ညီလာခံ ကျင်းပခွင့်ပိတ်ပင်ခံရမှုသည် အာဏာရှင်ဆန်သည့်လုပ်ရပ်အဖြစ် ဝေဘန်

ညီလာခံ ကျင်းပခွင့်ပိတ်ပင်ခံရမှုသည် အာဏာရှင်ဆန်သည့်လုပ်ရပ်အဖြစ် ဝေဘန်
by -
ခိုနူမ်းထုန်
ချင်းပြည်နယ် မင်းတပ်မြို့တွင် ဇူလိုင်လ ၈ ရက်မှ ၉ ရက်နေ့အထိ ကျင်းပရန် စီစဉ်ထားသော ချင်းပြည် တောင်ပိုင်းညီလာခံ အစည်းအဝေးကို နိုင်ငံတော်အစိုးရက ကျင်းပခွင့်ပိတ်ပင်လိုက်ခြင်းသည် အာဏာရှင် ဆန်လွန်းရာရောက်သည်ဟု ချင်းတိုးတက်ရေးပါတီ (CPP) အထွေထွေအတွင်းရေးမှူး ပူးရှိန်းထွန်း က ဝေဘန်ပြောကြားလိုက်သည်။

CPPအဆိုပါကိစ္စနှင့်ပတ်သက်ပြီး ပူးရှိန်းထွန်းက “ပြည်နယ်ဝန်ကြီးချူပ် ဦးလျန်လွယ်လက်ထက် ချင်းပြည်နယ် NLD ဦးဆောင်တဲ့ အစိုးရက ပွဲကျင်းပဖို့တောင်မှ ဆုံးဖြတ်ချက်မပေးနိုင်ဘူး ဗဟိုကဘဲ ဆုံးဖြတ်တယ်ဆိုတော့ အာဏာရှင် ဆန်လွန်း ရာရောက်တယ်” ဟု သူ၏ facebook စာမျက်နှာတွင် ဖော်ပြသည်။

ချင်းပြည်နယ်အစိုးရအနေဖြင့် ယခုကဲ့သို့ ပွဲကျင်းပနိုင်ရန် ပွဲမိန့်ရရှိရေးအတွက်ကိုပင် ဆောင်ရွက်မပေးနိုင် သည့်အပေါ် စဉ်းစားစရာဖြစ်လာကြောင်း ဒီမိုကရက် အစိုးရဖြစ်စေချင်သည်ဟု ပူးရှိန်းထွန်းက သူ၏ facebook စာမျက်နှာတွင် ဆက်လက်ရေး သားထားသည်။

တောင်ပိုင်းညီလာခံတွင် ဒုတိယအကြိမ်မြောက် ချင်းအမျိူးသားညီလာခံကို ဘုံသဘောတူညီချက် (၁၅၁) ချက်အပေါ် ပြန်လည်လေ့လာ ဆန်းစစ်ခြင်း၊ ၂၁ ရာစုပင်လုံ (ခေါ်) ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ကိစ္စနှင့် ချင်းပြည်နယ် တောင်ပိုင်းတွင်တည်ရှိသော မြို့နယ် ၄ မြို့နယ်အကြား အမျိူးသားရေး လုပ်ငန်း ပိုင်းဆိုင်ရာတွင် ရေရှည်အလုပ် တွဲလုပ်နိုင်ရေး ဆုံရပ်အဖွဲ့အစည်း တစ်ခုဖြစ်ပေါ်လာရေး တို့ကို အဓိကဆွေးနွေး ရန် စီစဉ်ထားခဲ့ကြသည်။

ချင်းပြည်နယ် မင်းတပ်မြို့ ဦးဝမ္မသူးဟာရှိန်းမိုးလုံလေလုံအားကစားရုံတွင် ၂ ရက်တာ ကျင်းပရန် စီစဉ် ထားသော ချင်းပြည် တောင်ပိုင်း ညီလာခံကို တက်ရောက်ရန် ချင်းပြည်တောင်ပိုင်းဒေသမှ ပလက်ဝ၊ မတူပီ၊ ကန်ပက်လက် နှင့် မင်းတပ်မြို့နယ် တို့မှ ကိုယ်စားလှယ် များနှင့် အထူးဖိတ်ကြားခံရသော ပုဂ္ဂိုလ်များ လည်း ရောက်ရှိလာကြပြီး ညီလာခံကျင်းပရန် အဆင်သင့်ဖြစ် ပြီးသည့်အချိန်တွင် နိုင်ငံတော်သမ္မတရုံးမှ တဆင့် ယခုကဲ့သို့ အနီးကပ် ပိတ်ပင်ခံလိုက်ရခြင်းဖြစ်သည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...