၂၁ ရာစုပင်လုံညီလာခံအရေး ချင်းပြည်သူများ ညှိနှိုင်းပွဲကို ZCD ပါတီမှ ကြီးမူး ကျင်းပမည်

၂၁ ရာစုပင်လုံညီလာခံအရေး ချင်းပြည်သူများ ညှိနှိုင်းပွဲကို ZCD ပါတီမှ ကြီးမူး ကျင်းပမည်
by -
ခိုနူမ်းထုန်
၂၁ ရာစုပင်လုံညီလာခံ ကျင်းပမည့်ကိစ္စနှင့် ပတ်သက်ပြီး ဇိုမီးဒီမိုကရေစီအဖွဲ့ချူပ် ZCD ပါတီမှ ကြီးမူးကျင်းပမည့် ချင်းပြည်သူများနှင့် ဆွေးနွေးတိုင်ပင် ညှိနှိုင်းပွဲကြီးကို ဇူလိုင် ၂၂ ရက်မှ ၂၃ ရက်အထိ Orchid ဟိုတယ် ရန်ကုန်မြို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

State wide Consultation, Chin State – In Preparation for the 2nd (the 21st Century) Panglong Conference ခေါင်းစဉ်ဖြင့် ကျင်းပမည့် အဆိုပါ ညှိနှိုင်းပွဲကြီးတွင် အဓိကအားဖြင့် Federalism and Resource sharing နှင့် Security and Ethnic equality အကြောင်းအရာ ကိစ္စများကို ဆွေးနွေးတိုင်ပင်ညှိနှိုင်းကြမည်ဖြစ်ကြောင်း အွန်လိုင်းမီဒီယာ Innpi Page စာမျက်နှာတွင် ဖော်ပြသည်။

အဆိုပါ အခမ်းအနားပွဲတွင် ပါဝင်တက်ရောက်မည့်သူများမှာ ချင်းပြည်နယ်အခြေစိုက် နိုင်ငံရေးပါတီ ၁၀ ခုမှ ၅ ယောက်စီ၊ CSO ၁၆ ခုမှ ၂ ယောက်စီ၊ ပြည်ပရောက် CSO များမှ တစ်ယောက်စီ ပါဝင်လာနိုင်ရန် စီစဉ်ထားပြီးဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ ၂၇ ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၁ ရာစုပင်လံညီလာခံ တွင် နိုင်ငံရေးပါတီအားလုံးကို ပါ၀င်ခွင့်ပြုတော့မည်မဟုတ်ကြောင်း ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ် အနည်းဆုံးတစ်ဦးရွေးချယ်ခံခဲ့ရသော နိုင်ငံရေးပါတီများကိုသာ ကိုယ်စားလှယ်အဖြစ်တက်ရောက်ခွင့်ပြုမည်ဟုပြောဆိုခဲ့သည်။

၂၀၁၅ ရွေးကောက်ပွဲတွင် ဇိုမီးဒီမိုကရေစီအဖွဲ့ချူပ်ပါတီမှလွဲပြီး ကျန်ချင်းနိုင်ငံရေးပါတီများသည် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးမျှ ရွေးချယ်ခံ ခဲ့ရခြင်းမရှိသည့်အတွက် ၂၁ ရာစုပင်လုံညီလာခံတွင် တက်ရောက်ခွင့်ရှိမည်မဟုတ်၍ ZCD ပါတီက ၎င်းတို့၏ သဘောဆန္ဒများကို တောင်းခံကာ ၂၁ ရာစုပင်လုံညီလာခံကျင်းပသည့်အချိန်တွင် တင်ပြသွားနိုင်ရန် ယခုလို ပြုလုပ်ရခြင်းဖြစ်သည်။

၂၁ ရာစုပင်လုံညီလာခံအရေး ချင်းပြည်သူပြည်သားများ ဆွေးနွေးတိုင်ပင် ညှိနှိုင်းပွဲကြီးကို ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်မှ ကြီးမူးကျင်းပသွားမည် ဖြစ်ပြီး ယခုလို ကျင်းပနိုင်ရန်အတွက် United States Agency for International Development (USAID) မှ ကူညီထောက်ပံ့ခဲ့သည်။

February 24, 2026
ချင်းပြည်၊ တွန်းဇံမြို့နယ်တွင် ဒေသခံလူငယ်များနှင့် မြို့နယ်အတွင်းသို့ ရောက်လာသော ပြင်ပမှ အသက် ၁၆...
February 23, 2026
မကွေးတိုင်း၊ ဂန့်ဂေါခရိုင် တပ်ရင်း (၁၃) လှုပ်ရှားနယ်မြေအတွင်းဖြစ်သည့် ဆော - ကျောက်ထု -...
ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...