ချင်းတောင်တန်းပေါ်တွင် သဘာဝအလျောက် ပေါ်ပေါက်ခဲ့သော ယင်းသဘာဝ မြေပြိုဆည်ကြီး အခြေအနေအား ကွင်းဆင်း လေ့လာရန် ကလေးမြို့သို့ရောက်ရှိလာသော ပြည်ထောင်စုဝန်ကြီးသည် ဧပြီလ ၁၈ ရက်နေ့က ကလေးမြို့ဆည်မြောင်းရုံးတွင် စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ် ၀န်ကြီးများ၊ ကလေးမြို့နယ်၊ကလေးဝမြို့နယ်၊ တွန်းဇံမြို့နယ်ကိုယ်စားလှယ်များ၊ ဒေသခံ အဖွဲ့အစည်းများနှင့်တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် ဧပြီလ ၁၉ ရက် တွင် မြေပြိုဆည် တည်ရှိရာနေသို့ သွားရောက် ကွင်းဆင်းလေ့လာ ခဲ့ခြင်းဖြစ်သည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်အမတ် ဒေါ်သန့်ဝေ ကျော်ကသူ့ facebook စာမျက်နှာတွင် “ သဘာဝမြေပြိုကန်နဲ့ပတ်သက်လို့ ဒေသခံပြည်သူများ၏ စိုးရိမ်စိတ်များလျော့ပါးစေရေးအတွက် မည်သို ့ကာကွယ်ကြမည်ဆိုသည်ကို အဓိကဆွေးနွေးကြရာမှာ မြေပြိုကန်အား မိုးမကျမီကာလအတွင်း ဆည်အောက်ဘက်တွင် နုံးဖမ်းဆည် ၃ ခု တည်ဆောက်ခြင်းအား ရေတိုစီမံချက် အဖြစ် ပြုလုပ်သွားကြ မည်ဖြစ်ပြီး၊ ရေရှည်စီမံချက် အဖြစ် ရေလွှဲပြုလုပ်သွားရန်နဲ့ သဘာဝဘေးအန္တရာယ် သတင်းအချက်လက်ရယူနိုင်ရန် ဆက်သွယ်ရေးကွန်ယက်ချိပ်ဆက်မှုများ ၊ ကြိုတင်ကာကွယ်မှု များ ပြုလုပ်ထားပေးရန် တက်ရောက်သူများ က ဆွေးနွေး သဘောတူညီခဲ့ကြသည်’’ ဟု ရေးသားထားသည်။
မြေပြိုဆည်ကြီးသည် တွန်းဇံမြို့နယ် ဟန်ကင်းကျေးရွာအနောက်ဘက် ရ မိုင်ခန့်အကွာ၊ ရာဇဂြိုလ်ဆည်မှ မိုင် ၃၀ ခန့် အကွာတွင်တည်ရှိပြီး မိုးရာသီကာလတွင် ရေများပြီး ကျိူးပေါက်နိုင်သည့်အတွက်ကြောင့် ရာဇဂြိုလ်ဆည် နှင့် အနီးပတ် ၀န်းကျင်ကျေးရွာများအတွက် အန္တာရယ်ရှိနိုင်သည်ဟု ပြီးခဲ့သည့် ဖေဖော်ဝါလကုန်ပိုင်းက ပဏာမထုတ်ပြန်သော ပြည် ထောင်စုအစိုးရ လူမှုထန်ထမ်း၊ ကယ်ဆယ် ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ အစီရင် ခံစာက ထောက်ပြ ခဲ့ဘူးသည်။
အလျား(၁)မိုင်ကျော်၊ အနံပေ(၅၀၀)ခန့် နှင့် ရေအနက် ပေ (၂၅၀) ကျော်ခန့်ရှိသည့် သဘာဝမြေပြိုဆည်ကို မိုးရာသီ ကာလအတွင်း စိုးရိမ်မှုမရှိစေရန်အတွက် အစိုးရသစ်၏ ရက် (၁၀၀) စီမံကိန်းတွင် ထည့်သွင်းဆောင်ရွက် သွားမည်ဟု စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်သန့်ဝေကျော်က ပြောသည်။







