ကလေးမြို့ ချင်းလူထု နှင့် CNF တွေ့ဆုံ

ကလေးမြို့ ချင်းလူထု နှင့် CNF တွေ့ဆုံ
by -
ခိုနူမ်းထုန်
ချင်းအမျိူးသားတပ်ဦး CNF က လက်ရှိပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်နှင့်ပတ်သက်ပြီး လူထုတွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ကို စစ်ကိုင်တိုင်းဒေသကြီး ကလေးမြို့နယ် တာဟန်းရပ်ကွက် Methodist ဘုရားကျောင်းတွင် ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ပြုလုပ်ခဲ့သည်။

ယင်းတွေ့ဆုံဆွေးနွေးပွဲတွင် CNF မှ အဓိပတိကောင်စီဝင်လည်းဖြစ် (ဗဟိုတရားသူကြီး ၁) ပူးလားရမ်းလောမ်မာ နှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ပီးသယ်အီးတို့ပါ၀င်ခဲ့ပြီး ချင်းအမျိူးသားတပ်ဦးမှ တစ်နိုင်ငံလုံးပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ်ချုပ်ဆိုခဲ့သည်ကိစ္စ၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကိစ္စ နှင့် လက်ရှိပြည်တွင်းငြိမ်းချမ်းရေး အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။

“ ဒီငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး လူထုတွေအနေနဲ့ သိပိုင်ခွင့်ရှိတယ်၊ သိရှိဖို့လည်း သူတို့မှာအခွင့်အရေးရှိတယ်၊ ဒါကြောင့် CNF အနေနဲ့လာရောက်ရှင်းလင်းတာဖြစ်တယ်’’ ဟု ပူး လောမ်မာကပြောသည်။

ချင်းအမျိူးသားတပ်ဦး CNF သည် အခြားသော တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့နဲ့အတူ ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့က တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်(Nationwide Ceasefire Agreement) ကို လက်မှတ် ရေးထိုးခဲ့သည့်အဖွဲ့ဖြစ်သည်။

လူထုတွေ့ဆုံပွဲ(Public Consultation) ကို NCA လက်မှတ်ရေးထိုးပြီးပြီးချင်းတွင် ပြုလုပ်ရန်စီစဉ်ထားသော်လည်း ရွေးကောက်ပွဲနှင့်နီးကပ်နေသည့်အတွက် သမ္မတမှ ရွေးကောက်ပွဲအပြီးတွင် ပြုလုပ်ရန် အကြောင်းကြားလာသည့်အတွက် ယခုမှ ပြုလုပ်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ပူးလောမ်မာကပြောသည်။

ယခုလ ၁၇ ရက်နေ့ကလည်း ကလေးမြို့တက္ကသိုလ်တွင်တက်ရောက်နေကြသော ချင်းကျောင်းသူကျောင်းသားများ နှင့် တွေ့ဆုံဆွေးနွေး ခဲ့ကြသည်ဟုသိရပြီး တက်ရောက်သူ ၁၃၀ ခန့်ရှိသည်ဟုသိရသည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...