ချင်း လူ့အခွင့်အရေးအဖွဲ့ တိုင်းရင်သားလူမျိူးများရေးရာဝန်ကြီး နိုင်သက်လွင်နှင့်တွေ့ဆုံ

ချင်း လူ့အခွင့်အရေးအဖွဲ့ တိုင်းရင်သားလူမျိူးများရေးရာဝန်ကြီး နိုင်သက်လွင်နှင့်တွေ့ဆုံ
by -
ခိုနူမ်းထုန်
ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) မှ တာဝန်ရှိသူများသည် တိုင်းရင်းသားလူမျိူးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စု ၀န်ကြီး ဦးနိုင်သက်လွင်ကို ဇွန်လ ၃၀ ရက်နေ့ကသွားရောက်တွေ့ဆုံပြီး တိုင်းရင်းသားရေးရာကိစ္စရပ်များကိုဆွေးနွေး ခဲ့ကြသည်ဟု သိရသည်။

CHRO မှ Country Program Director ဇအုပ်လိန်က “ ဒီဝန်ကြီးဌာနက တိုင်းရင်းသားလူမျိူးများရဲ့ အခွင့်အရေးတွေကို ကာကွယ် စောင့်ရှောက်မြှင့်တင်ပေးမယ့်ဝန်ကြီးဌာနဖြစ်နေတော့ ကျနော်တို့တိုင်းရင်းသားတွေအတွက် ဘာလုပ်ငန်းတွေ လုပ်စရာ တွေရှိလဲ ကျနော်တို့နဲ့ ဘယ်လိုလက်တွဲဆောင်ရွက်ကြမလဲဆိုတာ ဆွေးနွေးချင်လို့သွားတွေ့တာဖြစ်တယ်’’ ဟု ပြောသည်။

တိုင်းရင်းသားလူမျိူးများရေးရာဝန်ကြီးဌာနသည် ယခင်က တခါမျှမရှိခဲ့ဘူးသော ၀န်ကြီးဌာနတစ်ခုဖြစ်ပြီး ဒေါ်အောင်ဆန်း စုကြည်ဦးဆောင်သော NLD အစိုးရတက်လာသည့်နောက်ပိုင်း အသစ်တိုးချဲ့ဖွဲ့စည်းလိုက်သည့် ၀န်ကြီးဌာနဖြစ်သည်။

ယခုကဲ့သို့ တိုင်းရင်းသားများအတွက် သီးသန့်ဝန်ကြီးဌာနရှိလာခြင်းသည် မိမိတို့ တိုင်းရင်းသားလူမျိူးများအားလုံးအတွက် အကျိူးရှိလာမည်ဟုယုံကြည်ကြောင်း တိုင်းရင်းသားများ၏ အကျိူးကိုလည်း ပိုမိုဆောင်ရွက်လာနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ဇအုပ်လိန်ကဆက်ပြောသည်။

“ တိုင်းရင်းသားတွေရဲ့အခွင့်အရေးတွေ ကာကွယ်စောင့်ရှောက်မယ့် ၀န်ကြီးဌာနတစ်ခု သီးသန့်ရှိတာကိုက ကျနော်တို့ အတွက် ကြီးမားတဲ့အောင်မြင်မှုတစ်ခုလို့ကျနော်ယူဆတယ်’’ ဟု ဇအုပ်လိန်ကပြောသည်။

CHRO မှ Country Director ဇအုပ်လိန်းနှင့် Program Coordinator မိုင်သင်းယုမွန်တို့သည် ဦးနိုင်သက်လွင်နှင့် တွေ့ ဆုံပြီးနောက် နိုင်ငံတော်ဒုသမ္မတ(၂) ပူးဟင်နရီဗန်ထီးယူလည်းနှင့် အလွတ်သဘောတွေ့ဆုံခဲ့ကြသည်ဟုသိရသည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...