကျတဲ့အရာတစ်ခုဖြစ်တယ်။ နှစ်ပေါင်း ၁၇၀၀ လောက်က မီဇိုဘိုးဘွားတွေက မီဇိုးလူမျိုးများ ပေါင်းစည်းနေနိုင်ဖို့အတွက် ရည်ရွယ်ပြီး စိုက်ထားခဲ့ခြင်းဖြစ်တယ်။ ဒါပေမယ့် ပြီးခဲ့သည့်နှစ် က လေပြင်း တိုက်ခတ်မှုကြောင့် အကိုင်းများကျိုးပဲ့ပြီး ပျက်ဆီးနိုင်တဲ့ အခြေအနေမှာရှိနေတာကြောင့် မိမိတို့မျိူးနွယ်စုတွေ ရဲ့ ပေါင်း စည်းရေးအမှတ်အသားကို ကောင်းမွန်စွာ ပြုပြင်ထိန်းသိမ်းပေးသွားဖို့ မြန်မာနိုင်ငံ အစိုးရနဲ့  ညှိနှိုင်းတိုင်ပင်ပြီး လုပ်ဆောင်ပေးဖို့ ” မီဇိုရမ်ဝန်ကြီးချူပ်ကတောင်းဆိုခဲ့သည်။

Most read this week

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...