နှစ်ဖက်န်ိုင်ငံ ချင်းမျိုးနွယ်စု နှစ်ခု လူမှုရေး ပြန်လည်သင့်မြတ်ရေး ကျောက်တိုင်စိုက်

နှစ်ဖက်န်ိုင်ငံ ချင်းမျိုးနွယ်စု နှစ်ခု လူမှုရေး ပြန်လည်သင့်မြတ်ရေး ကျောက်တိုင်စိုက်
by -
ခိုနူမ်းထုန်
ချင်းပြည်နယ် တီးတိန်မြို့နယ်အတွင်း ချင်းအနွယ်ဝင် စုတ်သဲ(SUKTE) အုပ်စု နှင့် တဖက် မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်ခရိုင်ရှိ ချင်းအနွယ်ဝင်များအကြား ဘိုးဘွားခေတ် လူမှုပြဿနာအတွက် ပြန်လည်သင့်မြတ်ရေးကျောက်တိုင် စိုက်ခဲ့ကြကြောင်း သိရသည်။

တီးတိန်မြို့နယ်အတွင်း Laitui ကျေးရွာ နှင့် အနီးတဝိုက် ဒေသခံများ နှင့် တဖက် ကျန်ဖိုင်ခရိုင် Khuangleng ရွာ အပါအဝင် အနီးတဝိုက် ဒေသခံများအကြား ယခင်က ဖြစ်ပွားခဲ့သည့် ပြဿနာ အတွက်  ပြန်လည်ကြေအေး သင့်မြတ်ရေးအတွက် နိုဝင်ဘာ ၂၅ရက်နေ့က Khuang leng ရွာတွင် ပြန်လည်သင့်မြတ်ရေး ကျောက်တိုင်စိုက်ထူပွဲကို ကျင်းပခဲ့ကြခြင်းဖြစ်သည်။

လွန်ခဲ့သည့် ၁၈၇၁ ခုနှစ်က ချင်းအနွယ်ဝင် စုတ်သဲနွယ် စော်ဘွား Pu Zapauva သည် တဖက် Khuangleng ရွာကို တဖက်သတ် တိုက်ခိုက်ပြီး လူနေအိမ်များကို မီးရှို့ဖျက်ဆီးကာ Khuangleng ရွာသူ အမျိုးသမီးများစွာကို သတ်ဖြတ်ခဲ့ကြောင်း၊ ထို့အပြင် Khuangleng စော်ဘွား Lal Thanhranga ၏ မယားနှင့် သားသမီးတွေကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု ပြောကြသည်။

Khuangleng စော်ဘွား နှင့် ဒေသခံယောကျင်္ားများသည် Khuangleng နယ်ကို ကျုးကျော်လာသည့် Tuirial ချောင်း တလျှောက်ရှိ ကုလားလူမျိုးတွေကို မောင်းထုတ်ချေမှုန်းနေချိန်ဖြစ်ပြီး Khuangleng နယ်အတွင်း ရွာသူအမျိုးသမီးများသာ ရှိနေချိန်ကို အခွင့်ကောင်းယူပြီး စုတ်သဲစော်ဘွားက တိုက်ခိုက်လာခြင်းဖြစ်ကြောင်း သိရသည်။

ဘိုးဘွားများ၏ မတရားသော လုပ်ရပ်ကြောင့် Luitui ရွာနှင့် အနီးတဝိုက်  စုတ်သဲအနွယ်ဝင် ကျေးလက်ဒေသခံများသည် ယနေ့အထိ ဒေသအတွင်း လူ့သက်တမ်း မစေ့ သေဆုံးမှုများ၊ အစိမ်းသေဆုံးမှုများ၊ ခေတ်ပညာတတ်လူငယ် ခေါင်းပါးခြင်းစသည့် လူမှုကပ်ဆိုးဘေး များကြုံတွေ့နေရကြောင်း အယူရှိခဲ့ကြောင်း Mizo Special Report face book တွင် ရေးသားထားသည်။

ထို့ကြောင့် ယခုနှစ်၂၀၁၅ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့တွင် စုတ်သဲ ဒေသခံလူကြီးများက Khuangleng ရွာလူကြီးများနှင့် အပြစ်လွှတ်ကြေအေးခွင့် ပြုလုပ်ပေးရေး သွားရောက်ညှိနှိုင်းခဲ့ရာ Khuangleng ရွာလူကြီးများမှ ၎င်းတို့ စိတ်ထဲမှာ ဘာမှ မရှိတော့ကြောင်း နောက်ကြောင်း ပြန်မလှန်ချင်တော့ ကြောင်း တုန့်ပြန်ခဲ့သော်လည်း စုပ်သဲဒေသခံများ၏ တောင်းဆိုချက်ကို မငြင်းသာသဖြင့် ယခုကဲ့သို့ ကျောက်တိုင် စိုက်ပွဲကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

Most read this week

February 24, 2026
ချင်းပြည်၊ တွန်းဇံမြို့နယ်တွင် ဒေသခံလူငယ်များနှင့် မြို့နယ်အတွင်းသို့ ရောက်လာသော ပြင်ပမှ အသက် ၁၆...
February 23, 2026
မကွေးတိုင်း၊ ဂန့်ဂေါခရိုင် တပ်ရင်း (၁၃) လှုပ်ရှားနယ်မြေအတွင်းဖြစ်သည့် ဆော - ကျောက်ထု -...
ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...