ZCD ပါတီမှ ဦးဆောင်ကျင်းပသော ၂၁ ရာစုပင်လုံညီလာခံအကြိုဆွေးနွေးပွဲကို ချင်းနိုင်ငံရေး ပါတီတစ်ချိူ့ တက်ရောက်ခြင်းမရှိဟုဆို

ZCD ပါတီမှ ဦးဆောင်ကျင်းပသော ၂၁ ရာစုပင်လုံညီလာခံအကြိုဆွေးနွေးပွဲကို ချင်းနိုင်ငံရေး ပါတီတစ်ချိူ့ တက်ရောက်ခြင်းမရှိဟုဆို
by -
ခိုနူမ်းထုန်
ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်(ZCD) ပါတီမှ ဦးဆောင်ကျင်းပသော ချင်းပြည်နယ်လုံးဆိုင်ရာ ဒုတိယ(၂၁ ရာစု) ပင်လုံ ညီလာခံ အကြိုဆွေးနွေးပွဲတွင် ချင်းနိုင်ငံရေးပါတီတစ်ချိူ့ ပါ၀င်တက်ရောက်ခြင်းမရှိကြကြောင်းသိရသည်။

မကြာခင်ကာလအတွင်း ကျင်းပပြုလုပ်တော့မည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(ခေါ်) ၂၁ ရာစုပင်လုံညီလာခံအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ဇူလိုင်လ ၂၂ ရက်မှ ၂၃ ရက်နေ့အထိ ရန်ကုန်မြို့ Orchid Hotel တွင် ကျင်းပခဲ့သော ၂၁ ရာစုအကြိုဆွေးနွေးပွဲကို ချင်းအမျိူးသားဒီမိုကရက်တစ်(CNDP)ပါတီ၊ ချင်းဒီမိုကရေစီအဖွဲ့ချူပ် (CLD)ပါတီနှင့် အရှိုချင်းအမျိူးသားပါတီတို့ တက်ရောက်ခြင်းမရှိဟု ZCD ကပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး CNDP အတွင်းရေးမှူး ဆလိုင်းကျဲအိုဘိခ်ထောင်ကို ဆက်သွယ်မေးမြန်းကြည့်ရာတွင် သူကယခုလို ပြောဆိုသည်။

“ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံဘဲခေါ်ခေါ် ၂၁ ပင်လုံလို့ဘဲခေါ်ခေါ် လာမယ့်နိုင်ငံရေးဆွေးနွေးပွဲတလျှောက်လုံး အတွက် ကျနော်တို့က ချင်းတစ်မျိူးသားလုံးခြံုငုံတဲ့ Body တစ်ခုကျနော်တို့မှာရှိထားပြီးသားလေ၊ အဲဒါက ၂၀၁၃ ခုနှစ် ကတည်းက ကျနော်တို့လုပ်ထားတဲ့ ဒုတိယအကြိမ်မြောက် ချင်းအမျိူးသားညီလာခံကနေပြီး ပေါ်လာတာလေ၊ အမျိူးသား ရေးဆိုင်ရာ၊ ဖက်ဒရယ်ဆိုင်ရာ ဘုံရပ်တည်ချက်တွေကို အဲဒီလမ်းကြောင်းနဲ့ဘဲစုစည်းဖို့ လုပ်ထားတာကိုး၊ အဲဒါကြောင့် အဲလိုမျိူးတသီးတခြားနဲ့လုပ်စရာတော့မလိုဘူးလို့ကျနော်တို့ယူဆတာပေါ့၊ ဒီလိုမျိူးတစ်စင်ထောင်တဲ့ပုံစံမျိူး နဲ့ လုပ်နေရင် တစ်နေရာမှာစုစည်းမှုတွေမဖြစ်ဘဲနဲ့ အုပ်စု ၂ခု၊ ၃ခု၊ ၄ခု နဲ့ဖြစ်မှာစိုးလို့လေ အဲတော့ ရှိရင်းစွဲကိုပဲ အကျယ်ပြန့် ဆုံးနည်း လမ်းဖြစ်သွားအောင် ချဲ့ပြီးတော့ လုပ်ဖို့ပေါ့ ကျနော်တို့ကအဲလိုပဲသွားနေတယ်ပေါ့လေ’’ ဟု ဆလိုင်းကျဲအိုဘိခ်ထောင် ကပြောသည်။

၂ ရက်တာကျင်းပသော ချင်းပြည်နယ်လုံးဆိုင်ရာ ဒုတိယ(၂၁ ရာစု) ပင်လုံ ညီလာခံ အကြို ဆွေးနွေးပွဲယင်းဆွေးနွေးပွဲတွင် ချင်းနိုင်ငံရေးပါတီ ၈ ခုကိုယ်စားလှယ်များ၊ ချင်းအရပ်ဘက်လူမှုအဖွဲ့အစည်း ၁၅ ခုမှကိုယ်စာလှယ်များ ၊ တသီးပုဂ္ဂလ နှင့် လေ့လာသူများ စုစုပေါင်း လူဦးရေ ၁၀၀ ခန့်တက်ရောက်ခဲ့ကြပြီး ဖက်ဒရယ်အရေး၊ သဘာဝသယံဇာတ ခွဲဝေရေး နှင့် တန်းတူရေးကိစ္စများကိုအဓိကဆွေးနွေးခဲ့ကြသည်ဟုသိရသည်။

၂၁ ရာစုပင်လုံညီလာခံကြီးသည် ပြည်နယ်တစ်ခု လူမျိူးတစ်မျိူး၏ အရေးမဟုတ်ဘဲ ပြည်ထောင်စုတစ်ခုလုံးနှင့် သက်ဆိုင် သည့်အတွက်ကြောင့် ယခုကဲ့သို့ ချင်းပြည်နယ်လုံးဆိုင်ရာအကြိုတွေ့ဆုံဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်ပြီး၊ ယင်းဆွေးနွေးပွဲ မှ ထွက်ရှိလာသော ရလဒ်များကို ၂၁ ရာစုပင်လုံညီလာခံကျင်းပသည့်အချိန်တွင် တင်ပြသွားဖို့ဖြစ်သည်ဟု ZCD အတွင်း ရေးမှူး ပူးဂင်ကမ်းလျန်က ကနဦးအစောပိုင်းတွင်ပြောဆိုခဲ့ဘူးသည်။

February 24, 2026
ချင်းပြည်၊ တွန်းဇံမြို့နယ်တွင် ဒေသခံလူငယ်များနှင့် မြို့နယ်အတွင်းသို့ ရောက်လာသော ပြင်ပမှ အသက် ၁၆...
February 23, 2026
မကွေးတိုင်း၊ ဂန့်ဂေါခရိုင် တပ်ရင်း (၁၃) လှုပ်ရှားနယ်မြေအတွင်းဖြစ်သည့် ဆော - ကျောက်ထု -...
ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...