မြန်မာနိုင်ငံရှိ ဇိုးမျိုးနွယ်စုများထံမှ အတုယူသင့်စရာအများကြီးရှိတယ်လို့ မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်ပြော

မြန်မာနိုင်ငံရှိ ဇိုးမျိုးနွယ်စုများထံမှ အတုယူသင့်စရာအများကြီးရှိတယ်လို့ မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်ပြော
by -
ခိုနူမ်းထုန်
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်အနေနဲ့ မြန်မာနိုင်ငံမှာရှိကြတဲ့ ဇိုးမျိုးနွယ်စုများထံ အတုယူသင့်စရာ အများကြီးရှိတယ်လို့ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် Lal Thanhawla က ပြီးခဲ့တဲ့ ဧပြီလ ၁၅ ရက်နေ့က Congress Bhavan တွင် ယခုလို ပြော ဆိုခြင်းဖြစ် သည်။

ပြီးခဲ့တဲ့ ဧပြီလ ၆-၇ ရက်နေ့တွင် ကလေးမြို့နယ် တာဟန်းရပ်ကွက်တွင် ကျင်းပတဲ့ Chapchar Kut ပွဲတွင် မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ Lal Thanhawla က မြန်မာပြည်ရှိ ဇိုးမျိုးနွယ်စုများနေထိုင်သည့် နေရာဒေသအသီးသီးကို သွားရောက်လေ့လာခဲ့ပြီး သူမြင်တွေ့ခဲ့တဲ့အရာကို ယခုလို ပြောဆိုခြင်းဖြစ်သည်။

“မီဇိုရမ်ပြည်ပမှာရှိကြတဲ့ ဇိုးမျိုးနွယ်စုများဟာ ကိုယ့်အားကိုယ်ကိုးပြီး ရပ်တည်တဲ့သူ၊ အချောင်ခိုဖြင့် ငွေကိုရှာတတ်သော သူမျိုး မဟုတ်တဲ့အပေါ် မီဇိုရမ်ပြည်သူတွေအနေနဲ့ အတုယူစရာ၊ သင်ယူစရာ အများကြီးရှိတယ်။ အစိုးရအပေါ် မှီခိုရပ်တည်ရုံ သက်သက် မဟုတ်ပဲ ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်တည်နိုင်အောင် ကြိုးစားသင့်တယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံအပြင် မဏိပူ၊ တီးပူရား နှင့် အနယ်နယ်အရပ်ရပ်မှာရှိကြတဲ့ ဇိုးမျိုးနွယ်စုများဟာ ကိုယ်လုပ်အားကိုယ်စားချင်သောသူတွေဖြစ်တဲ့အချိန်မှာ မီဇိုရမ်ပြည်နယ်မှာ နေထိုင်ကြတဲ့ ဇိုးမျိုးနွယ်စုများကတော့ အစိုးရအပေါ်မှာပဲ မှီခိုနေကြတယ်။ အလွယ်တကူ ငွေရချင်ကြတယ်။ မြန်မာနိုင်ငံမှာ ရှိကြတဲ့ ဇိုးမျိုးနွယ်စုများဟာ အစိုးရအပေါ် မမှီခိုပဲ ကိုယ့်အားကို အားကိုးသောသူတွေဖြစ်တယ်လို့ ဝန်ကြီးချုပ် Lalthanhawla က ဆက်ပြောပါတယ်။

“သူတို့တွေက အစိုးရအပေါ် မမှီခိုပဲ နေထိုင်ကြတယ်။ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ဖို့ ရုန်းကန်ကြတယ်၊ ဒါက လိုအပ်လို့လည်း လုပ်ကြတာဖြစ်နိုင်တယ်။ ဒါပေမယ့် ကျနော်တို့ကတော့ လိုအပ်ရင်လည်း မလုပ်ချင်ကြတဲ့အတိုင်းဖြစ်နေတယ်။ ကျနော်တို့ မီဇိုရမ်ပြည်နယ်မှာ နေထိုင်ကြတဲ့ သူတွေကပဲ အစိုးရက လုပ်ပေးတဲ့အရာကို စောင့်နေတယ်။”

မြန်မာနိုင်ငံမှာ ရှိကြတဲ့ ဇိုးမျိုးနွယ်စုများမှာ မိမိဒေသအတွက် လိုအပ်တဲ့အရာများဟာလည်း အစိုးရက လုပ်ပေးတာထက် ကိုယ့်ဟာကိုယ် ကြိုးစားပြီး ရလာကြတာ များပါတယ်။ ကျနော်တို့တွေကတော့ ဘာတောင်းရမလဲ၊ ဘယ် လိုတောင်းရမလဲ ဆိုတာလောက်ပဲ သိတယ်၊ အဲဒါကို ပညာရှိလို့ ထင်ထားကြတယ်လို့ ဆက်ပြောပါတယ်။

ဆက်လက်ပြီး မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်က တမူးခရိုင် ခမ်းပတ် မှာရှိတဲ့ ဇိုးမျိုးနွယ်စုများ အထွဏ်အမြတ်ထားရှိတဲ့ Bungpui ထိန်းသိမ်း ရှင်သန်ရေးအတွက် မီဇိုရမ်အစိုးရ အနေနဲ့ လုပ်ဆောင်သွားဖို့ အစီးအစဉ်ရှိကြောင်း နှင့် တာဟန်းရပ်ကွက်ရှိ Chapchar Kut ပွဲတော် ကျင်းပတဲ့ နေရာ ဘော်လုံးကွင်းကိုလည်း ပြုပြင် မွန်းမန်ဖို့အတွက် ငွေရေးကြေးစိုက်ထုတ်ပေးမယ်လို့လည်း  ပြောတယ်လို့ Vanlaini သတင်းစာတွင် ဖော်ပြသည်။

Most read this week

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...