ချင်းတောင်ရှိ သဘာဝမြေပြိုကန် တစ်နှစ်အတွင်းကျိူးပေါက်နိုင်ဟု နီပေါပညာရှင်များဆို

ချင်းတောင်ရှိ သဘာဝမြေပြိုကန် တစ်နှစ်အတွင်းကျိူးပေါက်နိုင်ဟု နီပေါပညာရှင်များဆို
by -
ခိုနူမ်းထုန်
ချင်းပြည်နယ် တွန်းဇံမြို့နယ်အတွင်းရှိ သဘာဝအလျောက်ဖြစ်ခဲ့သော မြေပြိုကန်ကြီးသည် တစ်နှစ် အတွင်း ကျိုးပေါက်နိုင် သည်ဟု နီပေါနိုင်ငံ အခြေစိုက် အပြည်ပြည်ဆိုင်ရာ တောင်တန်းဒေသဘက်စုံ ဖွံ့ဖြိုးရေးဌာန (ICIMOD ) အဖွဲ့ မှ ပညာရှင် များက ပြော ဆိုလိုက် သည်။

(ICIMOD) မှ ပထဝီ သတင်းအချက်အလက်စနစ်နှင့် ပတ်သက်သည့် ပညာရှင်သုံးဦးသည် သစ် တောဦးစီး ဌာနမှ တာဝန် ရှိသူများနှင့် အတူ မေလ ၂၀ ရက်နေ့မှ ၂၇ ရက်နေ့အထိ မြေပြိုဆည်သို့ သွားရောက်လေ့လာ ဆန်းစစ်ခဲ့ကြပြီး မေလ ၃၀ ရက်နေ့က ၎င်းတို့လေ့လာတွေ့ရှိမှုနှင့်ပတ်သက်၍ နေပြည်တော်၌ ဆွေးနွေး တင်ပြရာတွင် ယခုကဲ့သို့ပြော ဆိုလိုက်ကြ ခြင်းဖြစ်သည်။

သဘာဝမြေပြိုဆည်များ၏ ကိုးဆယ်ရာခိုင်နှုန်းသည် သဘာဝအားဖြင့် တစ်နှစ်ခန့်အကြာတွင် အလိုအလျောက် ကျိုးပေါက်လေ့ရှိကြောင်း၊ ဘူမိသွင်ပြင်အရ တမံမှာ ယှေလကျောက်နှင့် သဲကျောက်တို့ဖြင့် ဖွဲ့စည်းထားသဖြင့် အချိန်ကြာလာသည်နှင့် အမျှ ရေစိမ့်ဝင်မှု များပြားလာမည်ဖြစ်ကြောင်း၊ တမံနိမ့်ကျလာသော်လည်း ရေမျက်နှာပြင်သည် မိုးရာသီတွင် မြင့်တက်လာမည် ဖြစ်၍ ဆည်ကျိုးပေါက်ရန် အခြေ အနေ ပိုများလာကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက (မေလ ၃၁ ရက်) ရက်စွဲဖြင့် ထုတ်ပြန်သောကြေညာချက်တွင်ဖော်ပြထားသည်။

ယင်းကဲ့သို့အခြေအနေများကြောင့် သဘာဝမြေပြိုဆည်သည် တစ်နှစ်အတွင်း ကျိုးပေါက်နိုင်ကြောင်း၊ ဆည်ကျိုး ပေါက်ပါက ရေနှင့် ရွှံ့နွံကျောက်တုံးများ တွီလီချောင်းတစ်လျှောက် စီးဆင်းလာနိုင်ပြီး လူနေအိမ်ခြေနှင့် လယ်ယာများကို ပျက်စီး စေနိုင်သည်ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၁၅ ခုနှစ် ဇူလိုင်လအတွင်းက အဆက်မပြတ် ရွာသွန်းခဲ့သည့် မိုးကြောင့် တောင်များပြိုကျကာ ချင်းပြည်နယ် တွန်းဇံမြို့ နယ် ဟန်ကင်းကျေးရွာ အနောက်ဘက် ရ မိုင်ခန့်အကွာတွင် ယင်းမြေပြိုကန်ကြီးသည် သဘာဝအလျောက် ပေါ်ပေါက်ခဲ့ ခြင်းဖြစ်သည်။

ယခုနှစ်အစောပိုင်းကာလကလည်း မြေပြိုကန်နှင့်ပတ်သက်ပြီး ပြည်ထောင်စုအစိုးရ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ တာဝန်ရှိသူများ မှ သွားရောက်လေ့လာခဲ့ကြပြီး ပွင့်လင်းရာသီတွင် အန္တာရာယ်မဖြစ်နိုင်သော်လည်း မိုးများလာပါက မြေပြိုကန်ကျိူးပေါက်ပြီး အနီးပတ်ဝန်းကျင်ကျေး ရွာနှင့် ရာဇဂြိုလ်ဆည် အတွက် အန္တရာယ်ဖြစ်နိုင်သည်ဟု ထုတ်ပြန်ခဲ့ကြပြီးဖြစ်သည်။

ယခုအခါ ယင်းသဘာဝမြေပြိုကန်ကြီးအား ရေသွယ်မြောင်းများပြုလုပ်ကာ ရေအနည်းငယ်စီ ဖြည်းဖြည်းချင်း ဖောက်ချ သွားမည်ဟုသိရသည်။

Most read this week

February 24, 2026
ချင်းပြည်၊ တွန်းဇံမြို့နယ်တွင် ဒေသခံလူငယ်များနှင့် မြို့နယ်အတွင်းသို့ ရောက်လာသော ပြင်ပမှ အသက် ၁၆...
February 23, 2026
မကွေးတိုင်း၊ ဂန့်ဂေါခရိုင် တပ်ရင်း (၁၃) လှုပ်ရှားနယ်မြေအတွင်းဖြစ်သည့် ဆော - ကျောက်ထု -...
ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...