UPC ဒုတိယနေ့တွင် အစုအဖွဲ့အသီးသီးမှ ကဏ္ဍ (၅) ခု စတင်ဆွေးနွေး

UPC ဒုတိယနေ့တွင် အစုအဖွဲ့အသီးသီးမှ ကဏ္ဍ (၅) ခု စတင်ဆွေးနွေး
by -
ခိုနူမ်းထုန်
ဇန်နဝါရီလ ၁၃ ရက် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံဒုတိယနေ့တွင်  အစုအဖွဲ့အသီးသီးမှ ကဏ္ဍ ၅ ခုတွင် အခြေခံရမည့် မူဝါဒများကို စတင်ဆွေးနွေးနေကြပြီဖြစ်သည်။

ဆွေးနွေးခဲ့ကြသော ကဏ္ဍများမှာ ဖက်ဒရယ်စနစ်၊ ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူ ထောင်ရေးဆိုင်ရာ ပြည်တွင်းနေရပ် စွန့်ခွါ တိမ်းရှောင်သူများ ( IDPs)၊ အခွန်ကောက်ယူခြင်းနှင့် ပြန်လည် ခွဲဝေခြင်း ( Tax and Revenue Sharing)၊   နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေး၊  မြေယာနှင့် သဘာဝပတ်ဝန်းကျင်၊   သဘာဝသယံဇာတဆိုင်ရာ စီမံခန့်ခွဲခြင်းနှင့် ခွဲဝေခြင်း တို့ဖြစ်သည်။

DSC03519ထိုသို့ဆွေးနွေးရာတွင် အစိုးရ၊ လွတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း၊ နိုင်ငံရေးပါတီ၊ တိုင်းရင်းသား နှင့် ပါ၀င်သင့်ပါ၀င်ထိုက်သည့် ကိုယ်စားလှယ် အစုအဖွဲ့ (၇) ဖွဲ့က တစ်ဖွဲ့ချင်းစီအတွင်း  ကဏ္ဍ (၅) ခု ကို အသီးသီး ဆွေးနွေးနေကြခြင်းဖြစ်သည်။

ညီလာခံ တတိယနေ့နှင့် စတုတ္တနေ့များတွင် အဖွဲ့ (၇) ဖွဲ့ အသီးသီးမှ  ကဏ္ဍအလိုက် ဆွေးနွေး ချက်များကို စုစည်းပြီး (၇) ဖွဲ့လုံး ပြန်လည်တွေ့ဆုံကာ ဆက်လက် ဆွေးနွေးကြမည် ဖြစ်သည်ဟု သိရသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို အစိုးရအဖွဲ့ ကိုယ်စားလှယ် (၇၅) ဦး၊ လွှတ်တော်ကိုယ်စားလှယ် (၇၅) ဦး၊ တပ်မတော် ကိုယ်စားလှယ် (၁၅၀) ဦး၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ် (၁၅၀) ဦး၊ တရားဝင် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ် (၁၅၀) ဦး၊ တိုင်းရင်းသားကိုယ်စားလှယ် (၅၀) ဦးနှင့် အခြားပါဝင် သင့်ပါဝင်ထိုက်သူ (၅၀) ဦး၊ စုစုပေါင်း ကိုယ်စားလှယ် (၇၀၀) ဦးဖြင့် ကျင်းပရန် သတ်မှတ်ခဲ့ကြသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်အရ  နိုင်ငံရေးဆွေးနွေးမှု လုပ်ငန်းစဉ်များမှာ

(က) နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ကို ရေးဆွဲသဘော တူညီမှု ရယူခြင်း၊

(ခ) အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ကျင်းပခြင်း၊

(ဂ) ပြည်ထောင်စုသဘောတူစာချုပ် ချုပ်ဆိုခြင်း၊

(ဃ) ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်း၍ အတည်ပြုချက်ရယူခြင်း၊

(င) ပြည်ထောင်စုသဘောတူစာချုပ်ပါ သဘောတူညီချက်များကို အကောင်အထည်ဖော်ခြင်း တို့ဖြစ်သည်

Most read this week

February 24, 2026
ချင်းပြည်၊ တွန်းဇံမြို့နယ်တွင် ဒေသခံလူငယ်များနှင့် မြို့နယ်အတွင်းသို့ ရောက်လာသော ပြင်ပမှ အသက် ၁၆...
February 23, 2026
မကွေးတိုင်း၊ ဂန့်ဂေါခရိုင် တပ်ရင်း (၁၃) လှုပ်ရှားနယ်မြေအတွင်းဖြစ်သည့် ဆော - ကျောက်ထု -...
ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...