ဒုတိယ အကြိမ်မြောက် ဖလမ်းလူငယ်ညီလာခံ ကျင်းပ

ဒုတိယ အကြိမ်မြောက် ဖလမ်းလူငယ်ညီလာခံ ကျင်းပ
by -
ခိုနူမ်းထုန်
ဒုတိယအကြိမ်မြောက် ဖလမ်းလူငယ်ညီလာခံ (Falam Youth Conference) ကို စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် မေလ ၂ ရက်နေ့က စတင်ပြီး ကျင်းပလျက်ရှိသည်။

ကလေးမြို့ တာဟန်းရပ်ကွက် BCDC ခန်းမ၌ မေလ ၂ ရက်နေ့မှ ၅ ရက်နေ့အထိ ၄ ရက်ကြာကျင်းပလျက်ရှိသော အဆိုပါ ညီလာခံကို အနယ်နယ်အရပ်ရပ်တွင်ပြန့်နှံ့ရောက်ရှိနေကြသော ဖလမ်းလူငယ်များ စည်းလုံးညီညွတ်မှုပိုမိုရှိလာစေရေး နှင့် အချင်းချင်းအကြားကောင်းမွန်သော ကွန်ယက်ချိတ်ဆက်မှုရှိလာစေရေးအတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်ဟု ကျင်း ပရေးကော်မတီ ဥက္ကဋ္ဌ ၁ ကို Jesses ကပြောသည်။

“ ကျနော်တို့က မြေပြန့်၊ တောင်ပေါ် ပြည်တွင်း ပြည်ပမှာ ကျနော်တို့လူငယ်တွေက နယ်စုံပြန့်နေတော့ ကျနော်တို့က အဆက် အသွယ်အချိတ်အဆက်မရှိကြဘူး၊ တစ်ယောက်နဲ့တစ်ယောက် ခင်မင်ရင်းနှီးမှုမရှိကြတော့ တစုတစည်းတည်း မရှိနိုင်ဘူး၊ အမျိူးသားရေးတစ်ခုခုပေါ်လာရင်တောင်မှ ကမကထလုပ်ဖို့ ကျစ်ကျစ်လစ်လစ်မရှိကြဘူး အချိတ်ဆက်တွေ ပျက်နေတယ်၊ အဲဒီဥစ္စာအတွက် ပထမဆုံးလိုအပ်တဲ့ ခင်မင်ရင်းနှီးမှု၊ တစ်ယောက်နဲ့တစ်ယောက် အချိတ်အဆက်ရှိဖို့ အဲဒီဟာလေးကိုလိုချင်တာပါ” ဟု ကို Jesses ကပြောသည်။

ဖလမ်းလူငယ် ၁၀၀ ကျော်တက်ရောက်သော ယင်း ညီလာခံတွင် လူ့အခွင့်အရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ပြည် သူ့နိတိ(civic education)၊ စီမံခန့်ခွဲရေး နှင့် ပေါ်လစီ၊ ချင်းသမိုင်း စသည့်ခေါင်းစဉ် ၅ ခုကို သက်ဆိုင်ရာကဏ္ဍ အလိုက် တတ်သိပညာရှင်များအား ဖိတ်ခေါ်ကာ အဓိက ဆွေးနွေးကြသည်ဟုသိရသည်။

ဖလမ်းလူငယ်ညီလာခံကို  ၃ နှစ်တစ်ကြိမ်ကျင်းပလေ့ရှိပြီး ပထမအကြိမ် ညီလာခံကို ချင်းပြည်နယ် ဖလမ်းမြို့တွင် ၂၀၁၃ ခုနှစ်ကကျင်းပခဲ့ကြပြီးဖြစ်သည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...