ချင်းမီဒီယာကွန်ယက် နှစ်ပါတ်လည်တွေ့ဆုံပွဲ တီးတိန်တွင်ပြုလုပ်မည်

ချင်းမီဒီယာကွန်ယက် နှစ်ပါတ်လည်တွေ့ဆုံပွဲ တီးတိန်တွင်ပြုလုပ်မည်
by -
ခိုနူမ်းထုန်
ချင်းမီဒီယာကွန်ယက်၏ ပဥ္စမအကြိမ်မြောက် နှစ်ပတ်လည် တွေ့ဆုံပွဲကို တီးတိန်မြို့၌ ဇန်နဝါရီ ၂၀ မှ ၂၂ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဟု ချင်းမီဒီယာကွန်ယက် တာဝန်ရှိသူများ ထံမှသိရသည်။

 ကွန်ယက် ဒါရိုက်တာ ဆလိုင်းဟုန်းထွန်းဂေက “ ဒီတစ်ခေါက်တွေ့ဆုံပွဲက ခါတိုင်းလိုမဟုတ်ဘူး၊  ချင်းမီဒီယာကွန်ယက်အတွင်း အဖွဲ့ဝင်ဖြစ်နိုင်မယ့်ချင်းမီဒီယာ အဖွဲ့တွေကို အတည်ပြုမှာဖြစ်တယ်။ အတည်ပြုပြီးတာနဲ့ လုပ်ငန်းတွေကို စတင် အကောင် အထည်ဖော်တော့ မှာဖြစ်တယ်။ ဒါကြောင့်ဒီတစ်ခေါက်က အတော်အရေးကြီးတယ်” ဟုပြောသည်။

ကွန်ယက်အဖွဲ့ဝင်ဖြစ်နိုင်ရေးနှင့် ပတ်သက်ပြီး ကွန်ယက်ဖွဲ့စည်းပုံ၏ စံသတ်မှတ်ချက်များအရ အဖွဲ့ဝင်ဖြစ်လိုသည့် ချင်းမီဒီယာအဖွဲ့သည် မှတ်ပုံတင်ရရှိထားသည့်အဖွဲ့၊ မည်သည့်အဖွဲဲ့အစည်း၏ လွှမ်းမိုးခြင်းမရှိသည့်မီဒီယာ၊ ကိုယ်တိုင် သတင်းများကို ပုံမှန်ထုတ်လုပ်သည့် သတင်းဌာနဖြစ်ရမည် စသည့်စံသတ်မှတ်ချက်များရှိကြောင်း သူကဆက်ပြောသည်။

တီးတိန်မြို့တွင်ကျင်းပမည့် ကွန်ယက်အစည်းအဝေးတွင် အဖွဲ့ဝင်များ အတည်ပြုခြင်းအပြင် ရုံးခွဲထားရှိရေး၊ ကွန်ယက်၏စွမ်းရည်မြှင့် တင်ခြင်းဆိုင်ရာ တာဝန်ခံအား ပြန်လည်ရွေးချယ်ခြင်း၊ အဖွဲ့ဝင်များနှင့်ရှေ့ ဆက်လုပ်ငန်းဆောင်တာများ ချမှတ်ခြင်းအပြင် အဖွဲ့အစည်းဆိုင်ရာစီမံခန့် ခွဲခြင်းသင်တန်းကို လည်း ပြုလုပ်ကြမည်ဖြစ်သည်။

ချင်းမီဒီယာကွန်ယက်သည် ကုလသမဂ္ဂဖွံ့ဖြိုးရေးရေးအစီအစဉ် (UNDP)၏ ထောက်ပံ့ငွေဖြင့် အဖွဲ့ဝင်မီဒီယာများ ရေရှည်တည် တံ့နိုင်ရေးကိုရည်ရွယ်လျက် လိုအပ်သည့် စွမ်းရည်မြှင့်တင်ခြင်းဆိုင်ရာများကို အဓိကဆောင်ရွက်သွားမည်ဖြစ်ပြီး ယခုလက်ရှိ ဟားခါးမြို့တွင် ရုံးဖွင့်လှစ်ထားသည်။

ချင်းဂျာနယ်လစ်အချို့သည် ၂၀၁၂ ခုနှစ်၌ထန်တလန်မြို့နယ်တွင် တွေ့ဆုံခဲ့ကြပြီး ချင်းဂျာနယ်လစ်ကွန်ယက်ကို ဖွဲ့စည်းခဲ့ကာ ဒုတိယအကြိမ်တွေ့ဆုံပွဲကို ဖလမ်းမြို့၊ တတိယတွေ့ဆုံပွဲကို ဟားခါးမြို့၊ စတုတ္ထတွေ့ဆုံပွဲကို မင်းတပ်မြို့များတွင် ကျင်းပခဲ့ပြီး တတိယအကြိမ် ဟားခါးမြို့တွင် ကျင်းပခဲ့သည့် မီဒီယာအဖွဲ့ပေါင်း ၃၀ကျော်တက်ရောက်ခဲ့ သည့် ချင်းဂျာနယ်လစ်ကွန်ယက်တွေ့ ဆုံပွဲမှ ချင်းမီဒီယာကွန်ယက် အမည်သို့ ပြောင်းလဲခဲ့ခြင်းဖြစ်သည်။

Most read this week

February 24, 2026
ချင်းပြည်၊ တွန်းဇံမြို့နယ်တွင် ဒေသခံလူငယ်များနှင့် မြို့နယ်အတွင်းသို့ ရောက်လာသော ပြင်ပမှ အသက် ၁၆...
February 23, 2026
မကွေးတိုင်း၊ ဂန့်ဂေါခရိုင် တပ်ရင်း (၁၃) လှုပ်ရှားနယ်မြေအတွင်းဖြစ်သည့် ဆော - ကျောက်ထု -...
ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...