မီဇိုရမ်ပြည်နယ်အတွင်း မြန်မာပြည်က ဝက်များ သယ်ဆောင်ခွင့့် ခေတ္တခဏပိတ်

မီဇိုရမ်ပြည်နယ်အတွင်း မြန်မာပြည်က ဝက်များ သယ်ဆောင်ခွင့့် ခေတ္တခဏပိတ်
by -
ခိုနူမ်းထုန်
ယခု လတ်တလော မီဇိုရမ်ပြည်နယ်အတွင်း ပြန့်နှံ့နေသော ဝက်ရောဂါကြောင့် မြန်မာနိုင်ငံမှ သယ်ဆောင်လာသော ဝက်များ မီဇိုရမ်ပြည်နယ်အတွင်း တင်သွင်းခွင့် ခေတ္တခဏပိတ်ပြင်လိုက် တယ်လို့ သိရပါတယ်။

ချင်းပြည်နယ်နဲ့ နယ်နမိတ်ချင်း ထိ စပ်နေသော မီဇိုရမ်ပြည်နယ် Champhai ခရိုင်အတွင်း ဝက်နာရောဂါမှာ Procine Reproductie & Respiratory Syndrome (PRRS) ရောဂါဖြစ်ကြောင်း AH & Vety Commissioner K.Lal Nghinglova က အတည်ပြု ပြော ဆိုပြီးနောက် Champhai District Magistrate ထံ မြန်မာပြည်မှ သယ်ဆောင်လာသော ဝက်များကို မီဇိုရမ်ပြည်နယ်အတွင်း မတင်သွင်း ရန် ခေတ္တခဏ ပိတ်ပြင်ဖို့ တောင်းဆိုထားခြင်းဖြစ်သည်။

၄င်းဝက်များ၏ သွေး နှင့် အသားကို မီဇိုရမ်ပြည်နယ် မြို့တော်အိုက်ဇောလ်ရှိ ခွဲစိတ်ခန်းတွင် သေသေချာချာ စမ်းသပ်ပြီးမှ PRRS ရောဂါဖြစ်ကြောင်း အတည်ပြုတာဖြစ်သည်။

ယခုလို ပြန့်နှံ့နေသော ဝက်နာရောဂါကြောင့် မီဇိုရမ်ပြည်နယ်အတွင်း ဝက်တော်တော်များများ သေဆုံး သွားပြီးဖြစ်ကြောင်း နှင့် သေဆုံးသည့်ဝက်များကို သေသေချာချာ မြေမြှုပ်ထားရန် ဝက်မွေးမြူရေးလုပ်နေသူများကို အသိပေးထားသည်။  

အဆိုပါ ဝက်နာရောဂါခေါ် PRRS သည် လွန်ခဲ့သော ၂၀၁၃ ခုနှစ်ကလည်း မီဇိုရမ်ပြည်နယ် ခရိုင် (၆) ခုမှာ ပြန်နှံ့ခဲ့ဖူးပြီး ယင်း ဝက်နာရော ဂါကြောင့် ဝက်ကောင်များစွာ သေဆုံးခဲ့ဖူးသည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...