ဒေလီရှိ ချင်းဒုက္ခသည်များ Donbosco ရုံးရှေ့ ဆန္ဒပြ

ဒေလီရှိ ချင်းဒုက္ခသည်များ Donbosco ရုံးရှေ့ ဆန္ဒပြ
by -
ခိုနူမ်းထုန်
အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီရှိ ချင်းဒုက္ခသည် ၅၀ ဦးခန့်က ဒေလီမြို့ရှိ ကမ္ဘာ့ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) ၏ လက်အောက်ခံဖြစ်သော Donbosco ခေါ်  Don Bosco Ashalayam ရုံးရှေ့တွင် ဇန္နဝါရီ ၁၆ ရက်နေ့က ဆန္ဒပြခဲ့ကြသည်။

နယူးဒေလီ Vikaspuri ကျေးရွာတွင် အခြေစိုက်သည့် Donbosco ရုံး၏ ဌာနခွဲဖြစ်သည့် Income Generation Activities (IGA) တွင် အလုပ်လုပ်နေကြသည့် ချင်းဒုက္ခသည်များက ယခုကဲ့သို ့ ဆန္ဒပြခြင်းဖြစ်သည်။

“ဒီ IGA မှာ  မကျန်းမာသူတွေနဲ့ ဒုက္ခိတတွေကို UNHCR မှကူညီတဲ့ သဘောနဲ ့ Donbosco မှာလုပ် ခိုင်းတာ၊ အရင်တုန်းကဆိုရင် နံနက် ၈းဝဝ နာရီကနေ ည ၈းဝဝ နာရီအထိ အလုပ်လုပ် လို ့ရတယ်၊ အဲဒီတုန်းက လုပ်အားခ တစ်နာရီ ၃၀ ရူပီးရတယ်။ ဒါပေမဲ့ အခု ၂၀ ရူပီးသို ့လျော့လိုက်တဲ့ အပြင် အလုပ်ချိန်က နံနက် ၉ နာရီကနေ ညနေ ၅း၃၀ နာရီ ဆိုပြီး လျှော့ချ သတ်မှတ်ပေးတယ်” ဟု IGA တွင် အလုပ်လုပ်သူ Salai Tlaung Za Thang က ပြောသည်။

ယင်းအပြင် နာရီလျှော့သတ်မှတ်လိုက်၍ ၄င်းတို ့လုပ်ကိုင်နေသည့် အဝတ်အထည်ကို လူတစ်ဦးအတွက် တစ်နေ ့ပြီးနိုင်သည့် အထည်အရေအတွက်နှင့် အလုပ်ကိုပြန်လည် သတ်မှတ်ပေးမည် ဖြစ်ကြောင်း၊ အနွေးထည် အင်္ကျီ တစ်ထည်ကို ရူပီး ငွေ ၃၅ လောက်ဖြစ်သတ်မှတ် ပေးလိမ့်မည် ဖြစ်ကြောင်း သိရသည်။

အကယ်၍ အထည်အလိုက် သတ်မှတ်ပေးပါက မသန်စွမ်းသူများနှင့် လုပ်ငန်းမကျွမ်းကျင်သည့် ဒုက္ခသည်များ အခက်ကြုံတော့မည့်အပြင် လုပ်အားခ ပိုနည်းလာမည်ဖြစ်ကြောင်း ဆလိုင်းထန်းကပြောသည်။

“ကျတော်တို ့လိုချင်တာကတော့ UNHCR ကနေ ဘယ် NGOs တွေနဲ့မှ ဆက်သွယ်ပြီး ကျတော်တို ့ ဒုက္ခသည်များအတွက် လုပ်ပေးစေတာမျိုးကို မလိုလားဘူး၊ UNHCR နဲ့ ဒုက္ခသည်တွေ တိုက်ရိုက် ဆက်ဆံမှုကိုဘဲ လိုလားတယ်။ ဒါကြောင့် အခုလို ဆန္ဒပြခြင်းဖြစ်တယ်”ဟု ဆလိုင်းထန်း ကပြော သည်။

Donbosco ရှိ IGA လက်အောက်တွင် ချင်းဒုက္ခသည် ၁၅၀ ခန် ့အလုပ်လုပ်ကိုင်နေကြကြောင်း၊ ယခုအထည်အလိုက် လုပ်အားခသတ်မှတ်ခြင်းသည် အထည်ယက်သူများနှင့် အထည်ချုပ်သူများ သည် တစ်နေ ့လုပ်အားခ ရ၀ ရူပီးငွေသာ ရရှိနိုင်တော့မည်ဖြစ်ပြီး မကျန်းမာသူနှင့် လုပ်ငန်းမကျွမ်း ကျင်သူများမှာမူ ရူပီးငွေ ၃၅ မျှသာ ရရှိနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

IGA ၏ ချင်းဒုက္ခသည်များအပေါ် ဆက်ဆံမှု မမျှတကြောင်း၊ ထောက်ပံ့မှုရရှိသည့်အပေါ် မျှတမှု မရှိကြောင်း စသည့်အချက်များကြောင့် ဆန္ဒပြခြင်းဖြစ်ကြောင်း သိရသည်။

ဒေလီရှိချင်းဒုက္ခသည် တစ်သောင်းကျော်ရှိသည့်အနက် အနည်းအကျဉ်းမျှသာ Donbosco တွင် အလုပ်ရနိုင်ကြသည်။

ထိုနည်းတူ ၂၀၁၀ ခုနှစ်တွင် Young Men’s Christian Association (YMCA) မှ ချင်းဒုက္ခ သည် များအပေါ် ခွဲခြားဆက်ဆံမှုများ ရှိသောကြောင့် ဆက်တိုက်ဆန္ဒပြကြရာ မတ်လတွင် UNHCR က YMCA အနေဖြင့် ဒုက္ခသည်အရေး ဆက်လက်ကိုင်တွယ်မှုကို ရပ်ဆိုင်းကာ Donbosco သို ့ လွှဲပြောင်း ပေးခဲ့ခြင်းဖြစ်သည်

Most read this week

February 24, 2026
ချင်းပြည်၊ တွန်းဇံမြို့နယ်တွင် ဒေသခံလူငယ်များနှင့် မြို့နယ်အတွင်းသို့ ရောက်လာသော ပြင်ပမှ အသက် ၁၆...
February 23, 2026
မကွေးတိုင်း၊ ဂန့်ဂေါခရိုင် တပ်ရင်း (၁၃) လှုပ်ရှားနယ်မြေအတွင်းဖြစ်သည့် ဆော - ကျောက်ထု -...
ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...