ကုလားတန်ဘက်စုံစီမံကိန်း အမြန်ပြီးစီးရန် အိန္ဒိယဗဟိုအစိုးရကို မီဇိုရမ်ဝန်ကြီးချုပ် တောင်းဆို

ကုလားတန်ဘက်စုံစီမံကိန်း အမြန်ပြီးစီးရန် အိန္ဒိယဗဟိုအစိုးရကို မီဇိုရမ်ဝန်ကြီးချုပ် တောင်းဆို
by -
ခိုနူမ်းထုန်
အိန္ဒိယ-မြန်မာ နှစ်နိုင်ငံအစိုးရတို့မှ အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ကုလားတန်ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်း လုပ်ငန်းများ အမြန်ဆုံး အကောင် ထည်ဖော်ပြီးစီးရန် အိန္ဒိယဗဟိုအစိုးရကို မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်က တောင်းဆို လိုက်သည်။ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ကို ရောက်ရှိနေသော မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် ပူးလာလ်းထန်ဟောလ်လာသည် အိန္ဒိယ ပြည်ထဲ ရေးဝန်ကြီး Rajnath Singh နှင့် မေလ ၂၄ ရက်နေ့က တွေ့ဆုံစဉ် ယခုကဲ့သို့ တောင်းဆိုခဲ့ခြင်းဖြစ်သည်။

မီဇိုရမ်ဝန်ကြီးချုပ်သည် ပြည်ထဲရေးဝန်ကြီးနှင့်တွေ့ဆုံစဉ်တွင် ဧပြီလအတွင်းက မြန်မာနိုင်ငံသို့ သူသွားရောက်လာပတ်ခဲ့သည့် အခြေအနေများ ကိုလည်းတင်ပြခဲပြီး မြန်မာနိုင်ငံနှင့် ကောင်းမွန်သည့်ကုန်သွယ်မှုများဖန်တီးနိုင်ရန် Kaladan Multi Modal Transit Transport Project ခေါ် ကုလာတန်ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းကို စောလျင်စွာ အပြီးသတ်ရန်လို အပ်ကြောင်းပြော ဆိုခဲ့သည်ဟု မီဇိုရမ်နေ့စဉ် ထုတ်သတင်းစာတွင်ဖော်ပြထားသည်။

“ ဒီစီမံကိန်းဟာ မီဇိုရမ်နှင့် မြန်မာနှစ်နိုင်ငံ ကုန်သွယ်ရေးပိုမိုကောင်းမွန်လာမယ့်အပြင် မြန်မာနိုင်ငံက ပေါကြွယ်ဝလှတဲ့ သယံဇာတတွေကို အိန္ဒိယနိုင်ငံကလည်း အကျိုးခံစားလာနိုင်မှာဖြစ်လို့ အမြန်ဆုံး အပြီးသတ်ရန် လိုအပ်ပါတယ် ” ဟု ဝန်ကြီးချုပ် က ပြောဆိုခဲ့ သည်။

အိန္ဒိယပြည်ထဲရေးဝန်ကြီးကလည်း မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်မှ တောင်းဆိုသည့်ကိစ္စသည် အမှန်တကယ် အရေးကြီးကြောင်း ပြောဆိုခဲ့ပြီး စီမံကိန်းလုပ်ငန်းများ စောလျင်စွာ ပြီးမြောက်နိုင်ရေးအတွက် အလေးထား ဆောင်ရွက်သွားမည် ဖြစ်ကြောင်းပြောဆိုခဲ့သည်။

ကုလားတန်ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်းသည် အိန္ဒိယအစိုးရမှ အမေရိကန်ဒေါ်လာသန်း (၂၁၄) အကုန်ကျခံ တည်ဆောက်လျက်ရှိသည့် စီမံကိန်း တစ်ခုဖြစ်ပြီး ချင်းပြည်နယ်၊ ရခိုင်ပြည်နယ် နှင့် မီဇိုရမ်ပြည်နယ်ကို ရေလမ်း၊ ကုန်းလမ်းဖြင့်ဖြတ်သန်းကာ မြန်မာနိုင်ငံနှင့် ကုန်သွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်ဖြစ်သည်။

မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးတို့ နယူးဒေလီတွင် တွေ့ဆုံစဉ် အိန္ဒိယ-မြန်မာ နယ်စပ် လုံခြံုရေးကိစ္စ နှင့်  ကုန် သွယ်နိုင်ရေး ကိစ္စများကို အဓိကဆွေးနွေးခဲ့ကြသည်ဟုသိရသည်။

Most read this week

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...