တောင်ပိုင်းညီလာခံ ပိတ်ပင်ခံရခြင်းသည် ဒီမိုကရေစီဖြစ်စဉ်ကို အနုတ်လက္ခဏာအဖြစ် ချင်းလူငယ်များကွန်ယက် ရှုမြင်

တောင်ပိုင်းညီလာခံ ပိတ်ပင်ခံရခြင်းသည် ဒီမိုကရေစီဖြစ်စဉ်ကို အနုတ်လက္ခဏာအဖြစ် ချင်းလူငယ်များကွန်ယက် ရှုမြင်
by -
ခိုနူမ်းထုန်
ချင်းပြည်နယ်တောင်းပိုင်းညီလာခံနှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရမှ ယခုကဲ့သို့ ပိတ်ပင်နေခြင်းသည် ဒီမိုကရေစီဖြစ်စဉ်ကို အနုတ်လက္ခဏာသဘောဆောင်စေသည့်ဖြစ်စဉ်အဖြစ် ရှုမြင်ကြောင်း ချင်းလူငယ်များကွန်ယက် (Chin Youth Network) မှ သဘောထားကြေညာချက်တစ်စောင် ဇူလိုင် ၁၂ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံတွင် အရပ်သားအစိုးရတက်လာသည့်နောက်ပိုင်း ဒီမိုကရေစီစနစ်ဖော်ဆောင်နေသည့်ကာလတွင် တိုင်းရင်းသား လူမျိုးများ၏ လွတ်လပ်စွာ သဘောထားထုတ်ဖော်ပြောဆိုခွင့်များနှင့်အတူ လွတ်လပ်စွာ စည်းရုံးလှံု့ဆော်ခွင့်များအား ယခုကဲ့သို့ ပိတ်ပင်နေခြင်းသည် ဒီမိုကရေစီ ဖြစ်စဉ်ကို အနုတ်သဘောဆောင်စေ သည်ဟု သဘောထားချက်တစ်စောင်တွင် ယခုလို ရေးသားဖော်ပြခဲ့သည်။

အဆိုပါ သဘောထားထုတ်ပြန်ချက်စာစောင်အရ “မိမိတို့ ချင်းတိုင်းရင်းသားများအကြား အမြင်သဘောထား ကွဲပြားလာမှုများနှင့်အတူ စည်းလုံး ညီညွတ်မှုကို မိမိတို့ချင်းလူငယ်များကွန်ယက်အနေဖြင့် အထူးပင် စိုးရိမ် ပူပန်မိကြောင်း” ဖော်ပြခဲ့သည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ချင်းတိုင်းရင်းသားများအကြား အမြင်မရှင်းမလင်းဖြစ်တည်နေမှုအပေါ် ချင်းပြည်နယ် အစိုး ရနှင့် ပြည်ထောင်စု သမ္မတရုံး တို့မှ ပွင့်လင်းမြင်သာစွာဖြင့် အမြန်ဆုံးတာဝန်ယူ ဖြေရှင်းပေးပါရန် အလေးအနက်ထား တိုက်တွန်းသည်ဟု ဖော်ပြထားသည်။

ချင်းပြည် တောင်ပိုင်းညီလာခံ ကျင်းပခွင့်ပိတ်ပင်လိုက်ခြင်းသည် အာဏာရှင်ဆန်လွန်းရာရောက်သည်ဟု ချင်းတိုးတက်ရေး ပါတီ (CPP) အထွေထွေ အတွင်းရေးမှူး ပူးရှိန်းထွန်း ကလည်း ပြောကြားခဲ့သည်။

၂၀၁၆ ဇူလိုင်လ ၈-၉ ရက်နေ့များတွင် ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့၌ပြုလုပ်မည့် ချင်းပြည်နယ် တောင်ပိုင်း ညီလာခံနှင့် ပတ်သက်ပြီး ချင်းပြည်နယ်အစိုးရနှင့် ပြည်ထောင်စုသမ္မတရုံးတို့မှ ညီလာခံ မကျင်းပမီ (၁) ရက်အလိုတွင် ခွင့်ပြုချက် မပေးခြင်းကြောင့် ပြည်သူ့ညီလာခံ အထမမြောက်နိုင်ခဲ့ခြင်းဖြစ်သည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...