သဘာဝဘေးဒဏ်ခံခဲ့ရသော မြလင်းကျေးရွာမှ ကလေးငယ် ၃၀ ကျော် ကျောင်းမတက်နိုင်

သဘာဝဘေးဒဏ်ခံခဲ့ရသော မြလင်းကျေးရွာမှ ကလေးငယ် ၃၀ ကျော် ကျောင်းမတက်နိုင်
by -
ခိုနူမ်းထုန်
ပြီးခဲ့သည့် သဘာဝဘေးဒဏ်ကြောင့် တစ်ရွာလုံးပျက်စီးသွားသော ကလေးမြို့နယ်၊ နန်းကျင်းဆောင်အုပ်စု မြလင်းကျေးရွာသည် နိုင်ငံတော်အစိုးရမှချပေးသော မြေကွက်နေရာတွင် ပြောင်းရွှေ့နေထိုင်နေရသော်လည်း ယခုထိ ကျောင်းဆောင် မရှိသေးသည့်အတွက် ကျောင်းမတက်နိုင်သော ကလေးငယ် ၃၀ ကျော် ရှိနေကြောင်းသိရသည်။

Mya lin 300x169“ကလေးတွေက တစ်မိုင်လောက်ဝေးတဲ့ ရှုခင်သာရွာမှာ သွားပြီးကျောင်းတက်နေရတယ်။ မိဘတွေကလည်း အချိန်ပြည့် ကျောင်း အကြိုအပို့ မလုပ်နိုင်တော့ အရမ်းဒုက္ခရောက်တယ်၊ ခုဆိုရင် ကျောင်းမတက်တဲ့ ကျောင်းသူကျောင်းသား ၃၀ ကျော်ရှိ တယ်” ဟု မြလင်းကျေးရွာသစ်ကော်မတီ ဦးဆောင်သူ ဦးကြည်လင်က ပြောသည်။

မြလင်းကျေးရွာသစ်အတွက် မြေနေရာ ဧက ၅၀၀ ခန့်ရာထားပြီး ယခုလက်ရှိတွင် အိမ်ခြေ ၉၂ ခု နှင့် လူဦးရေ ၃၇၄ ရှိပြီး ကျောင်းသူကျောင်းသား ရ၄ ဦးရှိသည်ဟု သိရသည်။ ယခုမြေနေရာတွင် ပြောင်းရွေ့နေထိုင်သည်မှာ လပိုင်းအနည်းငယ်သာ ရှိနေသေးပြီး အများစုမှာ တောင်သူ နှင့် ကျဘမ်းအလုပ်သမားများ ဖြစ်ကြသည်။

“ ကျနော်တို့က ကျောင်းဆောင်ကောင်းကောင်းလေးမမျှော်ရဲပါဘူး၊ ကျောင်းတက်လို့ရမယ့် ကျောင်းဆောင်လောက် ရမယ်ဆိုရင် ကျေနပ်ပါတယ်’’ ဟု ဦးကြည်လင်ကပြောသည်။

မြလင်းကျေးရွာသစ်တွင် အသုံးပြုရန် မေတ္တာဖောင်ဒေးရှင်းမှ ယင်လုံအိမ်သာ ၁၅ လုံး နှင့် ရေတွင်း ၂၅ ခုကို တည်ဆောက်ပေးခဲ့သည်။ ပြီးခဲ့သည့် သဘာဝဘေးဒဏ်ကြောင့် မြလင်းကျေးရွာမှာ တစ်ရွာလုံးနီးပါး ပျက်စီးသွားခြင်းဖြစ်ပြီး ယခုအခါ နှစ်မိုင်ခန့်ဝေးသော နေရာတွင် ပြောင်းရွှေ့နေထိုင်ရခြင်းဖြစ်သည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...