ကဏ္ဍ (၅) ခု ဆွေးနွေးရန် အစုအဖွဲ့ အသီးသီးမှ စေလွှတ်သူများ စုဆုံဆွေးနွေး

ကဏ္ဍ (၅) ခု ဆွေးနွေးရန် အစုအဖွဲ့ အသီးသီးမှ စေလွှတ်သူများ စုဆုံဆွေးနွေး
by -
ခိုနူမ်းထုန်
ယမန်နေ့ ညီလာခံဒုတိယနေ့က အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း၊ နိုင်ငံရေးပါတီ၊ တိုင်းရင်းသားနှင့် ပါ၀င်သင့်ပါ၀င်ထိုက်သည့် ကိုယ်စားလှယ် အစုအဖွဲ့ (၇) ဖွဲ့အတွင်း တစ်ဖွဲ့ချင်းစီ သီးသန့် ဆွေးနွေးထားသော ကဏ္ဍ (၅)ခုကို ယနေ့ပြည်ထောင်စုညီလာခံ တတိယနေ့တွင် စုဆုံပြီး ဆွေးနွေးခဲ့ကြသည်။

“မူလောက်ပဲ ဆွေးနွေးခဲ့ကြတာပါ၊ ဆွေးနွေးတဲ့နေရာမှာ အချိန်က စကားပြောနေတော့ ဆွေးနွေး ရတာ အားမရဘူးပေါ့ဗျာ၊ ကျတော်မြင်တာက တပ်မတော် အစုအဖွဲ့တွေရဲ့ ဆွေးနွေးချက်တွေက သမိုင်းမှန်ကို ဖုံးကွယ်ထားသလို ခံစားရတယ် ” ဟု နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ကဏ္ဍတွင် ပါ၀င်ဆွေးနွေးသူ ချင်းအမျိုးသားတပ်ဦး၊ ချင်းအမျိုးသားတပ်မတော် စစ်ဖက်ရေးရာ ကော်မတီ ဥက္ကဋ္ဌ ပူးထောင်ဇာလျန်းက ပြောသည်။

နက်ဖန် စတုတ္တနေ့တွင် ယနေ့ ဆွေးနွေးချက်များကို ပြန်လည်ပြီး ဆွေးနွေးခြင်း၊ အကြံပြုခြင်း၊ ဖြည့်စွက်ခြင်းများ ဆက်လက်ပြုလုပ် သွားကြမည်ဖြစ်သည်။

ယခု ညီလာခံတွင် ဖက်ဒရယ်စနစ်ဆိုင်ရာ၊ ပြန်လည်နေရာချထားရေးနှင့် ပြန်လည် ထူ ထောင်ရေးကိစ္စထဲက ပြည်တွင်း နေရပ်စွန့်ခွာ တိမ်းရှောင်သူများ (IDPs)၊ အခွန်ကောက်ယူခြင်းနှင့်ပြန်လည်ခွဲဝေခြင်း (Tax and Revenue Sharing)၊ နိုင်ငံတော် ကာ ကွယ်ရေးနှင့် လုံခြုံရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်၊ သဘာဝသယံဇာတဆိုင်ရာ စီမံခန့်ခွဲခြင်း နှင့် ခွဲဝေခြင်း စသည့် ကဏ္ဍများတွင် အခြေခံရမည့် မူဝါဒများကို စုစည်းအဆင့်ဖြင့်သာ ထားရှိကြ မည်ဖြစ်သည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...