NLD အစိုးရသစ်ကို မီဇိုရမ်ရောက် ချင်းလူမျိုးများ ကြိုဆိုဂုဏ်ပြုပွဲ အခမ်းအနားကျင်းပ

NLD အစိုးရသစ်ကို မီဇိုရမ်ရောက် ချင်းလူမျိုးများ ကြိုဆိုဂုဏ်ပြုပွဲ အခမ်းအနားကျင်းပ
by -
ခိုနူမ်းထုန်
အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းဒေသ မီဇိုရမ်ပြည်နယ်တွင် နေထိုင်ကြသော ချင်းလူမျိုးများက သမ္မတ ဦးထင်ကျော် ဦးဆောင်သော NLD အစိုးရသစ်ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် အခမ်းအနားတစ်ရပ်ကို အိုင်ဇောလ်မြို့ Sihhmui ရပ်ကွက်တွင် ဧပြီလ ၉ ရက်နေ့က ကျင်းပခဲ့ကြသည်။

Sihhmui ရပ်ကွက်တွင် နေထိုင်သူ ချင်းအမျိုးသား ဦးမောင်ထွေး (Pu Lalthaa) က “ကျနော်တို့ နှစ်ပေါင်းများစွာ မျှော်လင့်တောင်းတနေတဲ့ အစိုးရ NLD တက်လာတဲ့အတွက် အရမ်းကို ဂုဏ်ယူဝမ်းမြောက်လို ယခုလို ပြုလုပ်တာပါ” ဟု ပြော သည်။

အဆိုပါ အခမ်းအနားကို Sihhmui ရပ်ကွက်ရှိ Pu Lalthlengliana ၏ နေအိမ်တွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ချင်းအမျိုးသားတပ်ဦးမှ Foreign Secretary Pu Paul Sitha ကို ဧည့်သည်တော်ကြီးအဖြစ် ဖိတ်ကြားခဲ့သည်။

ပြောင်းလဲချိန်တန်ပြီဆိုသည့် ကြွေးကြော်သံဖြင့် တက်လာသော NLD အစိုးရသစ် ပေါ်ပေါက်လာသည့်အနောက်ပိုင်းကစပြီး ပြည်တွင်းမှာသာမက ပြည်ပမှာလည်း မြန်မာနိုင်ငံသားများအနေဖြင့် အပြောင်းအလဲကို စတင်ခံစားနေရပြီဟု Pu Paul Sitha ကပြောသည်။

“ကျနော်တို့ နိုင်ငံပြောင်းလဲလာတဲ့အခါ ဒေသခံမီဇိုးပြည်သူတွေကလည်း ကျနော်တို့ကို မြင်တဲ့အမြင်က အရင်ကထက် အခုဆိုရင် အရမ်းကို ပြောင်းလဲသွားတယ်၊ အဲလိုဘဲ Sihhmui ရပ်ကွက်မှာရှိတဲ့ ချင်းလူမျိုးတွေကို ကြည့်တဲ့ အကြည့်၊ မြင်တဲ့ အမြင်တွေ အများကြီးပြောင်းလဲသွားမယ်လို့ ယုံကြည်ပါတယ်၊ အခုလည်း အများကြီးပြောင်းလဲနေပြီးဆိုတာ တွေ့မြင်ရပါတယ်” ဟု အဆိုပါအခမ်းအနားတွင်ပြောဆိုသွားသည်။

သမ္မတ ဦးထင်ကျော်ဦးဆောင်သော NLD အစိုးရသစ်သည် မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၅၀ ကျော်ကြာမှ ပေါ်ပေါက်လာ သောအရပ်သား အစိုးရဖြစ်ပြီး မြန်မာနိုင်ငံတဝန်းရှိ ပြည်သူများကလည်း ကြိုဆိုဂုဏ်ပြုပွဲအခမ်းအနားကို ကျင်းပခဲ့ကြသည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...