အိန္ဒိယ-မြန်မာနယ်စပ်တွင် ရှုပီး သိန်း ၁၅၀ ကျော်တန်ဖိုးရှိ ရွှေပြား ၃၅ ခုဖမ်းမိ

အိန္ဒိယ-မြန်မာနယ်စပ်တွင် ရှုပီး သိန်း ၁၅၀ ကျော်တန်ဖိုးရှိ ရွှေပြား ၃၅ ခုဖမ်းမိ
by -
ခိုနူမ်းထုန်
အိန္ဒိယနိုင်ငံဘက်သို့ ရောင်းချရန် မြန်မာနို်င်ငံမှ တရားမဝင်သယ်ဆောင်လာသော (Gold Biscuits) ခေါ် ရွှေပြား ၃၅ ခုကို ချင်းပြည်နယ် နှင့် နယ်နိမိတ်ချင်းထိစပ်နေသော မီဇိုရမ်ပြည်နယ်နယ်စပ်မြို့ ကျန်ဖိုင်းတွင် ဒေသခံအာဏာပိုင်များမှ ဖေဖော်ဝါရီလ ၁ ရက်နေ့က ဖမ်းမိခဲ့သည်။

WP 20160203 001 300x170အလေးချိန် ၆ ကီလိုဂရမ်နီးပါးရှိ ကာလတန်ကြေး ရူပီ သိန်း ၁၅၀ ကျော်ခန့်ရှိသော အဆိုပါရွှေပြားကို မန္တလေးမြို့မှတဆင့် အမှတ်(၂)နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းအတိုင်းသယ်ဆောင်လာစဉ် ကျန်ဖိုင်းမြို့မဝင်ခင် Mualkawi ကျေးရွာတွင် မီဇိုရမ် လဝက အဖွဲ့ နှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့တို့မှ ပူးပေါင်းပြီး ဖမ်မိခဲ့ကြခြင်းဖြစ်သည်။

အဆိုပါရွှေပြားကို သယ်ဆောင်လာသူမှာ ကလေးမြို့နယ် တောင်ဇလပ်ရပ်ကွက်နေ ဦးဒါလ်ခန့်ခမ် ဟုသိရသည်။ ယင်း ရွှေပြားများကို ခန္တာကိုယ်တွင် ကျစ်ကျစ်လစ်လစ်ရစ်ပတ်ကာ အပေါ်ပိုင်းတွင်အနွေးထည်ထူထူဝတ်ဆင်ပြီးသယ်ဆောင် လာခြင်းဖြစ်သည်ဟု မီဇိုရမ်အာဏာပိုင်များကပြောသည်။

မီဇိုရမ်အာဏာပိုင်များက ဦးဒါလ်ခန့်ခမ်ကို ပြည်နယ်၏မြို့တော် အိုက်ဇောလ်သို့ခေါ်ဆောင်ပြီးနောက် Shillong မြို့သို့ ထပ်မှန်ခေါ်ဆောင်သွားပြီး အမှုဖွင့်ဆိုခဲ့သည်ဟု ဒေသထုတ် The Aizawl Post သတင်းစာတွင် ဖော်ပြသည်။

မြန်မာနိုင်ငံမှတဆင့် တရားမဝင်သယ်ဆောင်လာသော လက်နက်၊ မူးယစ်ဆေးဝါးများကို မီဇိုရမ်ပြည်နယ်တွင်မကြာခဏ ဖမ်းဆီးမှုတွေရှိခဲ့သော်လည်း ယခုရွှေပြားဖမ်းဆီးမှုမှာ ဒုတိယအကြမ်ဖြစ်ပြီး ၁၉၉၅ ခုနှစ်က ကျန်ဖိုင်းမြို့မှာပင် တစ်ကြိမ် ဖမ်းဆီးခဲ့ဖူးသည်ဟု သိရသည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...